**ချဲလ်ဆီးအသင်းမှ အားထားရသော က်ွင်းင်းလယ်လူ ဖရန်.လမ်းပတ် သည် ပေါင်ကြွက်သား ဒဏ်ရာကြောင့် သုံးပတ်ခန့် နားရမည်ဟုသိရသည်။
** ၂၀၁၀ ကမ္ဘာ့ဖလား၊ အာရှဇုန်နှင.် သမုဒ္ဒရာဇုန်မှ နယူးဇီလန်နှင့်ဘာ ရိန်းတို့ ခြေစစ်ပွဲပြန် ကန်၊ ဒုတိယ အကျော့ပွဲစဉ်အား ယှဉ်ပြိုင်ကစားခဲ့ရာ နယ;ူဇီလန်က ၁-ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ သည်။ သို့ဖြစ်၍ တောင်အာဖရိကနိုင်ငံတွင် ကျင်းပမည့် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ "နယူးဇီလန်" နိုင်ငံ လက်ရွေးစင်အသင်းက ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိသွားပြီ ဖြစ်သည်။
** မန်ချက်စတာယူနိုက်တက် ကလပ်အသင်းမှ နည်းပြ ဆာလဲလက်စ် ဖာဂူဆန်သည် ၀က်စ်ဟမ်း အသင်းမှ တိုက်စစ်မှုး "ကာတန်ကိုးလ်" အား ပေါင် သန်း-၂၀ ပေးကာ လီဗာပူးလ် အသင်းနှင့် အပြိုင်ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သတင်းရရှိသည်။
** လီဗာပူးလ် အသင်းသည် အသင်းကြီးအများအပြားက စိတ်ဝင်စားနေသော မိမိတို့၏ ကစားသမား "လူးကပ်စ်" အား ပေါင် ၁၄-သန်းဖြင့် ရောင်းချရန် စီစဉ်နေကြောင်း သိရ၏။
** အသက် ၂၅ နှစ်သာရှိသေးသော မန်ချက်စတာ စီးတီးကလပ်အသင်းမှ တိုက်စစ်မှူး- "တီဗက်ဇ်" သည် ပင်ပန်းနွမ်းနယ်မှုများကြောင့် ဘောလုံးကစားခြင်းမှ အနားယူရန် စဉ်းစား နေကြောင်း သိရ၏။ (အင်တာနက်)
*** စုစည်း ဘာသာပြန်- ၀င်းတင် ( ကြေးမုံ) ***

No comments:
Post a Comment