ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, November 15, 2009

မြန်မာအလုပ်သမားများအကြောင်းရိုက်ကူထားသည့်ရုပ်ရှင်၂ ကား ဘန်ကောက်တွင်ပြ

>
နိုဝင်ဘာ၁၅
ယမန်နေ့ညနေပိုင်းက ထိုင်နိုင်ငံဘန်ကောက်မြို့ Saim Paragon ကုန်တိုက်အပေါ်ထပ်
ရုပ်ရှင်ရုံတွင်ထိုင်းနိုင်ငံအတွင်းသို့လာရောက်အလုပ်လုပ်ကိုင်နေကြသည့်မြန်မာအလုပ်သမားများအကြောင်းအရာများကိုရိုက်ကူးထားသည့် ရုပ်ရှင်ကားကိုပြသသည်။ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၅၀ ၀န်ကျင်းခန့် အကွာတွင်ရှိသောရေထွက်စားသောက်ကုန်များအဓိကထုတ်လုပ်ရာ မဟာချိုင်နယ်မြေအတွင်း အလုပ်လုပ်ကိုင် နေကြသော မြန်မာအလုပ်သမားများအခြေအနေများကို အသေးစိတ်တင်ပြထားသည်။ ဇါတ်ကားအမည်မှာ “Colors of Our Hearts” အရောင်စုံကျွန်ုပ်တို့နှလုံးသားများ ဖြစ်သည်။ ဇါတ်ကို ထိုင်းအမျိုးသမီး Pim Th’blay paw ကထုတ်လုပ်ပြီး ဒါရိုက်တာ Supamok Silarak ကရိုက်ကူးပြီး မြန်မာအလုပ်သမားများက သရုပ်ဆောင် ထားကြသည်။

ပြသချိန် ၉၆ မိနစ်ကြာမြင့်သည့် အဆိုပါ ရုပ်ရှင်ကားတွင် မဟာချိုင်နယ်မြေတွင်နေထိုင်သော မွန်မိသားစုမှ မွေး ဖွားထာသည့် ၉နှစ်အရွယ်ခန့်ကျောင်းသားငယ်တစ်ဦး ၏မိဘများအခြေအနေကိုဇါတ်လမ်းအစပျိုးထားသည်။ လူလတ်ပိုင်းအရွယ် မွန်လူငယ် အစိုးရက အလုပ်သမားများ၏ကလေးများကို မွန်စာ၊မြန်မာစာနှင့်ထိုင်းစာများ ကို သင်ကြားပြသပေးခြင်းအပြင် ရောင်းစားခံရသည့်အလုပ်သမားများနှင့် ပြည့်တန်ဆာခန်းများတွင်ရောင်းစားခံ ထားရသည့်မြန်မာအမျိုးသမီးငယ်တို့ကို အင်ဂျီအိုအဖွဲ့များအကူအညီဖြင့် ကယ်တင်ပုံများကိုတင်ပြထားသည်။
ရောင်းစားခံထားရသူများ နေထိုင်ရပုံ၊စားသောက်ရပုံတို့အပြင် ပြည့်တန်ဆာအခန်းတွင်ရောင်းစားခံထားရသည့် မြန်မာအမျိုးသမီးငယ်များအား ပိုင်ရှင်ထိုင်းအမျိုးသမီးမှ ရိုက်နှက်ပုံများကိုပါအသေးစိတ်ရိုက်ကူးပြသထားသည်။
မဟာချိုင်ဒေသတွင် ဆယ်နှစ်အောက် ကလေးငယ်များကိုပင် မရှောင် ဆိုင်ကယ်စီးထိုင်းရဲများက ဖမ်းဆီးငွေ တောင်းခံပုံများ၊အလုပ်လုပ်နေရင်းထိုင်းရဲများလာရောက်ဖမ်းဆီးသဖြင့် နီးစပ်ရာ ဓနိတောထဲသို့ ၀င်ပြေးကြရပုံ များကိုရိုက်ကူးထားသည်။လူမှုရေးအသိစိတ်ဓါတ်ဖြင့် ကူညီဆောင်ရွက်ပေးနေသူ အဓိကဇါတ်ဆောင် အစိုးကို အငှါးလူမိုက်များဖြင့် ရိုက်ခိုင်းသည်ကိုလည်းပြသထားသည်။ ရုပ်ရှင်လာကြည့်သူတစ်ဦးဖြစ်သည့် ကိုဝင်းကို က “မြန်မာအလုပ်သမားများ တွေ ထိုင်းနိုင်ငံအတွင်းကိုဘာကြောင့်လာရသလဲ ဆိုတာကို ပို့ထားတဲ့ဇါတ်ပို့ကွက်က နာဂစ်ဖြစ်ပြီး အကူအညီပေးတဲ့အဖွဲ့တွေ ကားပေါ်ကပစ်ချတဲ့ စားစရာတွေကို ကားလမ်းမပေါ်မှာ လူကြီးလူငယ် မရွေး လိုက်ပြီးတော့အလုအယက်လိုက်ကောက်နေကြတာကိုပြတယ်။ ကျနော်တော်တော်စိတ်မကောင်းဖြစ်ရ ပါတယ်၊ ကိုယ့်တိုင်းပြည်မှာလုပ်ကိုင်စရာမရှိလို့ သူတပါးတိုင်းပြည်မှာလာပြီးအလုပ်လုပ်ကြရတဲ့ ကျနော်တို့အ ခြေ အနေတွေကို နိုင်ငံတကာ ကသိအောင် ဒီလိုရိုက်ပြတာကို ကျေးဇူးလည်းတင်တယ်။ ၀မ်းလည်းနည်းတယ်။ ရှက်လည်းရှက်တယ်ဗျာ” ဟုပြောသည်။

ဇါတ်လမ်းအား၇ိုက်ကူးထုတ်လုပ်သူနှင့်ဒါရိုက်တာတို့က “ထိုင်းနိုင်ငံမှာအပြင်ပန်းအားဖြင့် သာယာနေတယ်တိုး တက်နေတယ် နေချင်စဖွယ်ဖြစ်တယ်လို့ အပြင်ပန်းအားဖြင့်လူတွေ မြင်သိနေပေမယ့် အောက်ခြေမှာ အသက် တွေ ဘ၀တွေ ပေးဆပ်နေရတဲ့ မြန်မာအလုပ်သမားတွေ၊ ထမင်းတစ်နပ်ကို လူသားဆန်ဆန် စားသောက်နေ ထိုင်ခွင့်မရရှိနိုင်တဲ့ အနေအထားတွေကို နိုင်ငံတကာကသိအောင်ဆိုတဲ့ လူသားချင်းစာနာတဲ့စိတ်ဓါတ်နဲ့ ရိုက်ကူးတင်ဆက်ရတာဖြစ်ပါတယ်” ဟု သတင်းထောက်များနှင့် လေ့လာသူများအမေးကိုဖြေဆိုသွားခဲ့ကြ သည်။
ဇါတ်လမ်းပြသပြီးနောက် ထုတ်လုပ်သူနှင့်ဒါရိုက်တာတို့က ရုပ်ရှင်ပြခန်းထဲသို့ဝင်ရောက်လာခဲ့ကြပြီ
လေးဆယ်ဝန်းကျင်ခန့်ရှိသော ရုပ်ရှင်ကြည့်ပရိတ်သတ်များကို မေးလိုရာမေးနိုင်ကြောင်းခွင့်ပြုခဲ့သည်။
ဘန်ကောက်မြို့တွင်နှစ်ဆယ်ချီပြီး အိမ်တွင်းမှုအကူအလုပ်လုပ်ကိုင်နေသူ
ရုပ်ရှင်လာကြည့်သည့် မစုဇင်ဦးက ငိုယိုလျှက် အင်္ဂလိပ်ဘာသာဖြင့် မေးမြန်းပြောကြားရာတွင်“ ခုလို့ကျမ
တို့တွေရဲ့ဘ၀ကိုတင်ပြပေးတာကျေးဇူးတင်ပါတယ်။ ထိုင်းပုလိပ်တွေဖမ်းဆီးတာတွေ၊အိမ်ရှင်တွေမတော်
မတရားပြုကျင့်တာတွေ၊သတ်ဖြတ်တာတွေ တစ်နေ့ကို နာရီ ၂၀ လောက်လုပ်ရပြီ အပြင်ကိုဆက်သွယ်ခွင့်
မရတဲ့ ကျမတို့ ဘ၀တူ မြန်မာအလုပ်သမားတွေ ထိုင်းနိုင်ငံမှာအများကြီးရှိပါတယ်ရှင် ဒီ့ထက်ပြည့်စုံအောင်
တင်ပြပေးကြပါ”ဟုပြောဆိုသွားသည်။
သတ္တမအကြိမ်မြောက် နိုင်ငံတကာရုပ်ရှင်ပြပွဲတော်ကိုဘန်ကောက်မြို့လယ် Saim Paragon ကုန်တိုက်အပေါ်ထပ်တွင်နိုဝင်ဘာလ ၆ ရက်မှစ၍၁၅ ရက်ထအထိ ပြသမည်ဖြစ်သည်။
ပြီးခဲ့သည် နိုဝင်ဘာလ၁၃ ရက်နေ့ညနေပိုင်းကလည်း အဆိုပါရုပ်ရှင်ပြပွဲတော်တွင်သြစတေလျားနိုင်ငံအ
ခြေစိုက် ရွှေမီဒီယာ မှ ကိုဇေါ်ထွန်း ဆိုသူက ပြသချိန် ၂၇ မိနစ်ကြာ The Cross border(2)ဇါတ်ကားကို ကိုယ်တိုင်ရိုက်ကူထုတ်လုပ်ပြီးတင်ဆက်ပြသခဲ့သည်။ ထိုင်းနိုင်ငံအတွင်း လာရောက်အလုပ်လုပ်ကိုင်နေကြသည့်မြန်မာအလုပ်သမားများ
ဘ၀ကို ထိထိမိမိ ရိုက်ကူးတင်ဆက်ထားသည့်The Cross border(1) ဇါတ်လမ်းကို ၂၀၀၂ ခုနှစ်
တွင် အမေရိကန် ၊ဂျပန်နှင့် နိုင်ငံအချို့တို့တွင်အလွတ်သဘောပြသခဲ့ကြောင်း ကိုဇေါ်ထွန်းကပြောသည်။ှ
မြန်မာပညာ၇ှင်းများနှင့် ထိုင်းပညာရှင်းများးကဘန်ကောက်မြို့လယ်တွင်ရှိသော အဆင့်မြင့်ရုပ်ရှင်ရုံတွင်
မြန်မာအလုပ်သမားအကြောင်းအရာများကို ရိုက်ကူးပြသကြသော်လည်း ဘန်ကောက်မြို့ရှိ အလုပ်သမား
များမှာ အဆိုပါရုပ်ရှင်ပြပွဲကို သိရှိသူအထူးနည်းပါးသဖြင့် ပရိတ်သတ်ရောက်သင့်သလောက်မေ၇ာက်ဖြစ်
နေကြောင်း ပွဲလာသူအချို့ကပြောသည်။

***ဦးကျော်သောင်း (BKK)***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)