ရေမြေချင်းထိစပ်နေကြတဲ့ ထိုင်းနဲ့ မြန်မာတို့ဟာ ဗုဒ္ဓဘာသာ နိုင်ငံတွေဖြစ်ကြတဲ့အလျောက် ယခုလို တန် ဆောင်တိုင်ပွဲတော်နဲ့ လွိုင်းကရထုန်း(ခေါ်)မီးဖောင်မျှောပွဲတော် ဘယ်ပုံဘယ်လို ချစ်ကြည်ရင်းနှိးစွာ အတူတကွ ပါဝင်ဆင်နွဲကြသလဲဆိုတာ ကြည့်ကြရအောင်နော်။
ဟုတ်ကဲ့… ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က မီးဖောင်မျှောပွဲတော်နေ့တွေမှာ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အောက်ကအနေအထား၊ မနီးမဝေးလှမ်းမြင်နေရတဲ့ မြ၀တီမြို့က အနေအထား၊ ဘာသာဓလေ့ချင်းဆက်နွယ်နေကြတဲ့ ထိုင်းနဲ့ မြန်မာတို့ရဲ့ ဘာသာရေးဆိုင်ရာ အခင်းအကျင်းတွေကို ဟောဒီလို မြင်ကြရမှာပါခင်ဗျ။ သောင်ရင်းမြစ်ရဲ့ ဒီမှာဘက်ခြမ်းနဲ့ ဟိုမှာဘက်ခြမ်းရဲ့ အနေအထားအချို့ကို ဒီလိုမြင်ရပါတယ်ခင်ဗျ…။ ဆိုလိုတာက ဒီမိုကရေစီလို့ ခေါ်တဲ့ လူထုလွတ်လပ်မှု အခွင့်အလမ်းတစုံတရာ ရှိတဲ့ ဒီဘက်ကမ်းက မီးထိန်ထိန် အခြေအနေနဲ့ အမှောင်ခေတ်ကို ဖြတ်သန်းနေတဲ့ ဟိုဘက်ကမ်းက မီးမှိန်မှိန် အခြေအနေတွေကို ဒီလိုဒီလို ရှုစားရမယ်ခင်ဗျ…။
***သတင်းမှတ်တမ်း- မြန်မာပြည်သား***

No comments:
Post a Comment