ချဲလ်ဆီးအသင်းက ပေါင် ၃၃-သန်းပေးပြီး ခေါ်ယူနေသော စပိန်လာလီဂါပြိုင်ပွဲဝင် ဗလင်စီယာ ကလပ်အသင်း နှင့် စပိန်နိုင်ငံ လက်ရွေးစင်တိုက်စစ်မှူးဖြစ်သူ `ဒေးဗစ်ဗီလာ´က အင်္ဂလိပ်ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ ကစားခဲ့ပါက မန်ချက်စတာယူနိုက်တက်ကလပ်အသင်းသို့သာ ပြောင်းရွှေ့ကစားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၂-ရက် နေ့က ထုတ်ဖော်ပြောကြားလိုက်သည်။ (အင်တာနက်)
*** ရှော်ကေး အသင်းမှ ဂိုးသမားနူရာအား မန်ယူက ခေါ်ယူမည်…
ဂျာမနီနိုင်ငံ ဘွန်ဒက်စ်လီဂါပြိုင်ပွဲဝင် ရှော်ကေးကလပ်အသင်းမှ ဂိုးသမားဖြစ်သူ မင်နူရယ်နူရာအား ယခုနှစ်ရာသီကုန်တွင် ဂိုးသမားကြီး ဗန်ဒါဆား မန်ယူက ထွက်ခွာခဲ့ပါက အစားထိုးခေါ်ယူမည်ဖြစ်ကြောင်း မန်ချက်စတာယူနိုက်တက်အသင်းနည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်က နိုဝင်ဘာလ ၂-ရက်နေ့၌ ထုတ်ဖော်ပြောကြားသည်။ (အင်တာနက်)
*** ဘင်နီတက်ဇ်က မိမိအနာဂတ်ကို ဆုံးဖြတ်မည်…
နိုဝင်ဘာလ ၅-ရက်နေ့တွင် ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းသည် ပြင်သစ်နိုင်ငံ ပထမတန်း ချန်ပီယံ`လိုင်ယွန်´ကလပ်အသင်းနှင့် ကစားရမည်ဖြစ်ရာ၊ ရလာဒ်မကောင်းခဲ့ပါက မိမိအနာဂတ်ကို ဆုံးဖြတ်ရတော့မည်ဖြစ်ကြောင်း နည်းပြ ဘင်နီတက်ဇ်က ဖူလ်ဟမ်ကို ၃-ဂိုး ၁-ဂိုး ဖြင့် ရှုံးခဲ့သော ခံစားမှုဖြင့် နိုဝင်ဘာလ ၂-ရက်နေ့က ပြောကြားလိုက်သည်။ (အင်တာနက်)
*** ဒေးဗစ်ဗီလာက မန်ယူသို့ ပြောင်းရွေ့ကစားလိုကြောင်း ဖွင့်ပြောပြီ…

No comments:
Post a Comment