တန်ဖိုးမဲ့ ငွေစက္ကူတွေ အပြိုင်အဆိုင် ဖောင်းပွတဲ့ခေတ်မှာ
မှိုတက်ဆဲ အလေးခိုး အကျင့်ပျက်တွေနဲ့
မျိုးဆက်သစ်များ ဘေးထိုး
စနစ်ဟောင်းကို ဆေးဆိုးပြီး
တရေးနိုး အတ္တအား ရွှေချချင်ကြတယ် ။
**ကမ္ဘာနဲ့အတွေးအခေါ်များ
မိုးနဲ့မြေလို ကွာဟ
နိုင်ငံတကာက စိမ်းလန်းငြိမ်းချမ်းရေးနဲ့ အာကာသမှာ သုတေသနလုပ်တယ် ၊
ဖိနှိပ်ဆဲ မြန်မာ့ စစ်အုပ်စုက မြေအောက်လှိုဏ်ခေါင်း တူးကောင်းနေတယ် ။
**လူယဉ်ကျေး ကမ္ဘာမှာ
ရန်သူ ၊မိတ်ဆွေ မခွဲခြားပဲ
အတူတကွ ယှဉ်တွဲနေထိုင်ရေး မူဝါဒတွေချမှတ်
စစ်မီးကို ငြိမ်းသတ်ခဲ့ ကြတယ် ။
**ဘိန်းတွေကို မီးရှို့ပြယုံနဲ့
တိုင်းပြည်က ငြိမ်းချမ်းလာမှာတော့ မဟုတ်ဘူး ၊
မာဖီးယားမှာ ငြိမ်းချမ်းရေး စကား မရှိဘူးဆိုတာ
တိုင်းပြည်ကို သိပ်ချစ်လို့ ပြည်ပြေးကြီးဖြစ်နေသူများ ၊
အတိတ် စိတ်သောကများနဲ့ အိပ်မောကျမရသူတွေ ကောင်းကောင်းသိပေမဲ့
ခါးလည်က ဖြတ်ရိုက်ခံရပါမှ
ကမ္ဘာကြီးက နားလည်စ ပြုလာလိမ့်မယ် ။
**နာကျင်ခြင်း ဝေဒနာတွေက
ရုံးတက် ရုံးဆင်းလို အချိန်မှန်လာနေတယ် ၊
ကြော်ငြာမလိုပဲ ဒုက္ခတွေ ရောင်းအားကောင်းနေဆဲ
မွန်းကြပ်မှုများက စည်သွပ်ဗူးထဲမှ ငါးလို
ဟန်ဆောင်ကောင်းတဲ့ လတ်ဆတ်မှုများက ရေခဲရိုက်ထားတဲ့ အသားလို
ပြာပုံကို ကြည့်ပြီး
တကယ်လောင်မြှိုက်ခဲ့တာ ဟုတ် မဟုတ် ပညာရှိများ အငြင်းပွားနေကြတယ်။
**တိုင်းချစ် ပြည်ချစ် စိတ်ဓာတ်ရှိသူများက
လ မပြည့်ပဲ မွေးဖွားလာမဲ့
ငြိမ်းချမ်းရေး သန္ဓေသားကို
မဟောသဓာဇာတ်ထဲက မိခင်အရင်းလို
ကြင်နာမှုအပြည့်နဲ့ နာကျင်မှာ စိုးရိမ်နေကြတယ် ။
**အောင်ခိုင်မြင့် **
**စစ်ဖန်တီးရှင် စက်ဆုပ်ဖွယ် စစ်ဗိုလ်ချုပ်များနဲ့

No comments:
Post a Comment