လူမမာလို လူကို ကံကြမ္မာက ချောင်းရိုက်နေတယ် ။
**သော့ခတ်ထားတဲ့ အနာဂတ်မှာ
ရိုးသားမှုတွေ ချောင်ထိုးခံရ
သစ္စာတရားက မြန်မာ့ ပိုက်ဆံအကြွေလို ရှားပါးနေတယ် ။
**အကျင့်ပျက် စနစ်က အမှန်တရားကို ဖြတ်ရိုက်
အမှောင်ခေတ်မှာ အလင်းတွေ ကပ်ဆိုက်
ဘ၀တွေ မီးပျက်လဲ ဓာတ်လိုက်သလို နာကျင်စွာ ခံစားနေတယ် ။
**မသမာသူတွေ အတ္တချင်းပြိုင် ပေါင်းစား
အပေါစားလူက စာရိတ္တကို အမြတ်တင် ရောင်းစား
ခေတ်ပျက်မှာ မသူတော်တွေ ကောင်းစား
သူတော်ကောင်းတွေက တောင်းစားနေတယ် ။
***ခေတ် ပြိုပျက်
အကျင့်စရိုက်တွေ မှိုတက်
အလိုရမ္မက် လောဘများ အားပြိုင်ကြတယ် ။
**လူချခံရပြီး
ပြစ်ဒဏ်ဘော တစ်ကြိမ်မှ မရတာကြာတော့
ကွင်းလယ်ဒိုင် ကမ္ဘာ့ကုလသမဂ္ဂကို
အဝေးမြင် အနီးမြင်အောင် ပါဝါအားကောင်းတဲ့ မျက်မှန်တစ်လက်တော့
ခရစ္စမတ် လက်ဆောင်လိုလိုနဲ့ ပေးပြီး လာဘ်ထိုးဖို့ လိုသေးလား ။
**ပုတ်သိုး ဆွေးမြည့်ခဲ့ အချိန်တွေနဲ့အတူ
အတိတ်ဟောင်းက မစိုပြေ
စိတ်ထောင်း ကိုယ်ကြေ ရက်စွဲများ ခြေရာထပ်လာတယ် ။
**ဒီလိုနဲ့
ခွဲခြမ်းစိတ်ဖြာကြည့်မိတဲ့ စိတ်ဒဏ်ရာများမှာ
စစ်လေရူးနဲ့အတူ လွင့်မျောပါသွားတဲ့
လွတ်လပ် ငြိမ်းချမ်း ပျော်ရွှင်ခြင်းတွေ
ငါတို့ထံ အလည်မရောက်တာ ကြာခဲ့ပြီ ။
***အောင်ခိုင်မြင့်***
**ခြူခြာတဲ့ စီးပွားရေးကြောင့် ခေါင်းကိုက်နေဆဲ

No comments:
Post a Comment