(ဟနွိုင်း၊ နိုဝင်ဘာလ ၁၅-ရက်)
ဗီယက်နမ်နိုင်ငံ ကီယန်ဝိုင်းပြည်နယ် တောင်ပိုင်းတွင် အသက် ၁၆-နှစ်အရွယ် မိန်းကလေးတစ် A(N1H1) တုပ်ကွေးရောဂါကြောင့် သေဆုံးသွားကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုကြေညာသည်။ ဗီယက်နမ်နိုင်ငံ၌ ယခုအခါ A(N1H1) တုပ်ကွေးရောကြောင့် သေဆုံးရသူစုစုပေါင်း ၄၁-ဦးရှိသွားပြီဖြစ်ကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၄-ရက်နေ့၌ ထုတ်ပြန်သည့်ကြောညာချက်တွင် ဖော်ပြသည်။ သေဆုံးသွားသည့် မိန်းကလေးမှာ ကိုယ်ဝန်ခြောက်လရှိနေကြောင်း
သူမတွင် နိုဝင်ဘာလ ၃-ရက်က A(N1H1) တုပ်ကွေးရောဂါရှိသည့်လက္ခဏာကို တွေ့ရကြောင်း၊ ဆေးရုံတက်ဆေးကုသခြင်းမပြုဘဲ နေအိမ်၌ပင် ဆေးဝယ်ကုသခဲ့ကြောင်း အများကြီးလွန်သဖြင့် သူမကို ပြည်နယ်အထွေထွေဆေးရုံကြီးသို့ နိုဝင်ဘာလ ၇-ရက်တွင် တင်ပို့ခဲ့ရပြီး ကျန်းမာရေးပိုဆိုးရွားလာရာက နိုဝင်ဘာ ၉-ရက်နေ့၌ သေဆုံးသွားကြောင်း သိရသည်။ (အမ်အင်န်အေသတင်းလွှာ)
*** ကမ္ဘာ့ဈေးကွက်၌ ရွှေဈေးနှုန်း တန့်နေ…
ကမ္ဘာ့ဈေးကွက်၌ ရွှေဈေးနှုန်းအတတ်အကျမရှိဘဲ တန့်လျက်ရှိရာ တရုတ်ဈေးကွက်တွင် နိုဝင်ဘာလ ၁၅-ရက် ဈေးပိတ်ချိန်၌ ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၀၁၂.၀၇-ဒေါ်လာရှိကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)
***အတ္တလန္တစ် အာကာသ၌ လွှတ်တင်မည်…
နာဆာက နိုင်ငံတကာ အာကာသယာဉ်စခန်းသို့ အတ္တလန္တစ်အာကာသလွန်းပျံယာဉ်ကို နိုဝင်ဘာလ ၁၆-ရက်နေ့၌ အမေရိကန်နိုင်ငံ ကနေဒီအာကာသယာဉ် လွှတ်တင်ရေးစခန်းမှ လွှတ်တင်ရန်စီစဉ်ထားကြောင်း နာဆာက နိုဝင်ဘာလ ၁၅-ရက်နေ့၌ သတင်းထုတ်ပြန်သည်။
(အင်တာနက်)
*** တရုတ်ကမ်းလွန်၌ သင်္ဘောနှစ်စင်းတိုက်မိ***
တရုတ်နိုင်ငံ ဂျီကျူးကျွန်းကမ်းလွန်တွင် နိုဝင်ဘာလ ၁၅-ရက်က တောင်ကိုရီးယား ငါးဖမ်းသင်္ဘောတစ်စင်းနှင့် တရုတ်ကုန်တင်သင်္ဘောတစ်စင်းတို့ တိုက်မိရာ တောင်ကိုရီးယား ငါးဖမ်းသင်္ဘောမှ သင်္ဘောသား ၄-ဦးသေဆုံးပြီး ၃-ဦးပျောက်ဆုံးလျက်ရှိကြောင်း တောင်ကိုရီးယားအရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** တောင်အာဖရိက လေကြောင်းပြပွဲ တိုက်လေယာဉ်တစ်စင်း ပျက်ကျ…
တောင်အာဖရိကနိုင်ငံ ၀က်စတင်းကိတ်ပြည်နယ်၌ နိုဝင်ဘာလ ၁၅-ရက်က ပြုလုပ်သော လေကြောင်းစွမ်းရည်ပြပွဲတွင် ဂျက်တိုက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်မှူး သေဆုံးခဲ့ကြောင်း တောင်အာဖရိကအရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** ၁၆-နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး A(N1H1) တုပ်ကွေးရောဂါဖြင့်သေဆုံး…

No comments:
Post a Comment