စပိန်နိုင်ငံ မက်ဒရစ်မြို့အတွင်းသို့ ရီးရဲယ်မက်ဒရစ်အသင်းမှ ကာကာ လမ်းလျှောက်လာသည်။ မက်ဒရစ်စတိုးဆိုင်ရှေ့သို့ရောက်သော် တစ်စုံတစ်ခုဝယ်မည်ဆိုသောအကြံဖြင့် လှမ်းဝင်လိုက်သည်။ ကာကာဝင်လာသည်ကိုမြင်ရသော စတိုးဆိုင်ပိုင်ရှင်ဖြစ်သူက မျက်နှာလို မျက်နှာရလုပ်သောအားဖြင့် ဘောလုံးသမားအင်္ကျီများရောင်းသည့်နေရာတွင် အခြားသူများ၏ အင်္ကျီများကို ဖယ်ပြီး ကာကာ၏ အင်္ကျီ
များကိုသာ ချိတ်ဆွဲလိုက်သည်။ စတိုးဆိုင်အတွင်း လျှောက်ကြည့်ရင်း ၄င်းအင်္ကျီများကိုသာတွေ့၍ ဆိုင်ရှင်အားမေးသည်။ `ဒီပြင့်ဘောလုံးသမားတွေရဲ့ အင်္ကျီရောဗျ´
မမျှော်လင့်သော မေးခွန်းဖြစ်၍ ဆိုင်ရှင်ကြောင်သွားပြီး ပါးစပ်ထဲတွေ့သမျှကို အလျင်အမြန်ပြောချလိုက်သည်။
`ဟို… ဟို… ရောင်းလို့ ကုန်သွားပြီဗျ´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ… (အိတ်တင်း)ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ-ဘောလုံးဟာသ)**

No comments:
Post a Comment