(စင်္ကာပူ၊ နိုဝင်ဘာလ ၁၄ ရက်)
ချမ်းသာသော နိုင်ငံများတွင် အလုပ်လက်မဲ့နှုန်း မြင့်မားလာဘွယ်ရှိပြီး ကမ္ဘာ့စီးပွားရေးသည် နောက်ထပ်ခက်ခဲ သော နှစ်တနှစ်ကို ထပ်မံရင်ဆိုင်ရဦးမည်ဟု ကမ္ဘာ့ဘဏ် အကြီးအကဲက နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ကြိုတင် ဟောကိန် ထုတ်လိုက်သည်။ စင်္ကာပူနိုင်ငံ၌ကျင်းပသော အာရှ-ပစိဖိတ် ထိပ်သီးညီလာခံ၏ သီးခြားဆွေးနွေးပွဲ အဖြစ် ကျင်းပသည့် စီးပွားရေးလုပ်ငန်း ဖိုရမ်တခုတွင် ပေါ်ပေါက်လာမည့် အခက်အခဲများကိုစာရင်း ပြုစုလျက် ကမ္ဘာ့ဘဏ်အကြီးအကဲ ရောက်ဘတ်ဇိုလစ် က ပြောကြားခဲ့ခြင်းဖြစ်သည်။
လာမည့် လနှစ်သည် ပို၍စိုးရိမ်ဘွယ်ရာကောင်း သောနှစ်တနှစ် ဖြစ်သည်ဟုလည်း ၎င်းက ဖွင့်ဟပြော ဆိုသည်။ အထူးသဖြင့် ဖွံ့ဖြိုးရေးပြီးနိုင်ငံ များတွင်အလုပ်လက်မဲ့ နှုန်းထားများ ဆက်လက်မြင့်မားနေ လျက်ရှိရာ စားသုံးကြွေးမြီးများ၊ အကြွေးဝယ်ကဒ်များနှင့် အပေါင်စာချုပ်ဖြင့် ချေးယူထားသော ချေးငွေများ ပြန်လည်မပေးဆပ်နိုင်ခြင်း စသည်ဆိုးကျိုးများသည် ဘဏ်များအား ဒုတိယ အကြိမ်မြောက် ရိုက်ခတ်မည်ဖြစ်သည်။ ကမ္ဘာ့စီးပွားရေး ကျဆင်းနေခြင်းမှ ဦးမော့လာရန်ဆွဲတင်ရေးမှာ ယခင်ကမ္ဘာ့စီးပွားရေး အကျ ပိုင်းဘက်သို့ ဦးတည်စဉ်ကတည်းက ကယ်တင်ရှင်ဖြစ်ခဲ့သော အမေရိကန်ပြည်ထောင်စု၏ စားသုံးမှုအပေါ် မှီခိုရန်မဖြစ်နိုင်တော့ကြောင်း သူက ထပ်လောင်းပြောဆိုသည်။
(အင်တာနက်)
***ကမ္ဘာ့ဈေးကွက်၌ ရေနံဈေးနှုန်း ကျဆင်း**
ကမ္ဘာ့ဈေးကွက်၌ ရေနံဈေးနှုန်းများ အနည်းငယ်ကျဆင်း လျက်ရှိရာ အမေရိကန်ဈေးကွက် တွင် နိုဝင်ဘာလ ၁၄ ရက်နေ့က ရေနံတစည်လျှင် အမေရိကန်ဒေါ်လာ (၇၆ ဒဿမ ၃၅ ဒေါ်လာ) အထိရှိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)
***ဂျပန်နိုင်ငံရှိ အမေရိကန် စစ်အခြေစိုက်စခန်း၌မီးလောင်မှု ဖြစ်ပွား အရပ်သား ၃ ဦး ဒဏ်ရာ ရရှိ....**
ဂျပန်နိုင်ငံ ကာနာဂါဝါ စီရင်စုတွင်ရှိသော အမေရိကန် စစ်အခြေစိုက်စခန်၌ နိုဝင်ဘာလ ၁၄ ရက်နေ့က မီးလောင်မှုဖြစ်ပွားရာ အရပ်သား ၃ ဦးဒဏ်ရာရရှိခဲ့ပြီး အဆောက်အအုံ အချို့ပျက် စီးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)
***လပေါ်မှာ ရေရှိကြောင်း နာဆာကအတည်ပြု**
အရံဂြိုလ်လ၏ မျက်နှာပြင်ပေါ်တွင် "ရေ" တွေ့ရှိရကြောင်း အမေရိကန် အာကာသ သိပ္ပံ အေဂျင်စီ (နာဆာ) ၏ သိပ္ပံပညာရှင်များက လက်ခံအတည်ပြုလိုက်ပြီ ဖြစ်ကြောင်း နိုဝင်ဘာလ ၁၄ ရက်နေ့က သတင်းထုတ်ပြန်သည်။ (အင်တာနက်)
**စုစည်ဘာသာပြန်- မောင်ချစ်ကြည်**
***ချမ်းသာသော နိုင်ငံများတွင် အလုပ်လက်မဲ့နှုန်း မြင့်မားနေဦးမည်ဟု ကမ္ဘာ့ဘဏ်ကပြော**

No comments:
Post a Comment