ချဲလ်ဆီးအသင်းမှ အက်ရှ်လေကိုးလ်မှာ မိန်းမကြောက်သူတစ်ဦးအဖြစ်နာမည်ကျော်ကြားသည်။ ယင်းကို မကျေနပ်၍ မိန်းမမကြောက်ကြောင်း သက်သေပြရန် ဆုံးဖြတ်လိုက်၏။ တစ်နေ့တွင်အသင်းဖော် လမ်းပတ်အား အိမ်သို့ခေါ်လာကာ ၄င်းမည်မျှသတ္တိရှိကြောင်း ပြသမည်ဟု လမ်းပတ်အားပြောသည်။ ၄င်းတို့ ၂-ဦးအိမ်သို့ရောက်သော် ဧည့်ခန်းစားပွဲပေါ်တွင် မလှမပထိုးထားသော ပန်းအိုးကိုမြင်မိ၍ အက်ရှ်လေကိုးလ်က အော်ဟစ်လိုက်သည်။
`ဒါဘယ်သူလုပ်တာလဲကွ… ဘယ်သူက အဲဒီလိုလုပ်ဖို့ခိုင်းလို့လဲကွ… ဟေ´
ထိုအခါ အက်ရှ်လေကိုးလ်၏ ဇနီး ချယ်ရီကိုးလ်ထွက်လာပြီးပြောသည်။
`ကျမလုပ်ထားတာပဲ… ဘာဖြစ်လို့လဲ´
`အော်… ဘာမှမဖြစ်ပါဘူးကွာ။ ပန်းတွေက သိပ်လှတာပဲလို့´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
***(ရွှင်ပြုံးတခဏ-ဘောလုံးဟာသ)***

No comments:
Post a Comment