ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, November 5, 2009

ကိုင်လိုက်ရာတွင် အများမြင်သည် သင်သာ ထုံထောင်းတန်ဆောင်လော

>
“ဘယ်လိုလည်းဆရာ။ ကျီးမနိုးပွဲလေး ဘာလေးနွှဲရအောင် ဘာအစီအစဉ်များ ရှိလဲ။”
“ တန်ဆောင်မုန်းမှာ မောင်ပုန်းဖြစ်နေပါလား မန်ယူ။ နှစ်လုံး သုံးလုံးကိုက်တဲ့အပြင် ခုတလော ပွဲစဉ် တွေမှာ တ၀က်ရှုံးလိုက်၊ အပြည့်ရှုံးလိုက်ဖြစ်နေတော့ မင်းဘယ်ခွင်သွားရှာနေတာလဲ” မန်ယူ ခပ်ငိုင်ငိုင်ဖြစ်သွား သည်။ မန်ယူအနေအထားကို အကဲခတ်ကြည့်ရသည်မှာ တစုံတခု ဖိစီးခံနေရသလိုပဲ။ ဟင်းကနဲ သက်ပြင်း တချက်ချ လိုက်သည်။ ဖျော်ပြီးသားလက်ဘက်ရည်ခွက်ကိုပဲ ကုန်း၍ ဇွန်းနှင့် မွှေခေါက်နေပြန်သည်။ အကျီ င်္ အိပ်နှင့် ဂျင်းဘောင်းဘီအိပ်ကပ်များကို ဟိုစမ်းသည်စမ်းလုပ်ပြန်၏။ ဆေးပေါ့လိပ်တိုကို ကောက်ယူ၍ မီးညှိလိုက်ပြန် သည်။ “ဟေ့ကောင် မန်ယူ ဂဏှာမငြိမ်ဖြစ်နေလိုက်တာကွာ၊ မင်းနောက်ကို တောမောလိုက်နေသလိုပဲ။ ဒီအလာ ရဲနှစ်ကောင်နဲ့တွေ့ခဲ့လို့ ပြာယာခတ်နေတာလား။” မန်ယူ၏တိတ်ဆိတ်ငြိမ်သက်သွားပုံမှာ ကုန်တိုက် က အရောင်းထိုင်းပစ္စည်း တည်ထားသလိုမျိုး။ ဟင်းကနဲ သက်ပြင်းချပြန်သည်။ “စိတ်ဆင်းရဲတယ်ကွာ၊ မင်းကြည့် ရတာ”။ ဒီတော့မှ မန်ယူ အသက်ပြန်ဝင်လာ၏။

“တလောက လေထန်ကုန်းက လေလှိုင်းတွေ ထုံထောင်းထဲကို ဖြတ်တိုက်သွားတာကိုစဉ်းစားမိတိုင်း
ကိုယ့်ကိုယ်ကိုယ် နင်နေတာပဲဆရာရယ်”။ အတည်လိုလို မှင်နဲ့  ကြက်သေသေ လှိုက်လှိုက်မောမော ပြောနေသည့် မန်ယူကို ကြည့်၍ မန်ယူတော့ လိုင်းပြောင်းသွားလေသလား၊ တခုခု မှီဝဲထားလို့  ကြောင်လေ ပြီလား ထင်ကောင်းထင်နိုင်ကြပေမည်။ ကျွန်တော်လည်း ဇဝေဇ၀ါ။ ဒေါင်ချာမောင်စိုင်းနှင့် ဘိုးတော်မြင့်သန်း ဆိုင်ထဲဝင်လာ၍ မန်ယူ မျက်နှာလွှဲလိုက်သည်ကို ကြည့်၍ “မင်းကလည်းကွာ၊ ကိုယ့် တရပ်ကွက်ထဲ သားတွေ၊ သူတို့ လည်း သူတို့ ဖာသာသူတို့  လက်ဘက်ရည်လာသောက်တာပဲ၊ မင်းနဲ့ ဘာဆိုင်လို့ လဲ”။ “တိုးတိုးလုပ်စမ်းပါ ဆရာ ရာ၊ တလောက ဒင်းတို့ ဆွဲသောက်ထားတဲ့ တပိုင်းဘိုး မပေးရသေးဘူး၊ လုပ်အုန်းလေကွာ မန်ယူ၊ တပိုင်းလောက်ဆိုရင် မြွေပဲ။ ဆရာတိုက်ချင်ရင်တိုက်လိုက်လေ”။ “ဘုရှစ်”။
“မင်း နင်နေတဲ့ကိစ္စ တလောကလုံး သိသွားအောင် “မြန်မာပြည်သား”မှာ အိပ်ဖွင့်ပေးစာ ရေးလိုက်ပါလား”။
“မလှောင်ပါနဲ့ ဆရာရယ်၊ ဒဲ့ကြီးကို ခံစားနေရတာ”။ “ကဲ ဒဲ့ကြီးမကလို့ တွတ်ပဲဖြစ်ဖြစ် မပြောချင်နေ။ လက်ဘက်ရည်ဘိုးဟေ့”။ “ဟေ့ ဟေ့ မရှင်းသေးဘူးဟေ့။ ဆရာက လုပ်ချလိုက်ပြန်ပြီ။ အဟမ်း”။ ဟိုလေဆရာ၊ အခွံချွန်တွန်းရဲ့  ချစ်ကံအကြောင်းတရား၊ ကိုချပါတီရဲ့ နှပ်ရေးငဲ့ ငွေနဖူးစာတွေ ရင်ကို ဖြတ်တိုက်သွားတော့ ခေါင်မှန်အကုန်သိမ်းသာကြားဖူးခဲ့တာ ခုတော့ မှန်ရာအပုံတောင် အဆစ်ရတာတွေ သိရတော့ တကောင်ကြွက် ကျွန်တော်မန်ယူ မနင်ဘဲရှိမလားဆရာ။ သီတင်းလည်းကျွတ်ပေါင်းများပြီလေ။ ဆရာပြောသလို ရှုံးပွဲဆက်နေတော့ တန်းဆင်းရမယ့်ကိန်း။ ဆရာပါနည်းပြအလုပ်ကပြုတ်နိုင်တယ်”။ “ဟေ့ကောင် ငါ့ဆွဲမထည့်နဲ့  အလွတ်ကြီး”။
“ဟောင်းအားယူ မန်ယူ။ တပိုင်းလုပ်ဟေ့၊ ဂျင်းသုတ်ပါယူခဲ့”။ ကဗျာဆရာ မြေကမ္ဘာ ဆိုင်ထဲဝင်လာပြီး အော်ဟစ်မှာကြားရင်း မန်ယူတို့ ဆရာတပည့်ဝိုင်းထဲဝင်ထိုင်သည်။ “ရှင်းမယ်ဟေ့”။ “ဘယ်လို ဖြစ်တာလဲကွာ။ ငါစာမူခလေး ရလာလို့  အကြင်နာပေးမလို့  မင်းတို့ ဆရာတပည့်က ငါ့မြင်တာနဲ့  သုတ်တော့မယ်ဆိုတော့ မြေကမ္ဘာကွ သေရွာကလာတာမဟုတ်ပါဘူး”။ “ဒီနှစ်လည်း ယမကာစောင့် ကြည့်ရေးအဖွဲ့ ကပေးတဲ့ ရွှေရည်စိမ်ဆုနဲ့  လွဲသွားတယ်နော်ဆရာမြေကမ္ဘာ”။ “အေး မင်းပြောတာ ဒီတခါတော့ ငါလက်ခံတယ်။ တကယ်သောက်သုံးတဲ့ ငါလိုကောင်မျိုးကို မပေးဘဲ ခွက်ပုန်းကစ်တဲ့ ကောင်တွေကို ရွေးရွေးပေးနေတော့ ရွှေရည်စိမ်ပဲ ဖြစ်နေတာပေါ့ကွာ ဟားဟားဟား” “ ကဗျာဆရာကြီး သောက်ပါအုန်း။ နောက်နှစ်ခါတန်ဆောင်မုန်း တောရကျောင်းမှာ အလံဖုန်း”။ မန်ယူစာချိုးရင်း သူ့ ဆရာကို လက်ကုတ်၍ သုတ်သွားသည်ကို တဟားဟားဖြင့် ဟားတိုက်ရယ်မောနေသော ဘိုးတော်မြင့်သန်းနှင့် ဒေါင်ချာမောင်စိုင်းကို ဆရာမြေကမ္ဘာ ဘုကြည့်ကြည့်ပြီး လက်ခလယ် ထောင်ပြလိုက်လေသည်။
x x x x x x x
“ဟာ ကိုကျော်ညွန့်  လွယ်ကထုန်လျှောက်လည်နေတယ်ထင်ပ။ လပြည့်နေ့ က ဆရာ့အိမ်မှာ ဘဲချက်ပြီး ကိုင်ကြသေးတယ်၊ ကာလသား ချက်ကလေးနဲ့  ပုလွေတရာ နဲ့ ဗျာ”။ “ဘာလဲ ပလွေ တရာ”။
“ဟန်ဒရက်ပိုက်ပါ ဟန်ဒရက်ပိုက်ပါ ဟဲဟဲ၊ ဆပ်ကော့လပ်ကော့ ၀ီစကီလေဗျာ။ ဒါပေမယ့် ခိုးကြောင် ခိုးဝှက်ကင်ရတာဗျ။ မြေကမ္ဘာတို့ ၊ သက်မူးတို ၊့ ဂဇော်တူးတို့ သိမှာစိုးလို့ ။ သိုသိုဝှက်ဝှက် ငတတ်ပြား အခမ်းအနားပေါ့။ ဟီးဟီး။ ဟာ ကိုကျော်ညွန့်  နှခေါင်းက ဘာဖြစ်တာလဲ ပဲ့နေပါလား”။ “မန်ယူ မင်းပါးစပ်ပိတ်ထား သောက်ခွက်ကို ဖြတ်ရိုက်မိလိမ့်မယ်”။ “ဆောရီးနော် ကိုကျော်ညွန့် ၊ ကျွန်တော်က ရိုးရိုးသားသား မေးမိတာပါဗျာ”။ “ဘာမှ မဟုတ်ပါဘူးကွာ၊ မီးပုံပျံလွှတ်တင်တာ မီးပွားက နှခေါင်းပေါ် ပြတ်ကျလို့ ”။ “တော်သေးတာပေါ့ ကိုကျော်ညွန့် ရာ လျှာပေါ်ကျရင် ဒုက္ခပဲ၊ ဟို ကိုကျော်ညွန့်  ပြောပြောနေတဲ့ ကိစ္စလေ၊ လျှာကအရေးအကြီးဆုံးပဲဆိုတာလေ။ အတော်ပြဿနာရှိနိုင်တယ်နော်”။
“မန်ယူ မင်းလျှာပဲ့ပါသွားချင်လား”။ မန်ယူ ငြိမ်ကုတ်သွားသည်။ မန်ယူတခုခုကို ပြောချင်နေသည်။ မိတ်ဆွေကြီးကိုကျော်ညွန့် ကိုလည်း ခင်ပေမယ့် ကိုကျော်ညွန့် က စိတ်ကြီးသည်။ သူဒေါသထွက်လာရင် ဆိုင် လေးငါးဆိုင်ပြောင်း၍ ငွေ သုံးလေးထောင် တညထဲ ကုန်အောင်ဖြုံးချင်ဖြုံးတတ်သူ။ မန်ယူအရိပ်အကဲ ကြည့်၍ “အော် ဒါနဲ့  ကိုကျော်ညွန့်  ဆေးခန်း သွားသေးလား”။ “အင်း”။ “ဘယ်ဆေးခန်းလဲဟင်”။ “ချီကာဂို”။ “အော် ဈေးကြီးတာပေါ့နော်”။ “ဒီကိစ္စ ဆရာ မသိစေနဲ့ ”။ “ဘယ်ဆရာ ပြောတာလဲ”။
“မင်းပထွေး ကျော်သက်ထွေး”။

ကျော်သက်ထွေး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)