ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းပြုစဉ် ဘုရားလောင်းသည် ဖားညိုမျိုး၌ ဖြစ်၏။
`အုံ… ဂွမ်၊ အုံ… ဂွမ် အလိုလေး… လေး။ ဟန်လိုက်တာ ဒီလိုမိုးလေးရွာမှ စိတ်ချမ်းသာတယ်။ ဟုတ်တယ်လေ… တစ်နွေလုံး တွင်းအောင်းနေရတဲ့ ဒုက္ခ ခုမှငြိမ်းတော့တယ်။ ဟန်ပြီ… မိုးရေ တ၀ကြီးချီုးပစ်လိုက်မယ်။´
`မိုး… မိုး ရွာလိုက်ပါမိုး´
`မိုးမရွာတာကြာလေပြီxxxx မိုးကောလေရော လာလေပြီxxxx မိုးရွာရင်နောဗျာxxxx ခင့်ကိုဘာနဲ့မိုးရပxxxx ပဒုမ္မာရွှေကြာရိုးxxxx ထီးလုပ်လို့မိုးxxxx အိုးဟိုဟို´
အုံး… အွမ်၊ အုံး… အွမ်။
သည်းသည်းထန်ထန်ရွာသွန်းနေသည့် မိုးရေကြားတွင် ဖာညိုကြီးသည် ခုန်ပေါက်မြူးတူးပျော်ပါးနေလေသည်။
`လာကြဟေ့… လာကြ။ မိုးရေတွေ ဒရဟောကြလာပြီ´
`အေဟေ့… ရေစုန်မှာ လေဟုန်စီးမဟေ့´
`ဟဲ့… ဟဲ့။ သိပ်အပျော်မကျူးကြနဲ့နော်… အပျော်လွန်ရင် ဒုက္ခဖြစ်တတ်တယ်။ သွားရိုးသွားစဉ် လာရိုးလာစဉ်သတိနဲ့ ယှဉ်ပြီးလုပ်ကြ´
`အာဗျာ… ဘကြီးတို့က မဖြစ်သေးတဲ့ဘေး တွေးလန့်တတ်ရန်ကော´
`ဟဲ့ကောင် ငရှုတ်။ မင်းဘာသိလို့လဲ အန္တရာယ်ဆိုတာ ဘယ်အရပ် ဘယ်ဒေသကဖြစ်လာမယ်ဆိုတာ သိချင်မှသိမယ်။ သတိဥာဏ်မြေကတုတ်၊ ပညာချွန်းကဲ့သို့ အုပ်တဲ့ကွ´
`တော်စမ်းပါဘကြီးရာ… လာကြကွာ။ လာကြ။ ရှေးခေတ်အဖိုးကြီးတွေနဲ့ ပြောရဆိုရတာ အပေါက်အလမ်းမတည့်ဘူး´
ငါးတစ်အုပ်သည် မိုးရေစီးကြောင်းအတွင်း ပျော်ပါးကူးခတ်နေရာ သက်ကြီးရွယ်အိုများက အပျော်မကျူးဖို့ တားမြစ်သည်။
အပျော်ကျူးသော ငါးတစ်အုပ်သည် တံငါသည် ထောင်ထားသော မြုံးတစ်ခုထဲ ရောက်မှန်မသိ ရောက်သွားတော့သည်။
`ဟာ ထောင်ချောက်ပဲ`
`ဟင်… ဒုက္ခပါပဲရှင်… လူတွေရဲ့ ထောင်ချောက်ထဲဝင်သွားပြီ လုပ်ကြပါဦး´
`အေးကွာ… ဟိုကောင်ပေါ့´
`ဘာ ဟိုကောင်လဲဗျာ။ ကျုပ်လဲ မြုံးမှန်းမသိလို့ ၀င်မိတာပေါ့´
`ကဲ ခုတော့ ဘယ်လိုလုပ်မလဲ´
`မြုံးဖေါက်ထွက်မှာပေါ့ဗျာ´
`မင်းကလွယ်လွယ်ကူကူစကားပြောလိုက်တာ… ဒီလောက် ခိုင်ခံ့တဲ့နှီးနဲ့ ယက်ထားတဲ့ မြုံးကို ဘယ်လိုလုပ်ဖေါက်မလဲ´
`ရပါတယ်ဗျာ… ကျုပ်ခေါင်းနဲ့ တိုက်ဖွင့်မယ်… လာလေ့။ အောင်မယ်လေးဗျာ´
ငါးငယ်လေးက မဆင်ခြင်၊ မစူးစမ်းဘဲ မြုံးနံရံကို ဦးခေါင်းနဲ့ ပစ်တိုက်လိုက်သည်။ ကျောက်တုံးကိုခေါင်းနဲ့ တိုက်သည့်ပမာ ဖင်ထိုင်လဲကျပြီး မူးမေ့သွားတော့သည်။
`အင်း… ငါအတန်တန်ပြောနေတဲ့ကြားက ဒီငနဲ့ဖောက်လွဲ ဖောက်ပြန်သိပ်လုပ်တယ်။ နေဦး… တဇွတ်ထိုးမလုပ်ကြနဲ့´
`ကယ်ပါဦး ဘကြီးရယ်´
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မြုံးထဲတွင် ငါးတို့ကြံရာမရ စိတ်သောကရောက်နေချိန် သတ္တ၀ါတစ်ကောင်က လျောခနဲ တိုးဝင်လာသည်။
`ဟေ့… ဘယ်သူလဲ´
`ငါရေမြွေကွ´
`ဟာ… မြွေဆိုးပါလား… ဒါဆိုတို့ကို စားတော့မယ် ထင်တယ်´
`ဟယ်… အသာနေစမ်းပါ။ ဘာမှမကြောက်နဲ့။ မင်းတို့ရှေ့မှာ ငါတစ်ယောက်လုံးရှိနေတယ်´
`လုပ်ပါဦး ဘကြီး´
ငါးကိုကြိုက်တတ်သော ရေမြွေတစ်ကောင် မြုံးထဲဝင်လာသည်ဆို၍ ငါးတစ်သင်းမှာ ဆောက်တည်ရာမရဖြစ်ကုန်သည်။ သို့သော် သူတို့ရှေ့တွင် ငါးဖိုကြီးကမားမားမတ်မတ်ရပ်နေ၍ ဖြေသိမ့်နိုင်သေးသည်။
`အသင်ရေမြွေ သင်ဘာလာလုပ်လဲ´
`ဟေ ဘာလာလုပ်လည်းဟုတ်စ အဘိုးကြီး ကျုပ်ရဲ့အစာဟာ ငါးသတ္တ၀ါဆိုတာ ခင်ဗျားသိပါတယ်။ ခင်ဗျားတို့ အနံ့ရလို့ ၀င်လာတာပေါ့ဗျ´
`ဘာ ဘာပြောတယ်။ မင်းဟာငါတို့နေရာလည်း ကျူးကျော်ဝင်လာသေး၊ ငါတို့လည်းရန်လိုစကားဆိုသေးပါလား´
`အဟောဟော ဒါခင်ဗျားတို့နေရာဟုတ်လား ကောင်းတာပေါ့´
`မင်းကမိတ်ဆွေ မဖွဲ့ချင်ဘဲ ရန်ပြုချင်တယ်ပေါ့´
`အဟိုးဟိုး မြွေနဲ့ ဖားမိတ်ဆွေဖွဲ့ရမယ်ဟုတ်လား ဒါဆိုလောကနိယာမတရား ဇောက်ထိုးမိုးမျှော်ဖြစ်တော့မှာပေါ့။ ကျားကသမင်ဖမ်းတာသဘာဝ၊ ငှက်က ပိုးကောင်စားတာ သဘာဝ၊ မြွေကငါးစားတာသဘာဝ၊ ဒီသဘာဝတွေ ပျက်ကုန်မှာပေါ့ အဘိုးကြီးရာ´
`ဒီမယ် မင်းဟာ ငါ့နယ်မြေထဲ ကျူးကျော်လာသူ၊ လာပြန်တော့ အဖေါ်အပေါင်းမရှိပဲ ရန်လိုစကား ပြောတယ်။ မင်းလိုရေမြွေကို ငါတို့က ကြောက်မယ်င်လား´
`အဟား… ဟား… ဟား… ရယ်ရတယ်။ တော်တော်ကောင်းတဲ့ပြက်လုံးတစ်ခုပဲ၊ ကျုပ်လိုပုဂ္ဂိုလ်ကို အစွယ်မရှိတဲ့ ခင်ဗျားတို့က ခုခံချင်တယ်ဟုတ်လား´
`သတ္တ၀ါတိုင်းမှာ ကိုယ်ပိုင်စွမ်းအားရှိသဟေ့။ မင်းကအဆ နဲ့ အစွယ်အားကိုးသလို ငါတို့က သန်မာတဲ့ အမြီးကို အားထားတယ်။ မင်းရန်ပြုဝံ့ရင် ပြုကြည့်´
`တွေ့သေးတာပေါ့´
မြုံးအတွင်းဝင်လာသော ရေမြွေသည် ငါးအဖိုးကြီးကို ၀င်တိုက်သည်။ နဂိုကကြောက်စိတ်ဝင်နေသော ငါးများသည် အဘိုးကြီးနှင့် ရေမြွေတို့ အပြန်အလှန် ပြောနေသည့်စကားများ ကြားလျက် သွေးတက်လာသည်။
မိမိတို့ တွင်သန်မာသော အမြီးရှိမှန်း ခုမှပင်တွေးမိသည်။ စောစောက မြုံးကိုခေါင်းနှင့် တိုက်သောငါးလေးကလည်း အမူးပြေစပြုချိန် ရေမြွေနှင့် အဘိုးကြီးတို့ တိုက်ခိုက်နေသည်ကို တွေ့လိုက်သည်။
`ဟေ့… ဘာငိုင်ကြည့်နေတာလဲ ဒီခွေးမသားကို ၀ိုင်းတိုက်ကြပါလား…။ ခေါင်းနဲ့တိုက်၊ အမြီးနဲ့ရိုက်၊ ပါးစပ်နဲ့ကိုက်၊ ကိုယ်စွမ်းကိုယ်စရှိသမျှ ခုခံကြ´
`အောင်မယ် မင်းကစွာကျယ်ကျယ်ပါလား။ လာစမ်း´
ရေမြွေကငါးလေးကိုဖမ်းရန် အားထုတ်လိုက်သည်နှင့် ငါးအပေါင်းက ရေမြွေကိုယ်လုံးကို ၀င်တိုက်ကြသည်။
`ဟာ´
`ချကွ နှက်ကွ စိစိညက်ညက်ကျေအောင် ဆော်ကွ´
`မင်းတို့က အုပ်စုနဲ့ ၀ိုင်းချတယ်ပေါ့´
`အေး… ဟုတ်တယ်။ ရန်သူကို ဒီလိုပဲ ၀ိုင်းဝန်းခုခံရမကွ။ ဆော်ဟေ့… ဆော်ကွ´
ငါးများက ၀ိုင်းဝန်းတိုက်ခိုက်သဖြင့် ရေမြွေမှာ ငါးတကောင်တလေဖမ်းဖို့ နေနေသာသာ အနာတရဖြစ်ကုန်သည်။ ဘယ်ကိုတိမ်းလျင်ညာက၀င်တိုက်၊ ညာကိုရင်ဆိုင်တော့ ဘယ်က၀င်တိုက်နှင့် ငါးအုပ်ကြားအလူးအလဲခံရတော့သည်။ ကြာလျှင် အသက်ဆုံးရှုံးတော့မည်ဟူသော အတွေးဝင်လာသည်နှင့် ၀င်လာသည့် အပေါက်က အတင်းတိုးထွက်လိုက်ရတော့သည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ငါးတို့ ၀ိုင်းဝန်းတိုက်ခိုက်ခံရ၍ အနာတရဖြစ်နေသော ရေမြွေသည် ရေစပ်တွင် မောပန်းနွမ်းလျစွာ လဲလျောင်း၏။
`အယို့ယို ခွေးကောင်တွေ ငါ့ကိုဝိုင်းဆော်လိုက်တာ မသက်မသာပါလား။ အမယ်လေးလေး ကံကောင်းလို့ ငါသာပြန်ပြေးမထွက်ရင် ဒီလောက်ဆို ငါးစာဖြစ်ပြီ။ အင်း ဒီလိုဖြစ်ရင် ကျော်မကောင်း ကြားမကောင်းပဲ´
ရေမြွေသည် ကြုံတွေ့ရသောဒုက္ခကို ပြန်စဉ်းစားနေစဉ် ဖားညိုကြီးက ကန်သင်းခုန်ပေါ် ခုန်တက်လာသည်။
`ဘယ်သူလဲဟေ့´
`ငါဖားညို… အမယ် ရေမြွေပါလား၊ ဘယ်လိုလဲ တစ်ကိုယ်လုံးလည်း ဒဏ်ရာအနာတရဖြစ်လို့ပါလား´
`ဟုတ်တယ်။ ဟိုခွေးမသားတွေလေ´
`ဘယ်သူလဲ´
`ဟိုအဘိုးကြီးဦးစီးတဲ့ ငါးအုပ်ပေါ့။ ငါကသူတို့ကိုစားမလို့ မြုံးထဲဝင်သွားတာ ငါ့ကိုဝိုင်းတွယ်ကြတယ်လေ´
`အဟဟဟ ဖြစ်ရမယ် ဖြစ်ရမယ်´
`ဘာကွ ဘာဖြစ်ရမှာလည်း၊ မင်းကပါ ငါးတွေဘက်က လိုက်ပြောနေတာလား… ဟင်။ ငါထိခိုက်လို့ပေါ့၊ အနို့မို့ မင်းကို ငါ့ဝမ်းထဲသွင်းပစ်လိုက်ပြီ´
`အဟတ်… ဟတ်… ခုထက်ထိ မာန်တက်တုန်းကိုး။ သင်ကရန်လိုတော့ ဟိုက ခုခံတာ အဆန်းလား ဒါသဘာဝကျတာပေါ့´
`ဘာ ငါးဆိုတာ တို့ရေမြွေရဲ့အစာကွ။ မင်းတို့လို ဖားတွေလည်း တို့ရဲ့အစာပဲ´
`နေရာတကာ တရားသေယူလို့မရဘူး။ ရေမြွေ သတ္တ၀ါမှန်သမျှကိုယ့်အသက်ကို စောင့်ရှောက်ချင်တာပဲ။ ခွန်အားကြီးတဲ့သင်က ကျုပ်တို့ကို နိုင်ထက်ကလူပြုတတ်ပေမယ့် အခါခါတော့ မရဘူး ရေမြွေ´
`အောင်မယ်… ပြောစမ်းပါဦး´
`ဒီမယ်ရေမြွေ။ သင့်နေရာ၊ သင့်ဝန်းကျင်၊ သင့်စားကျက်ထဲ ၀င်လာတဲ့ငါးကို သင်စားနိုင်တယ်။ ခင်ဗျားကခွန်အားသာတာကိုး။ အေး… ဒီအားသာမှုကို အကြောင်းပြုပြီး ငါတို့ အရပ်ကျူးကျော်ဝင်ရောက်ရင်တော့ သင်ခံစားရမှာပဲ´
`ဒါဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး´
`ရော… သင်ဟာ အမှန်တရားကို ၀န်မခံဝံ့သူပဲ။ ဟော… ဟိုမှာ ငါးအဘိုးကြီးထွက်လာပြီး။ ဟော… ဟော ငါးတွေအားလုံးလာကြပြီ´
`ဘာ သင်းတို့လာပြီ ဟုတ်လား တွေ့ကြသေးတာပေါ့´
`အသင်ရေမြွေ ရန်သူဝိုင်းတိုက်ခံရလို့ အနာတရဖြစ်နေတဲ့သင်က ဘာလုပ်နိုင်အုံးမှာလည်း´
`ဘာလုပ်နိုင်မှာလည်း ဟုတ်လား… ငါ့ခွန် ငါ့အားက ငါးတစ်ကောင်တော့ နိုင်ောအင်ခံသတ်နိုင်သေးသဟေ့´
ငါးတွေကို ခုခံဟန်ပြင်နေသော ရေမြွေကို ငါးအုပ်ကြီးက ပြေးလာလျှက် ၀ိုင်းဝန်းတိုက်ခိုက်ကြသည်။ နဂိုကတည်းက အားအင် ယုတ်လျော့နေသော မြွေကြီးသည် ဖြစ်ဖြစ်မြောက်မြောက် မခုခံနိုင်။ စုပေါင်းစွမ်းအားနှင့် ရန်သူကို ခုခံကြသဖြင့် နောက်ဆုံးတွင် ရေမြွေကြီး အသက်ဆုံးရှုံးရလေတော့သည်။
***မောင်ဆန္ဒ(လယ်ဝေး)***
***(မေတ္တာတရားနှင့် အခြားပုံပြင်များ)***

No comments:
Post a Comment