ရှေးက ဆိုရိုးစကားမှာ တပ်မတော်သည် ပြည်သူအတွက် ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းခေတ်က တပ်မ တော်သည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ကြပါသည်။ ယခုခေတ် တပ်မ တော်မှာမူ ပြည်သူ့အ တွက်မဟုတ်တော့ပဲ ပြည်သူ့အခက် ဖြစ်နေပါပြီ။ တပ်မတော်သည် ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်များကို မတရား လုယက်၊ ညှင်းပန်းနေသည်ကို တကယ့်အဖြစ်မှန် သာဓကတစ်ခုဖြင့် တင်ပြလို ပါသည်။ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီခရိုင်မှ အခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်ဌေးနှင့် အဖွဲ့အပေါင်း၏ တောင်းမှု၊ ရမ်းမှု အပေါင်းတို့ကို ဒေသခံလူထုမှ ခါးစီးခံနေရပါသည်။ ဥပမာ- လမ်းတွင်
ဂိတ်ဖွင့်တောင်းခိုင်းခြင်း၊ ရပ်ကွက်လူကြီးမှတဆင့် ခေါ်ယူတောင်းခိုင်းခြင်း၊ အပါအ၀င် ၄င်းတို့၏ တနေ့တာ ၀င်ငွေမှာ ကျပ်သိန်း ၃၀-မျှရှိပြီး ညပိုင်းတွင်လည်း ဆိုင်လ်ကယ်များ၊ ကားများဖြင့် လှည့်လည်ကာ တပည့်များအား ငွေတောင်းခိုင်းပါသည်။ မြ၀တီမြို့တွင် အခြေစိုက်သော အဖွဲ့အစည်းများနှင့် ဂိတ်များအားလုံးကိုလည်း ငွေတောင်းလာခဲ့သည်မှာ နှစ်အတန်ကြာပါပြီ။ အားလုံးသော ဂိတ်တို့သည် ဗိုလ်မှူးကြီး ခင်မောင်ဌေးထံသို့ တလလျှင် ကျပ် ၃-သိန်း ပေးသွင်းရပါသည်။ မဲဆောက်ဘက်သို့ မြ၀တီမှ ကူးသော အောက်လှေဂိတ် ၁၇-ဂိတ်ရှိပါသည်။ အဆိုပါဂိတ်များသည် လစဉ် လိုင်းကြေး ပုံမှန်ပေးသွားပါက အခြေချစစ်ဗျူဟာမှ မသိချင်ယောင်ဆောင်ပေးသော ဖြစ်ရပ်များစွာရှိပါသည်။ ကစားဝိုင်းများဆိုလျှင်လည်း တညကို ကျပ် ၂-သိန်းပေးရပါသည်။ ဤကဲ့သို့ တပ်မတော်၏ အစိတ်အပိုင်း ကလေးတစ်ခုမှ အကျင့်ပျက်ခြစားနေပါလျှင် တပ်မတော်တစ်ခုလုံး၏ တတိုင်းပြည်လုံး အတိုင်းအတာနှင့်ဆိုပါလျှင် မည်မျှလောက်ထိ အကျင့်ပျက်ခြစားနေမည်ကို လယ်ပြင်တွင် ဆင်သွားသလို ထင်ရှားနေသော သာဓကများ နယ်ပေါင်းစုံ အရပ်ပေါင်းစုံ၌ ရှိနေကြပါသည်။
***ပေးပို့သူ- ကိုဦး (မြ၀တီ)***

No comments:
Post a Comment