ဆောင်းကော်မတီတွေ
ညီညွှတ်မှု
မရှိခဲ့လို့တဲ့
ဆောင်းဦးရဲ့
အနှစ်သာရကို
ပြည်သူတွေ
မခံစားရဘူးလို့ မေလ/၂၀၀၈ က ကျင်းပတဲ့ ရာသီဥတု ဆန္ဒခံယူပွဲက ပြောတယ်ဆိုပဲ။
۩အဲဒီမှာ နေနဲ့မိုး ပါတီတွေကလည်း
အရင်ကတည်းက
ညီညွတ်မှု
မရှိခဲ့လို့တဲ့ ရဟန်းပြည်သူမျိုးဆက်တွေ
မျိုးပြိုန်းသွားမဲ့
အနေအထားတွေ
ကျရောက်ခဲ့ပြီးပါပြီလို့
ရာသီတွေရဲ့ သမိုင်းမှတ်ကျောက်မှာ တွေ့ရကြောင်းကို သဘာဝက ဆိုပါတယ်။
۩ရာသီဥတုတွေကို ဒီလိုမဖေါက်ပြန်ကြဖို့
ရဟန်းပြည်သူမျိုးဆက်တွေ
တောင်းဆိုထားပါတယ်
တဘက်မှာ
မိုးရွာတာ တပြိုင်နက်ဆိုပေမဲ့
မိုးသီးတွေက
ပြိုင်တူမြေမခဘူး
ရာသီဥတုတွေကို မဖေါက်ပြန်မရ
ဖြစ်နေအောင်
ဖန်တီးတဲ့
ရာသီအတုတွေ ရှိနေတယ်လို့
နှစ်စဉ်လေ့လာသုံးသပ်ချက်များကို
ပြုစုနေတဲ့ ကမ္ဘာကုလဆိုင်ရာအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
۩ရာသီတွေရဲ့ အနှစ်သာရ
မတူဆိုလို့
ဆောင်းမှာ အေးတယ်
နေမှာပူတယ်
မိုးမှာအနေသာပါလို့
နိုင်ငံတကာ
ရာသီဥတု ဥပဒေက ဆိုပါတယ်။
۩ပြဌာန်းထားတဲ့ ဥပဒေတွေမှာ
ဆောင်းရဲ့ပိုင်နက်နယ်မြေ
မိုးရဲ့ပိုင်နက်နယ်မြေ
နေရဲ့ပိုင်နက်နယ်မြေ
ကန့်သတ်မှုနဲ့
တရားမျှတမှုကိုတော့
ရာသီတွေ တပြေးညီ
လိုလားကြပါတယ်။
۩ပိုင်နက်တွေအကြား
ဇီရိုပိုင်နက်တွေကိုလည်း
လွတ်လပ်မှုပေးထားသင့်တယ်လို့
ရာသီဥတုတွေက နှစ်စဉ်ကျင်းပတဲ့
ညီလာခံမှာ သဘောတူထားတာတွေ
ရှိပါတယ်။
۩ကဲ့ဘာပဲ ဖြစ်ဖြစ်လေ
ရာသီဥတုတွေရဲ့
ကိုယ်ပိုင်ပြဌာန်းခွင့်ကိုတော့
ဘယ်သူမှ
မတရားသဖြင့် စီမံအုပ်ချုပ်တာ
သဘာဝတွေရဲ့
တန်းတူညီမျှခြင်းကိုလည်း
ဘယ်သူမှ
မတရားသဖြင့် ခွဲခြားဆက်ဆံတာ
စတဲ့ဖွံ့ဖြိုးတိုးတက်တဲ့
လူ့ခေတ်ကြီးမှာ
တရားသဖြင့်
ပြဌာန်းထားတဲ့ ဥပဒေအတိုင်း
ကျင့်သုံးလိုက်နာဖို့
မြန်မာ့ရာသီဥတုတွေရဲ့
ဥပဒေနဲ့
နိုင်ငံတကာရဲ့ ဥပဒေနဲ့ ထပ်တူပါဘဲ။
۩ကျွန်တော်တို့ ရာသီဥတုတွေမှာ
တူညီတဲ့
ဥပဒေပြဌာန်းချက်တွေရှိတယ်
နယ်မြေပိုင်နက်တွေရှိတယ်
ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့
ကိုယ်ပိုင်အင်္ဂါလက္ခဏာကို ထိမ်းသိမ်းဖို့ အခွင့်အရေးတွေရှိတယ်
စစ်အုပ်စု
သဘာဝရဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ
တရားမျှတမှုမရှိဘူး၊
နှင်းမိုးစွန်နဲ့ နွေအငွေ့အသက် တွေကို ဖျက်ဆီးနေတယ်။
ဒါပေမဲ့
ရာသီဥတုတွေရဲ့ အခွင့်အရေးကိုတော့
ရွေးကောက်ပွဲ မတိုက်ခင်
အပြတ်အနိုင်တိုက်ကြမယ်လို့
ရာသီဥတုအဖွဲ့ချုပ်တွေရဲ့
မဟာဗျူဟာမှာ ချမှတ်ထားကြပါပြီ။
***အောင်သန်း(ရခိုင်ပြည်တပ်မတော်-AA)
နို ၂၁၊ ၂၀၀၉။ဆောင်းရာသီ
۩မြန်မာပြည်မှာ
ဆောင်းကော်မတီတွေ
ညီညွှတ်မှု
မရှိခဲ့လို့တဲ့
ဆောင်းဦးရဲ့
အနှစ်သာရကို
ပြည်သူတွေ
မခံစားရဘူးလို့ မေလ/၂၀၀၈ က ကျင်းပတဲ့ ရာသီဥတု ဆန္ဒခံယူပွဲက ပြောတယ်ဆိုပဲ။
۩အဲဒီမှာ နေနဲ့မိုး ပါတီတွေကလည်း
အရင်ကတည်းက
ညီညွတ်မှု
မရှိခဲ့လို့တဲ့ ရဟန်းပြည်သူမျိုးဆက်တွေ
မျိုးပြိုန်းသွားမဲ့
အနေအထားတွေ
ကျရောက်ခဲ့ပြီးပါပြီလို့
ရာသီတွေရဲ့ သမိုင်းမှတ်ကျောက်မှာ တွေ့ရကြောင်းကို သဘာဝက ဆိုပါတယ်။
۩ရာသီဥတုတွေကို ဒီလိုမဖေါက်ပြန်ကြဖို့
ရဟန်းပြည်သူမျိုးဆက်တွေ
တောင်းဆိုထားပါတယ်
တဘက်မှာ
မိုးရွာတာ တပြိုင်နက်ဆိုပေမဲ့
မိုးသီးတွေက
ပြိုင်တူမြေမခဘူး
ရာသီဥတုတွေကို မဖေါက်ပြန်မရ
ဖြစ်နေအောင်
ဖန်တီးတဲ့
ရာသီအတုတွေ ရှိနေတယ်လို့
နှစ်စဉ်လေ့လာသုံးသပ်ချက်များကို
ပြုစုနေတဲ့ ကမ္ဘာကုလဆိုင်ရာအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
۩ရာသီတွေရဲ့ အနှစ်သာရ
မတူဆိုလို့
ဆောင်းမှာ အေးတယ်
နေမှာပူတယ်
မိုးမှာအနေသာပါလို့
နိုင်ငံတကာ
ရာသီဥတု ဥပဒေက ဆိုပါတယ်။
۩ပြဌာန်းထားတဲ့ ဥပဒေတွေမှာ
ဆောင်းရဲ့ပိုင်နက်နယ်မြေ
မိုးရဲ့ပိုင်နက်နယ်မြေ
နေရဲ့ပိုင်နက်နယ်မြေ
ကန့်သတ်မှုနဲ့
တရားမျှတမှုကိုတော့
ရာသီတွေ တပြေးညီ
လိုလားကြပါတယ်။
۩ပိုင်နက်တွေအကြား
ဇီရိုပိုင်နက်တွေကိုလည်း
လွတ်လပ်မှုပေးထားသင့်တယ်လို့
ရာသီဥတုတွေက နှစ်စဉ်ကျင်းပတဲ့
ညီလာခံမှာ သဘောတူထားတာတွေ
ရှိပါတယ်။
۩ကဲ့ဘာပဲ ဖြစ်ဖြစ်လေ
ရာသီဥတုတွေရဲ့
ကိုယ်ပိုင်ပြဌာန်းခွင့်ကိုတော့
ဘယ်သူမှ
မတရားသဖြင့် စီမံအုပ်ချုပ်တာ
သဘာဝတွေရဲ့
တန်းတူညီမျှခြင်းကိုလည်း
ဘယ်သူမှ
မတရားသဖြင့် ခွဲခြားဆက်ဆံတာ
စတဲ့ဖွံ့ဖြိုးတိုးတက်တဲ့
လူ့ခေတ်ကြီးမှာ
တရားသဖြင့်
ပြဌာန်းထားတဲ့ ဥပဒေအတိုင်း
ကျင့်သုံးလိုက်နာဖို့
မြန်မာ့ရာသီဥတုတွေရဲ့
ဥပဒေနဲ့
နိုင်ငံတကာရဲ့ ဥပဒေနဲ့ ထပ်တူပါဘဲ။
۩ကျွန်တော်တို့ ရာသီဥတုတွေမှာ
တူညီတဲ့
ဥပဒေပြဌာန်းချက်တွေရှိတယ်
နယ်မြေပိုင်နက်တွေရှိတယ်
ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့
ကိုယ်ပိုင်အင်္ဂါလက္ခဏာကို ထိမ်းသိမ်းဖို့ အခွင့်အရေးတွေရှိတယ်
စစ်အုပ်စု
သဘာဝရဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ
တရားမျှတမှုမရှိဘူး၊
နှင်းမိုးစွန်နဲ့ နွေအငွေ့အသက် တွေကို ဖျက်ဆီးနေတယ်။
ဒါပေမဲ့
ရာသီဥတုတွေရဲ့ အခွင့်အရေးကိုတော့
ရွေးကောက်ပွဲ မတိုက်ခင်
အပြတ်အနိုင်တိုက်ကြမယ်လို့
ရာသီဥတုအဖွဲ့ချုပ်တွေရဲ့
မဟာဗျူဟာမှာ ချမှတ်ထားကြပါပြီ။
***အောင်သန်း(ရခိုင်ပြည်တပ်မတော်-AA)
နို ၂၁၊ ၂၀၀၉။ဆောင်းရာသီ


No comments:
Post a Comment