**အ၀လွန်သူများ အဆီလျှော့စားကြရန် ဆေးသိပ္ပံပညာ ရှင်များတိုက်တွန်း**
ကစီဓါတ်နည်းပါးသော အစားအစာနှင့် အဆီဓါတ်နည်းသော အစားအစာ နှစ်မျိုးစလုံးက အ၀လွန်သူတဦး ချင်းကို ကိုယ်အလေးချိန်လျှော့ချရာတွင် အထောက်အကူဖြစ်သည်။ သို့သော် အဆီနည်းသည့် အစားအစာက ပိုမိုထိရောက်ရုံမက စိတ်ငြိမ်းချမ်းမှုကိုပင် ပေးစွမ်းနိုင်သည်ဟု ဆို၏။
အ၀လွန်သူများအဖို့ ကိုယ်အလေးချန်လျှောချခြင်းမှာ ယေဘုယျ စိတ်ငြိမ်းချမ်းမှုကို ပေးနိုင်၏။ ကိုယ်အလေးချိန်လျှော့ချခြင်းဖြင့် သွေးဥမွှား၊ အူနံရံ၊ ဦးနှောက်နှင့် အာရုံကြောမကြီးတို့၌ တွေ့ရသော ဓါတုပစ္စည်းများအပေါ် အကျိုးသက်ရောက်ပြီး အ၀လွန်သူတဦးချင်း အနေဖြင့် စိတ္တသုခကို ခံစားကြရမည်။ ထို့ကြောင့် အ၀လွန်သူ ဦးရေများလာသည့် ယခုခေတ်တွင် အဆီ လျှော့စားကြရန် အ၀လွန်သူများအား ဆေးသိပ္ပံပညာရှင်များက အကြံပြုတိုက်တွန်းထားသည်။
(အင်တာနက်)
+++ (Public Health )+++

No comments:
Post a Comment