*** ရေနွေးနှင့် ရေချိုးပေးခဲ့လျှင် ဦးနှောက်နာ့ဗ်ကြောများ သန်စွမ်းနိုင်ဟု ဆို***
ရေနွေးနှင့် ရေချိုးခြင်းသည် သွေးအတွင်း အဆိပ်ဓာတ်များ ဖြစ်ပေါ်မှုကို လျော့နည်းစေပြီး ဦးနှောက်နာ့ဗ်ကြောများ သန်စွမ်းမှုကို အထောက်အကူပြုစေကြောင်း ကနေဒါနိုင်ငံ ဆေးသိပ္ပံပညာရှင်များက ပြောကြားသည်။ သီတင်းတစ်ပတ်လျှင် နှစ်ကြိမ်ခန့်ရေနွေးနှင့် ရေချိုးပေးခြင်းကို အသက် ၃၀-နှင့် အထက် လူရွယ်လူကြီးများ ပုံမှန်ပြုလုပ်ပေးပါက သွေးနှင့်ပတ်သက်သော ရောဂါများ
(အထူးသဖြင့်)သွေးတိုးရောဂါဖြစ်ပွားမှုလျော့နည်းစေကြောင်း ၄င်းတို့၏ သုတေသနပြုချက်၌ ဖော်ပြထားသည်။ ထို့အတူ ကလေးငယ်များအား သီတင်းတစ်ပတ်လျှင် နှစ်ကြိမ် ရေနွေးနှင့် ရေချိုးပေးခြင်းသည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုစေကြောင်း ထို့အပြင် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုဖြစ်စေကြောင်း သိရသည်။ ထို့ကြောင့် သတ်မှတ်ထားသည့်အတိုင်း ရေနွေးဖြင့် ရေချိုးခြင်းကို ပြုလုပ်ပေးသင့်ကြောင်း ကနေဒါနိုင်ငံ ဆေးသိပ္ပံပညာရှင်များက အကြံပြုထားသည်။ (အင်တာနက်)
+++(Public Health)++

No comments:
Post a Comment