(ဂျီနီဗာ၊ နိုဝင်ဘာလ ၁၁-ရက်)
ဆွစ်ဇာလန်နိုင်ငံမှ လေကြောင်းအင်ဂျင်နီယာများ ပါဝင်သောအဖွဲ့သည် ကမ္ဘာ့ပထမဆုံးသော နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်တစ်စင်းကို တီထွင်ထုတ်လုပ်ထားပြီဖြစ်ကြောင်း၊ ယင်းလေယာဉ်ဖြင့် ကမ္ဘာတစ်ပတ်ပျံ သန်းရန် အစီအစဉ်ရှိကြောင်း အင်တာနက် သတင်းတွင်ဖော်ပြသည်။ နေရောင်ခြည်စွမ်းအင်သုံးလေယာဉ်ပျံကို ဆွစ်လေကြောင်းသိပ္ပံပညာရှင်များက “Solar Impala” ဟု အမည်ပေးထားသည်။ အဆိုပါ လေယာဉ်တွင် နေ ရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မော်တာ ၄-လုံးပါရှိပြီး နေရောင်ခြည်စွမ်းအင်ဖြင့် အင်ဂျင်စက်များ အလုပ်လုပ် နိုင်မည်ဖြစ်သည်။
နေရောင်ခြည်စွမ်းအင်သုံးလေယာဉ်သည် `ကာဗွန်ဖိုင်ဘာ´ဖြင့် ပြုလုပ်ထားသဖြင့် အလေးချိန်အရ အလွန်ပေါ့ပါားသည်။ မောင်းသူတစ်ဦးသာ လိုက်ပါနိုင်သော ယင်းလေယာဉ်၏ လေယာဉ်တောင်ပံမှာ (အဲဘတ်စ် အေ ၃၈၀)အမျိုးအစားလေယာဉ်တောင်ပံ အမျိုးအစားဖြစ်သည်။ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်၏ အလေးချိန်မှာ အလတ်စားအရွယ် ကားတစ်စီး၏ အလေးချိန်ဖြစ်၏။ ကီလိုဂရမ် ၁၆၀၀ (၀ါ) ၃၅၂၇-ပေါင်မျှသာရှိသည်။ စမ်းသပ်မှုအရပ်ရပ် အောင်မြင်ပြီးနောက် (၂၀၁၀)ခုနှစ် နွေဦးပေါက်ရာသီတွင် ဤလေယာဉ်ဖြင့် ၃၆-နာရီကြာ မနားမနေပျံသန်းမည့် ခရီးစဉ်ကို အကောင်အထည် ဖော်မည်ဖြစ်၏။ (အင်တာနက်)
*** ဘာလင်တံတိုင်းဖြိုချသည့် အထိမ်းအမှတ်အကြိမ် ၂၀-မြောက် နှစ်ပတ်လည်အခမ်းအနားကျင်းပ…
(ဘာလင်၊ နိုဝင်ဘာလ ၁၁-ရက်)
ကမ္ဘာ့ခေါင်းဆောင်ကြီးများသည် `ဘာလင်တံတိုင်း´ဖြိုချခဲ့သည့် အကြိမ် ၂၀-မြောက် နှစ်ပတ်လည် အခမ်းအနား ကျင်းပနေစဉ် ဂျာမနီနိုင်ငံ ဘာလင်မြို့တော်၌ တွေ့ဆုံခဲ့ကြကြောင်း သတင်းရရှိသည်။ အဆိုပါခေါင်းဆောင်ကြီးများသည် အရှေ့ဘာလင်မြို့ရှိ ဂက်ဆမ်မင်းဘုရားရှိခိုးကျောင်း၌ အထူးဝတ်ပြုဆုတောင်းပွဲဖြင့် တွေ့ဆုံပွဲအခမ်းအနားကို စတင်လိုက်သည်။ ဘာလင်မြို့သည် ဘာလင်တံတိုင်းကြီးကို ဖယ်ရှားဖွင့်လှစ်ရေးအတွက် လပေါင်းများစွာ ဆန့်ကျင်ကန့်ကွက်မှုများကြုံခဲ့ရသည့်နေရာဖြစ်ခဲ့သည်။ ဘာလင်တံတိုင်းကြီးကို ဖြိုချနိုင်ခဲ့ကြကြောင်း ဂျာမနီပြန်လည်ပေါင်းစည်းရေးအတွက် လမ်းပွင့်သွားပြီး စစ်အေးကာလကိုလည်း အဆုံးသတ်စေခဲ့သည်။ (အင်တာနက်)
*** အာကာသ သုတေသနဂြိုလ်တုကို တရုတ်ပြည်က လွှတ်တင်မည်…
တရုတ်ပြည်ကျန်စုပြည်နယ် အနောက်မြောက်ပိုင်း၊ ကျူကျင်ဂြိုလ်တုလွှတ်တင်ရေးစခန်းမှ အာကာသလေ့လာရေးဂြိုလ်တုတစ်လုံးကို ယခုရက်ပိုင်းအတွင်း လွှတ်တင်ရန် စီစဉ်နေကြောင်း တရုတ်အရာရှိများက နိုဝင်ဘာလ ၁၁-ရက်နေ့မှာ ပြောကြားသည်။ (အင်တာနက်)
*** ကမ္ဘာ့ဈေးကွက်၌ ဒေါ်လာဈေးနှုန်း ကျဆင်းလျက်ရှိနေဆဲ…
ကမ္ဘာ့ဈေးကွက်၌ အမေရိကန် ဒေါ်လာဈေးနှုန်းများ ကျဆင်းလျက်ရှိရာ ဂျပန်နိုင်ငံဈေးကွက်တွင် နိုဝင်ဘာလ ၁၁-ရက်နေ့ ဈေးကွက်ပိတ်ချိန်က ဂျပန်ယန်း (၈၉)ယန်းလျှင် အမေရိကန် (၁)ဒေါ်လာရှိခဲ့ကြောင်း သိရသည်။ (အင်တာနက်)
*** အမေရိကန်ပြည်၊ တောင်ကာရိုလိုင်းနား ပြည်နယ်တွင် ပစ်ခတ်မှုဖြစ်ပွား၊ အရပ်သား ၃-ဦးသေဆုံးပြီး ၆-ဦးဒဏ်ရာရရှိ…
အမေရိကန်ပြည်ထောင်စု၊ တောင်ကာရိုလိုင်းနားပြည်နယ် ဝေါလ်တာဘိုရိုမြို့၌ နိုဝင်ဘာလ ၁၁-ရက်နေ့က မော်တော်ယာဉ်တစ်စီးပေါ်မှနေ၍ သေနတ်သမားများက ပစ်ခတ်သဖြင့် အရပ်သား ၃-ဦးသေဆုံးပြီး ၆-ဦးဒဏ်ရာရရှိခဲ့ကြောင်း ဝေါလ်တာဘိုရိုမြို့ရဲတပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်- မောင်ချစ်ကြည်***
*** နေရောင်ခြည်စွမ်းအင်သုံးလေယာဉ်အား ဆွစ်အင်ဂျင်နီယာများက တီထွင်…

No comments:
Post a Comment