(မဲလ်ဘုန်း၊ နိုဝင်ဘာလ ၁၂-ရက်)
သြစတြေးလျ မာစတာဂေါက်သီးရိုက်ပြိုင်ပွဲကို မဲလ်ဘုန်းမြို့၌ ယှဉ်ပြိုင်ကစားလျက်ရှိရာ `ကမ္ဘာ့နံပါတ်တစ် ကစား သမား-တိုက်ဂါးဝုဒ်´သည် ပထမနေ့တွင် ရိုက်ချက် (၆၆)ချက်ရိုက်ကာ အခြားပြိုင်ဘက်နှစ်ဦးနှင့် အတူ ပြိုင်ပွဲကို ဦးဆောင်လျက်ရှိသည်။ တိုက်ဂါးဝုဒ်သည် တောင်အာဖရိကနိုင်ငံမှ ဂေါက်သီးကစားသမား `ဘရန် ဒန်ဂရေ့စ်´ နှင့် သြစတြေးလျနိုင်ငံမှ `ဂျိမ်းစ်´တို့နှင့်အတူ ပြိုင်ပွဲကို ဦးဆောင်နေခြင်းဖြစ်သည်။ (အင်တာနက်)
*** အကိုဖာဒီနန်၏ ဒဏ်ရာကို သံသယဖြစ်မိကြောင်း ညီဖာဒီနန်က ပြောကြား…
(လန်ဒန်၊ နိုဝင်ဘာလ ၁၂-ရက်)
မန်ချက်စတာယူနိုက်တက် ကလပ်အသင်းခံစစ်မှူး `ရီယိုဖာဒီနန်´၏ ဒဏ်ရာရထားမှုကို သံသယဖြစ်မိကြောင်း၊ သက်သေပျောက်ကင်းမှု မရှိသေးကြောင်း ညီဖြစ်သူ `အန်တန်ဖာဒီနန်´က ပြောကြားသည်။ အန်တန်ဖာဒီနန်သည် ဆန်းဒါးလန်းကလပ်အသင်းမှ ခံစစ်မှူး တစ်ဦးလည်းဖြစ်သည်။ ရီယိုဖာဒီနန်သည် ခြေသလုံးကြွက်သားထိခိုက် ဒဏ်ရာရရှိထားပြီး သက်သာ ပျောက်ကင်းမှု၊ တိုးတက်ကောင်းမွန်မှု တစုံတရာ အခြေအနေမရှိသေးကြောင်း သိရသည်။ (အင်တာနက်)
*** ဆိုးလ်ကမ်းဘဲလ်၊ နယူးကာဆယ်ကလပ်သို့ ရွှေ့ပြောင်းကစားမည်…
အင်္ဂလန်နိုင်ငံ လက်ရွေးစင်ဟောင်းနှင့် အာဆင်နယ် ကလပ်အသင်း၏ ခံစစ်မှူးဟောင်းဖြစ်သူ `ဆိုးလ်ကမ်းဘဲလ်´သည် လာမည့် ဇန်န၀ါရီးလအပြောင်းအရွေ့ရာသီတွင် အင်္ဂလိပ် ပထမတန်းပြိုင်ပွဲဝင် `နယူကာဆယ်´ကလပ်အသင်းသို့ ပြောင်းရွှေ့ကစားမည်ဖြစ်ကြောင်း သိရသည်။ (အင်တာနက်)
*** စပါးတိုက်စစ်မှူး ပါဗလူချင်ကိုအား လီဗာပူးလ် အသင်းက ခေါ်ယူမည်…
တော့တင်ဟမ်ဟော့စပါး ကလပ်အသင်းမှ တိုက်စစ်မှူး `ပါဗလူချင်ကို´အား လာမည့် ဇန်န၀ါရီလ အပြောင်းအရွှေ့ရာသီ၌ လီဗာပူးလ်အသင်းက အငှားခေါ်ယူစာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း နည်းပြကြီး-ဘင်နီတက်ဇ်က ပြောကြားလိုက်သည်။ (အင်တာနက်)
*** အဒမ်ဂျွန်ဆင်နှင့် ဖီဂွီရိုလာ တို့အား ဆန်းဒါးလန်းအသင်းက ခေါ်ယူမည်…
အင်္ဂလိပ်ပထမတန်းပြိုင်ပွဲဝင် မစ်ဒယ်လ်ဘရော့ ကလပ်အသင်းမှ ကွင်းလယ်လူ`အဒမ်ဂျွန်ဆင်´နှင့် ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ၀ီဂန်ကလပ်အသင်းမှ နောက်ခံလူ `ဖီဂွီရိုလာ´တို့အား ပြောင်းရွှေ့ကြေး (ပေါင် ၁၂)သန်းပေး၍ ခေါ်ယူမည်ဖြစ်ကြောင်း ဆန်းဒါးလန်းအသင်းနည်းပြ စတိဗ်ဘရုစ်က ပြောကြားသည်။ (အင်တာနက်)
***စုစည်းဘာသာပြန်- မြင့်မောင်စိုး***
*** သြစတြေးလျ မာစတာဂေါက်သီးရိုက်ပြိုက်ပွဲတွင် တိုက်ဂါးဝုဒ်ဦးဆောင်ယှဉ်ပြိုင်နေ…

No comments:
Post a Comment