၁၃-ကြိမ်မြောက် ကမ္ဘာ့ရေအိုင်ကြီးများ ညီလာခံကို တရုတ်ပြည် ဟူပေပြည်နယ်၊ ၀ူဟန်မြို့တွင် နိုဝင်ဘာလ ၂- ရက်နေ့က စတင်ကျင်းပရာ ကမ္ဘာ့နိုင်ငံပေါင်း (၅၀)မှ ကိုယ်စားလှယ် (၁၂၀၀)ခန့် တက်ရောက်ကြောင်း တရုတ် အရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** ကမ္ဘာ့ဈေးကွက်၌ ဒေါ်လာတန်ဖိုး ကျင်ဆင်း…
ကမ္ဘာ့ဈေးကွက်တွင် အမေရိကန်ဒေါ်လာ တန်ဖိုးများ ကျဆင်းလျက်ရှိရာ ဂျပန်ဈေးကွက်၌ နိုဝင်ဘာလ ၂-ရက်နေ့က အမေရိကန်တစ်ဒေါ်လာလျှင် ဂျပန်ယန်း ၉၀-အထိ ကျဆင်းခဲ့ကြောင်း ဂျပန်ငွေကြေးဆိုင်ရာ အရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** အာဖဂန်နစ္စတန်ရောက် နိုင်ငံခြားတပ်ဖွဲ့များသည် မူးယစ်ဆေးဝါးဖြင့် ငွေရှာနေကြသည်ဟုဆို…
(ကဘူး၊ နိုဝင်ဘာလ ၂-ရက်)
အာဖဂန်နစ္စတန်နိုင်ငံ၌ ရောက်ရှိနေကြသော နိုင်ငံခြားတပ်ဖွဲ့များသည် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းဖြင့် ငွေကြေးရှာဖွေနေကြကြောင်း အာဖဂန်နစ္စတန်နိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဝန်ကြီးက နိုဝင်ဘာလ ၁-ရက်နေ့က ပြောကြားသည်။ အမေရိကန်၊ ဗြိတိန်၊ ကနေဒါတို့ ထိန်းချုပ်ထားသော ပြည်နယ်နှစ်ခုတွင် မူးယစ်ဆေးဝါးအများစုကို သိုလှောင်ထားကြောင်း ဗိုလ်ချုပ်ကြီး ခိုဒိုင်ဒက်ခိုဒိုင်ဒက်က ပြောကြားသည်။ ၄င်းတို့ ထိန်းချုပ်ထားသော ဒေသများတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်ခြင်းအတွက် မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့(နေတိုး)တပ်ဖွဲ့များက အခွန်ငွေများ ကောက်ခံလျက်ရှိကြောင်း ဗိုလ်ချုပ်ကြီး ခိုဒိုင်ဒက်က ဆက်လက်ပြောကြားသည်။ အာဖဂန်နစ္စတန်နိုင်ငံသည် ကမ္ဘာ့ဘိန်းဖြူ အများဆုံး ထုတ်လုပ်ဖြန့်ဖြူးရာ နိုင်ငံဖြစ်သည်။ အမေရိကန်ကြီးမှူးသော နိုင်ငံစုံတပ်ဖွဲ့များမှ လွန်ခဲ့သော (၈)နှစ်ခန့်မှ ၀င်ရောက်ခဲ့ချိန်မှစပြီး အာဖဂန်နစ္စန်နိုင်ငံ၏ မူးယစ်ဆေးဝါးထုတ်လုပ်မှုမှာ ထူးခြားစွာ တိုးလာခဲ့၏။ (IRNA-သတင်း)
*** ၁၃-ကြိမ်မြောက် ကမ္ဘာ့ရေအိုင်ကြီးများ ညီလာခံအား တရုတ်ပြည် ၀ူဟန်မြို့တွင် ကျင်းပ…

No comments:
Post a Comment