ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, November 13, 2009

NCGUB: News on Migrants & Refugees-13 November, 2009 (English & Burmese)

> *************************************************************
HEADLINES
*************************************************************
NEWS ON REFUGEES
Karen refugees told to leave Thai camps
Refugees abroad; windows of survival for Chin people

***(ရွေ့ ပြောင်းအလုပ်သမားများသတင်း)**
ယာယီနိုင်ငံကူး လက်မှတ်ဆိုင်ရာစစ်တမ်း ထိုင်းအလုပ်သမားဝန်ကြီးထံ ပေးပို့
မြန်မာ အလုပ်သမားများအကြောင်း ရုပ်ရှင် ဘန်ကောက်တွင်ပြမည်
ယာယီနိုင်ငံကူး လက်မှတ်နှင့် မြန်မာ အလုပ်သမားများ
**(ဒုက္ခသည်များသတင်း)**
ဒုက္ခသည်စခန်းတွင် ငွေတုလုပ်သည့် ပစ္စည်းများ ဖမ်းမိ
နှစ်ရှည်ထိန်းသိမ်းခံ မြန်မာသူပုန်တွေကို ဒုက္ခသည်အဖြစ် သတ်မှတ်မည်

Nov 12, 2009 (DVB)
Refugees who fled to Thailand in June after fighting broke out in eastern Burma’s Karen state have been told by Thai authorities to leave the makeshift camps they had been living in.
Up to 5,000 Karen civilians are thought to have crossed into Thailand, where many found shelter in makeshift camps along the border. The exodus began as Burmese troops launched an offensive against the Karen National Union (KNU).

An official at one of the settlements near to Nu Po village in Thailand’s western Tak province said that Thai authorities had asked the refugees to leave their makeshift settlements.

“The Thai authorities have given a deadline for the refugees to move to Mae La refugee camp within 15 days,” he said. “They said that those who didn’t want to move to the new refugee camp may go back home [to Burma].”

Many of the refugees that left Burma spoke of repeated instances of forced recruitment by the Burmese army’s proxy militia, the Democratic Karen Buddhist Army (DKBA).

The official said only four of the 29 families have gone back to Burma while the rest remained in Thailand at the houses of Thai-Karen sympathizers.

“Also the [Thai officials] claimed that some people among the refugees had links with the KNU and that they would be arrested,” he said, adding however that no arrests had yet been made.

The official said that a school that had opened for 200 children in the settlement was also ordered to close by Thai authorities.

Around 150,000 Burmese refugees live in camps along the Thai-Burma border. The Thai government has voiced concern about an increase in refugees fleeing heavy fighting in the run-up to elections in Burma next year.

A Karen man living in the camp near to Nu Po said that it was unlikely he would stay there for much longer.

“We are only temporarily staying here because we are afraid to stay in our village [in Burma],” he said. “We have no choice but to seek shelter here, but are also facing threats from the Thai authorities. I want to leave here too but I don’t know where to go.”

http://english.dvb.no/news.php?id=3048

12 November 2009
Mounting economic crisis is driving out people in Chin state, western Burma by the day, but refugees abroad continue to be windows of survival for Chin people.
Statistics show that there are many Chin people in Mizoram state, India from Chin state, western Burma.
Recently Mr. Hram Uk and his family fled to Mizoram in order to take refuge in New Delhi, India from Mang Kheng village, Falam township in Chin state.
Mr. Hram Uk said, “Usually the Burmese junta authorities call us to work for them and they collect some donation every month. We cannot afford it as we are very poor. We cannot send our children to school. Sometimes, patrolling military personnel demand our domestic animals. So we had to sell our properties and flee to India.”
He told Khonumthung News that there are many villagers, who wanted to go abroad. They are suffering from different kinds of problems in Burma, so they preferred to go to India as refugees.
Now most Chin people are suffering the effects of famine, which was brought by bamboo flowering in the state leading to multiplication of rats. Crops have been destroyed by rats, flies and bugs since late 2006.
Although some Chin people, who are abroad support them, they cannot cover all the villagers in the state. Therefore, they are doing whatever jobs they get to eke out a living. On the other hand, the military junta oppresses them making myriad demands.
A survey report states the population of Chin state was about 5 lakhs in the last two years, but now it has decreased to about 4 lakhs. Some NGOs’ statistics also show that there are about 2,000 Chin people in New Delhi, about 13,000 in Malaysia, United States and other European countries.
http://www.khonumthung.com/kng-news/09-news/refugees-abroad-windows-of-survival-for-chin-people/

ရွေ့ ပြောင်းအလုပ်သမားများသတင်း

Thursday, 12 November 2009 19:13 ဘစောတင်

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ ပြောင်း အလုပ်သမားများ ရင်ဆိုင်ကြုံတွေ့ နေရသော ယာယီနိုင်ငံကူး လက်မှတ်ဆိုင်ရာ အခက်အခဲများ အတွက် အကြံပြုစာနှင့် စစ်တမ်း ကောက်ချက် တစောင်ကို ယမန်နေ့က ထိုင်းအလုပ်သမား ၀န်ကြီးထံသို့ Migrant Working Group ကပေးပို့ ခဲ့ကြကြောင်း သတင်းရရှိသည်။

မြန်မာ့အရေးကို ကူညီဆောင်ရွက်ပေးနေသော ထိုင်း NGO များနှင့် မြန်မာအလုပ်သမားအဖွဲ့ များ ပူးပေါင်း ဖွဲ့စည်းထားသော Migrant Working Group က အချိန် ၂ လ ယူ၍ ထိုင်းနိုင်ငံအတွင်းမှ အဓိကကျသော ဒေသ ၈ ခုတွင် မြန်မာအလုပ်သမားများ၏ သဘောထားကို စစ်တမ်းများကောက်ယူခဲ့ကြပြီး ယခုကဲ့သို့ ထိုင်း အလုပ်သမား ၀န်ကြီးထံသို့  ပို့ပေးခဲ့ခြင်းဖြစ်ကြောင်း စစ်တမ်းကောက်ရာတွင် ပါဝင်သည့် ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသား ညွန့် ပေါင်းအစိုးရအဖွဲ့ မှ အလုပ်သမားရေးရာ တာဝန်ခံ ဦးသက်ခိုင်က ပြောသည်။

“ကျနော်တို့ အလုပ်သမားတွေရဲ့ စိုးရိမ်စိတ်တွေကို အလေးအနက်ထား စစ်တမ်းကောက်ပြီး ထိုင်းအစိုးရကို တင်ပြတာဖြစ်ပါတယ်။ ဒီလိုလုပ်မှလည်း အားလုံးပူပန်နေရတဲ့ သောကတွေ ပျောက်ကွယ်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်း စစ်တမ်းကို ထိုင်းနိုင်ငံ ဘန်ကောက်၊ မဟာချိုင်၊ ချင်းမိုင်၊ မဲဆောက်၊ ဖူးကက်၊ ရနောင်း၊ ဖန်င၊ စူရဌာနီ စသည့် ဒေသ ၈ ခုရှိ မြန်မာအလုပ်သမား ၃၀၀ ၀န်းကျင်ကို မေးမြန်း၍ ပြုစုထားခြင်း ဖြစ်သည်။

စစ်တမ်းအရ ၆၀ ရာခိုင်နှုန်းက ယာယီနိုင်ငံကူးလက်မှတ် လုပ်လိုသော ဆန္ဒမရှိကြောင်း ဖော်ပြကြပြီး ၂၀ ရာခိုင်နှုန်းက ယာယီနိုင်ငံကူး လက်မှတ်နှင့် ပတ်သက်၍ မည်သည့်ဗဟုသုတမျှ မရှိသေးကြောင်း ဖော်ပြ သည်ကို တွေ့ ရသည်။ ကျန် ၂၀ရာခိုင်နှုန်းကမူ မလွှဲသာလျှင်လုပ်မည်ဟု ဆိုသည်၊

ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် ထိုင်းနှင့် မြန်မာစစ်အစိုးရတို့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မည့် နားလည်မှုစာချွန်လွှာ MoU အရ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယာယီ နိုင်ငံကူးလက်မှတ်အတွက် ထိုင်းဘက်မှ တာဝန်ယူဆောင်ရွက်သည့် ကုမ္ပဏီ ၃ ခုသည် မြန်မာပွဲစား များ၊ စက်ရုံအလုပ်ရုံများမှ မန်နေဂျာများနှင့် ပူးပေါင်းကာ အမှန်တကယ်ကုန်ကျမည့် စရိတ် ဘတ် ၃၀၀၀ ထက် ပိုမိုတောင်းခံနေကြသည်ကိုတွေ့ ရသည်၊

တောင်းခံငွေမှာ တနေရာနှင့် တနေရာမတူဘဲ ကွဲပြား လျက်ရှိသည်။ တချို့ဒေသများတွင် ဘတ်ငွေ ၇၂၀၀ ပေးရပြီး မဟာချိုင်ကဲ့သို့  မြန်မာ အလုပ်သမား ၅ သိန်းအထက်ရှိသော အရပ်များတွင် ၁၅၀၀၀ အထိ တောင်းနေကြောင်းသိရသည်။ မြန်မာအလုပ်သမားများအနေဖြင့် အဆိုပါ ကုန်ကျစရိတ်များကိုလည်း တိတိ ကျကျ သိလိုကြောင်း မဟာချိုင်ရှိ President မီးခံသေတ္တာ စက်ရုံမှ ကိုစိုးရွှေကဆိုသည်။

“ကျနော်တို့အနေနဲ့ ပတ်စ်ပို့ လုပ်ပြီးတဲ့နောက်ပိုင်းမှာ ဘယ်လိုဆိုးကျိုး ကောင်းကျိုးဖြစ်မယ်ဆိုတာကို ရှင်းလင်းလင်းလည်း သိချင်ပါတယ်။ နောက်တခုက ဒီပတ်စ်ပို့ လုပ်ပြီးရင် ဘယ်လိုမျိုး အာမခံချက် ရှိသလဲပေါ့၊ ဆိုပါတော့ ရွာက မိဘတွေကို ငွေညှစ်မညှစ် ဆိုတာမျိုးပါ” ဟု သူက ပြောဆိုသည်။ ၎င်းသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည်မှာ ၆ နှစ်ခန့်ရှိပြီဖြစ်သည်။

အထက်ပါ စစ်တမ်းတွင် ထိုင်းအစိုးရထံသို့ Migrant Working Group က ဆက်လက်အကြံပြုရာတွင် “ယခုဆောင်ရွက်နေသော အစီအစဉ်များသည် အလုပ်သမားများ၏ ဆန္ဒသဘောထားမပါဘဲ အစိုးရများ၏ သဘောထားများအတိုင်း ဆောင်ရွက်နေသောကြောင့် အောင်မြင်ရန် မလွယ်ကူဟု” ပါရှိသည်။

ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်နေကြသော လာအိုနှင့် ကမ္ဘောဒီးယားမှ အလုပ်သမားများလည်း ယာယီ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားကြကြောင်း သိရသည်။

လာအိုနှင့် ကမ္ဘောဒီးယားတို့ကို ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပေးစဉ်က သက်ဆိုင်ရာနိုင်ငံများမှ လူဝင်မှုကြီးကြပ်ရေး ၀န်ထမ်းများ ကိုယ်တိုင်လာရောက်ပြီး မိမိနိုင်ငံသားဖြစ်ကြောင်းကို လူတွေ့ စစ်ဆေးကာ အတည်ပြုပေးခဲ့ကြသည်ဟု သိရသည်။

မြန်မာနိုင်ငံသားများကိုမူ မှတ်ပုံတင် သန်းခေါင်စာရင်း အမှန်များ တင်ပြနိုင်မှသာ ထုတ်ပေးမည်ဟု ဆိုသည်။ အလုပ်သမားလက်မှတ်ပြုလုပ်ထားသူ အများစုတွင် မှတ်ပုံတင် သန်းခေါင်စာရင်းမရှိသူ များစွာပါဝင် နေသည်။

ထိုင်းအလုပ်သမား ၀န်ကြီးဌာနသို့ ကိုယ်တိုင်သွားရောက်ကာ စာပေးပို့ ခဲ့သူ Action Network For Migrant (ANM) မှ စေ့စပ်ညှိနှိုင်းရေးမှူး Bundit Panwiset ကလည်း “အခက်ခဲဆုံး အပိုင်းကတော့ မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေက နိုင်ငံသားဖြစ်ကြောင်း အတည်ပြုရေးကိစ္စကို နယ်စပ်မြို့တွေမှာပဲ လုပ်ပေးပြီး အလုပ်သမား များများ စားစား ရှိတဲ့အရပ်မှာ မလုပ်ပေးတဲ့ အချက်ပါ။ ပြီးတော့ မြန်မာအလုပ်သမား အများစုက ကိုယ်ရေးအချက်အလက်တွေကို ကြောက်လန့်ပြီး အမှန်မပေးတာကြောင့်လည်း ခက်ခဲပါတယ်” ဟု ဆိုသည်။

၎င်းတို့ပေးပို့သော စာကို ထိုင်း အလုပ်သမား ၀န်ကြီး၏ အကြံပေးအရာရှိက လက်ခံရယူခဲ့ပြီး လာမည့် အစိုးရ ၀န်ကြီးများ အစည်းအဝေးတွင် တင်ပြမည်ဟုသိရသည်။ ထိုင်း အလုပ်သမား ၀န်ကြီးဌာနအနေဖြင့် အတတ်နိုင်ဆုံး အလုပ်သမားများ၏ အရေးကို အဆင်ပြေချောမွေ့စေရန် ကြိုးစားသွားမည်ဟု အဆိုပါ အရာရှိက ပြန်လည်ပြောဆိုခဲ့ကြောင်း Bundit Panwiset က ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ အလုပ်သမားရေးရာ ၀န်ကြီး ဦးခွန်မြင့်ထွန်းကလည်း “အခု ရရှိထားတဲ့ စစ်တမ်းကို ကျနော့်အနေနဲ့ အလေးအနက် ထောက်ခံ ပါတယ်။ အလုပ်သမားတွေရဲ့ ဆန္ဒမပါဘဲနဲ့ အလုပ်သမားအရေးကို အတင်း အဓမ္မဆောင်ရွက်ရင် အောင်မြင်စရာ မရှိပါဘူး” ဟု ဆိုသည်။

ဆက်လက်၍ ၎င်းက ယခု ယာယီပတ်စ်ပို့ ကိစ္စသည် ယေဘုယျအားဖြင့် ကောင်းမွန်သည်ဟု ဆိုနိုင်သော် လည်း အလုပ်သမားများဘက်က ကြုံတွေ့ နေရသည့် အခက်အခဲ၊ အန္တရာယ်များကို ထည့်မစဉ်စားလျှင် ကောင်းကျိုးထက် ဆိုးကျိုးသာ များလာနိုင်ကြောင်း၊ ယခုစစ်တမ်းနှင့် အလုပ်သမားအဖွဲ့ များ၏ တင်ပြချက်များကို ထိုင်းအလုပ်သမား ၀န်ကြီးဌာနက အလေးအနက် ထည့်သွင်းစဉ်းစား ပေးစေချင်ကြောင်း ပြောကြားသည်။

ယခုအခါ အလုပ်သမားလက်မှတ် ပြုလုပ်ထားသော မြန်မာ ၁ သန်းကျော်အနက် ၂၀၀၀ ကျော်သာ ပြီးစီးသေးသောကြောင့် ၂၀၁၀ ပြည့်နှစ် ဖေဖ၀ါရီလ ၂၈ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည့် သန်းနှင့် ချီသော အလုပ်သမားများ၏ အရေးကို ထိုင်းအစိုးရက မည်သို့ ဆက်လက်ကိုင်တွယ်သွားမည်ဆိုသည်မှာ လွန်စွာ စိတ်ဝင်စားစရာကောင်းကြောင်း၊ မြ၀တီ ကော့သောင်းနှင့် တာချီလိတ်မြို့များတွင် တနေ့လျှင် လူ ၂၀၀ နှုန်းခန့်သာ ပြုလုပ်ပေးလျှက် ရှိသောကြောင့် လူ တသန်းကို လာမည့် ရက်ပေါင်း တရာကျော်အတွင်း ပြီးစီးရန် ဆောင်ရွက်ပေးမည်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း အလုပ်သမားအဖွဲ့ များက ထောက်ပြ ကြသည်။

၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့က စတင်ပြုလုပ်ပေးခဲ့သော ယာယီ နိုင်ငံကူးလက်မှတ်ကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားကြားတွင် စစ်အစိုးရ၏ ဖမ်းဆီးမှုခံရမည်ကို စိုးရိမ်မှုများ၊ နိုင်ငံတွင်း ကျန်ခဲ့သည့် မိဘများ ထံမှ ငွေညှစ်မည်ကို စိုးရိမ်မှုများ ကြီးထွားကာ ကြီးမားသောပြဿနာတရပ်အဖြစ် ဖြစ်ပေါ်နေသည်မှာ ၄ လခန့် ရှိပြီဖြစ်သည်။

http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=2126:2009-11-12-12-16-58&catid=1:news&Itemid=2

Thursday, 12 November 2009 17:52 အေးလဲ့
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲ၊ ဖြစ်ရပ်မှန်ကို ထင်ဟပ်မည့် “Colors of Our Hearts” အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို
၇ ကြိမ်မြောက် ကမ္ဘာ့ရုပ်ရှင် ပွဲတော်၌ ပြသမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကမ္ဘာ့ရုပ်ရှင်ပွဲတော်ကို ယခုလ ၆ ရက်နေ့မှ စတင်၍ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Saim Paragon ၌ ကျင်းပလျက်ရှိပြီး ၁၅ ရက်နေ့နောက်ဆုံးဟု သိရသည်။ အထက်ပါ ဇာတ်ကားကို ၁၄ ရက်နေ့တွင် ပြသမည် ဖြစ်ကြောင်းသိရသည်။

ဇာတ်လမ်းတွင် ပါဝင် သရုပ်ဆောင်သူများသည် သာမန် အလုပ်သမားများ ကိုယ်တိုင်ပင် ဖြစ်ပြီး ထိုင်း နိုင်ငံသားဒါရိုက်တာ Supamok Silarak က ရိုက်ကူးထားခြင်း ဖြစ်သည်။ အခန်းဆက် အပိုင်း ၄ ပိုင်း ပါဝင်ပြီး မွန်၊ ဗမာ၊ မြောက်ပိုင်း ထိုင်းနိုင်ငံသားတို့၏ ဘာသာစကားများဖြင့် ပြောဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။ အဓိက သရုပ်ဆောင် ၄ ဦး ပါဝင်ပြီး ထိုင်းဘာသာစကားဖြင့် စာတန်းထိုး ဖော်ပြမည် ဖြစ်သည်။

ယင်း ရုပ်ရှင် ဇာတ်ညွှန်းရေးသား၊ ထုတ်လုပ်သူ Th’blay paw က ရွှေ့ပြောင်းအလုပ်သမားတို့၏ ပြောပြချက် ကို အခြေခံရေးသား ရိုက်ကူးထားခြင်းဖြစ်ကြောင်း ပြောသည်။ အဆိုပါ ဇာတ်ကားကို ထိုင်းနိုင်ငံ အစိုးရနှင့် မသက်ဆိုင်သော အဖွဲ့တဖွဲ့ဖြစ်သည့် နယ်စည်းမခြား မိတ်ဆွေများအဖွဲ့က စီစဉ်ရိုက်ကူးခြင်းဖြစ်သည်။

Th’blay paw က “မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲကို ထိုင်း ပြည်သူ တွေ သိရှိ နားလည်ဖို့နဲ့ သူတို့တွေလည်း လူသားတွေပဲ ဖြစ်တယ်ဆိုတဲ့ အသိတရားရှိစေဖို့ ရည်ရွယ်ပါတယ်” ဟု ပြောသည်။

၎င်း အနေနှင့် မဟာချိုင်ဒေသသို့ သွားရောက်ခဲ့စဉ် ထိုင်းရဲက ဖမ်းဆီမည်ကို စိုးရိမ်ကာ ထွက်ပြေးနေသည့် တရားမဝင် မြန်မာလုပ်သားများကို တွေ့မြင်ခဲ့ပြီးနောက် လွန်စွာ စိတ်မကောင်း ဖြစ်ခဲ့ရပြီး ယခုကဲ့သို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ ရိုက်ကူးရန် ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း Th’blay paw က ဆက်ပြောသည်။

ဇာတ်လမ်းအရ ချင်းမိုင်မြို့တွင် လိင်ဖျော်ဖြေရေးအတွက် ရောင်းစားခံခဲ့ရသော “အခါ” တိုင်းရင်းသူတဦး၏ ဘဝ ဇာတ်ကြောင်း၊ တရားမဝင်မြန်မာအလုပ်သမားများကို စာသင်ကြားပို့ချနေသည့် ကျောင်းဆရာတဦး အကြောင်း၊ အဓမ္မ အလုပ်ခိုင်းစေခံခဲ့ရပြီး လုပ်အားခမရသည့် မဲဆောက်မြို့မှ ကရင် တိုင်းရင်းသူ တယောက် အကြောင်းနှင့် မြန်မာအလုပ်သမားများကို မဖမ်းရန်ထိုင်းဘုရင်ကို တွေ့ဆုံပြောပြချင်သော မွန် တိုင်းရင်းသား လူငယ် အကြောင်းရိုက်ကူးထားသည့် “Hongsa’s Schoolbag” ဇာတ်ကား ဖြစ်သည်။

၂၀၀၈ ခုနှစ်က “Hongsa’s Schoolbag” ဇာတ်ကားကို ပြသခဲ့ပြီးဖြစ်ရာ အကောင်းဆုံးဆု ရရှိခဲ့သည်။
အဆိုပါ ဇာတ်ကားကို ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းမြန်မာလုပ်သား အများစုနေထိုင်၊ အလုပ်လုပ်ကိုင်ကြသော ဘန်ကောက်မြို့ အနီး စမွတ်စခွန် မြို့နယ်ရှိ မဟာချိုင်ဒေသ၊ ချင်းမိုင်မြို့နှင့် မဲဆောက်မြို့တို့တွင် ရိုက်ကူး ထားခြင်း ဖြစ်ကြောင်း သိရသည်။

မွန် သရုပ်ဆောင် တဦးဖြစ်သူ Saorochai က “လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး နဲ့ လူသားချင်း စာနာတဲ့ စိတ်ရှိအောင် အခုလိုဇာတ်ကားမျိုး ထုတ်ပေးတာ ကောင်းတယ်လို့ ကျနော်မြင်တယ်” ဟု ဧရာဝတီ သို့ပြောသည်။

ထိုင်းတနိုင်ငံလုံးတွင် မြန်မာပြည်သားရွှေ့ပြောင်း နေထိုင်သူ ၂ သန်းမှ ၄ သန်းအထိရှိကြောင်း အလုပ်သမား အခွင့်အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏ စာရင်းအရ သိရသည်။

အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများသည် ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၊ စားသောက်ဆိုင်များ၊ အရောင်းဆိုင်များ၊ အိမ်ဖော်အလုပ်အကိုင်နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် လုပ်ကိုင်ကြသည်။
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=2122:2009-11-12-10-53-33&catid=1:news&Itemid=2

Thursday, 12 November 2009 18:39 အဲလက်စ် အဲလ်ဂီး

“ရဲတွေ့ရင် ရင်တုန်ကြောက်ရွံ့ မနေရတော့ဘူးဆိုတော့ ကျနော် ပျော်လိုက်တာ။ ကျနော် ထိုင်းနိုင်ငံထဲမှာ လွတ်လွတ် လပ်လပ် ခရီးသွားနိုင်တော့မယ်၊ ငွေညှစ်ခံရမှာ၊ အဖမ်းခံရမှာလည်း ပူစရာ မလိုတော့ဘူး” ဟု ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် နေထိုင်သည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ကိုသော်တာက ဆိုသည်။
ကိုသော်တာ ၁၀ နှစ်သား အရွယ်က သူ၏ မိသားစုနှင့်အတူ ဆင်းရဲဒုက္ခများ လွတ်မြောက်နိုင်ရန် မြန်မာနိုင်ငံမှ ထိုင်း နိုင်ငံသို့ ထွက်ပြေး အခြေချခဲ့ကြသည်။ သူက နှစ်ပေါင်းများစွာ ထိုင်း ရဲကို ကြောက်ရွံ့ရင်း ကြီးပြင်းလာခဲ့ရသည်။ ရံဖန်ရံခါ ငွေကြေး လာဘ်ပေးရသည်လည်း ရှိခဲ့သည်။ မပေးလျှင် ထောင်ချနိုင်သည်။ ပိုဆိုးသည်က မြန်မာ နိုင်ငံသို့ အတင်းအကျပ် ပြန်ပို့ခံရမည့် အန္တရာယ်လည်း သူတို့ ကြုံရနိုင်သေးသည်။

နောက်ထပ် ၁၇ နှစ်အကြာမှာတော့ ကိုသော်တာက ဘန်ကောက်ရှိ စားသောက်ဆိုင်ကြီးတခုတွင် စားဖိုမှူး ဖြစ်နေပြီ။ ယခုတော့ ယာယီ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားနိုင်ပြီ ဖြစ်သောကြောင့် သူ့ကိုယ်သူ ဂုဏ်ယူနေမိသည်။

သေချာ ရေရာမှု မရှိလှသည့် တရားမ၀င်ရွှေ့ပြောင်း လုပ်သားများဘ၀မှ လွတ်မြောက်နိုင်ရန် အခွင့်အလမ်းပေါ်သည်နှင့် တပြိုင်နက် သူ အရယူခဲ့သည်။ သူ၏လုပ်ငန်းရှင်က ထိုင်း-မြန်မာနယ်စပ်၌ မြန်မာနိုင်ငံသား ဖြစ်ကြောင်း ထောက်ခံပေးကာ ယာယီနိုင်ငံကူးလက်မှတ်အတွက် အကူအညီပေးမည်ဟု ပြောလာသဖြင့် သူဝမ်းအသာကြီး သာခဲ့မိသည်။

တချို့သော သူများအတွက်တော့ နိုင်ငံကူးလက်မှတ်ရလာသည့် ကိုသော်တာ၏ အနေအထားကို အောင်မြင်မှု တခုအဖြစ် ယူဆနေကြသည်။ တကယ်လည်း ယူဆထိုက်၏၊ ကိုသော်တာ ထိုလက်မှတ်ရရန် ထိုက်သင့်သည့်ငွေကြေး ကုန်ကျမှုထက် တပြားတချပ်မျှ ပိုမပေးခဲ့ရသည့်အပြင် သူ့ အလုပ်ရှင်က သူ့ကို လုံခြုံစွာဖြင့် နယ်စပ်အထိ လိုက်လံပို့ဆောင် ကူညီပေးခဲ့သေးသည်။

သို့သော်လည်း တက်ကြွလှုပ်ရှား သူများကတော့ ယခုအခါ ထိုင်းနိုင်ငံ အတွင်း မြန်မာရွှေ့ပြောင်း လုပ်သားများ တရားဝင် အလုပ်လုပ်ကိုင်နိုင်ရေးအတွက် အစီအစဉ်များအနေနှင့် လိုအပ်ချက် များစွာ ရှိနေသေးသည်ဟု ပြောဆိုနေကြသည်။

ကိုသော်တာလို ကံကောင်းသည်ကတော့ လူနည်းစုသာ ဖြစ်သည်။ ကိုသော်တာသည် ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ သန်းကျော် အနက်၊ ယာယီနိုင်ငံကူးလက်မှတ် ရရှိလာသူ ၂၀၀၀ ထဲမှ တဦးသာ ဖြစ်သည်။ ထိုင်းနိုင်ငံ အလုပ်သမားရေးရာ ၀န်ကြီး Phitoon Kaewthong ၏ အဆိုအရ ဤ လူ ၂၀၀၀ မှာ နိုင်ငံသားစိစစ်ရေး ဌာနများတွင် မှတ်ပုံတင်လာကြသူ၊ တနှစ်တာ (သက်တမ်းတို) နိုင်ငံကူးလက်မှတ်ရရှိကြသူ အရေအတွက် ဖြစ်သည်။

အလုပ်သမားများကိစ္စ လှုပ်ရှားဆောင်ရွက်နေကြသူများက ယခုကဲ့သို့ အလွန်နည်းသော လူဦးရေ အရေအတွက်ကသာ လက်မှတ် လာလုပ်ကြခြင်းကို ထောက်ပြဝေဖန်ကြရာ၌ လူအများအကြား သိရှိစေရန် သတင်းဖြန့်ဝေပေးခြင်း၊ ရွှေ့ပြောင်း လူထုများအကြား လူထုဆက်သွယ်ပြန်ကြားရေး အားနည်းမှုကြောင့်ဟု ထောက်ပြကြသည်။ သူတို့က ပြောဆိုကြရာ၌ အလုပ်သမားများက ယခု အစီအစဉ်ကို မသိရှိကြကြောင်းနှင့် ကြားသိသူများကလည်း ကောလာဟလမျိုးစုံနှင့် ရှုပ်ထွေးေ၀၀ါး နေကြသည်ဟု ဆိုကြသည်။

သူတို့ ထောက်ပြသည်မှာလည်း အမှန်ဖြစ်သည်။ မဲဆောက်တွင် စက်ရုံပိုင်ရှင် အများစုက နိုင်ငံသားစိစစ်ရေးနှင့် နိုင်ငံကူး လက်မှတ်ပြုလုပ်ရေးကိစ္စ သူတို့လုပ်သားများထံ တလုံးတပါဒမျှ ဖွင့်ဟပြောဆိုခြင်း မရှိကြပါ။

“မဲဆောက်မှာက လုပ်ခပေးတာလည်း သိပ်နည်းတယ်။ လုပ်ငန်းခွင် အခြေအနေကလည်း သိပ်ဆိုးတယ်။ အလုပ်ရှင်တွေ က တကယ်လို့ သူတို့အလုပ်သမားတွေသာ တရားဝင် နိုင်ငံကူးလက်မှတ်ရှိလာရင် လွတ်လပ်ခွင့် ရလာကြမှာကိုလည်း စိုးရိမ်နေကြတယ်” ဟု ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ တာဝန်ခံ ကိုမိုးဆွေက ရှင်းပြသည်။

အကယ်၍ အလုပ်သမားများက မြန်မာနိုင်ငံသား စစ်မှန်ကြောင်း စိစစ်ပြီးသည်နှင့် လက်မှတ်ရခဲ့လျှင် ထိုင်းနိုင်ငံထဲ၌ လွတ်လပ်စွာ သွားလာခွင့်ရှိလာမည် ဖြစ်သည်။

“စက်ရုံပိုင်ရှင်တွေက သူတို့ အခု မဲဆောက်မှာတနေ့ ဘတ် ၅၀ (ကျပ် ၁၅၀၀ ဝန်းကျင်) ပေးနေတဲ့အလုပ်ကနေ တနေ့ကို ဘတ် ၃၀၀ (ကျပ် ၉၀၀၀ ဝန်းကျင်) လောက်ရနိုင်မယ့် ဘန်ကောက်လို တခြားဒေသဘက်ကို အလုပ်သမားတွေ ရွှေ့ပြောင်းသွားမယ် ဆိုတာ သိနေတယ်” ဟု ကိုမိုးဆွေက ဆိုသည်။

မဲဆောက်တွင် အလုပ်လုပ်နေကြသည့် ရွှေ့ပြောင်းအလုပ်သမားများအဖို့ မူလလုပ်ခကပင် နည်းလွန်းနေရာ ယခု နိုင်ငံသား စိစစ်ရေးနှင့် နိုင်ငံကူးလက်မှတ် ရရှိရေးကိစ္စအတွက် ငွေကြေးမတတ်နိုင် ဖြစ်နေကြရသည်။ ထိုမျှမက အရာရှိများနှင့် ပွဲစားများ၏ ခြစားမှုသတင်းများ ကြားနေကြရသောကြောင့်လည်း စိတ်မလန်းနိုင် ဖြစ်နေကြရသည်။

မဲဆောက်နေ စက်ရုံအလုပ်သမတဦးက သူ၏ စိတ်ပျက်အားငယ်မှုများကို ဧရာဝတီမဂ္ဂဇင်းထံ ဖော်ထုတ် ပြောပြခဲ့သည်။

သူ အလုပ်လုပ်နေသည့် သိုးမွေးချည်ထိုးစက်ရုံသို့ မြန်မာအရာရှိများနှင့် ထိုင်းလူဝင်မှု ကြီးကြပ်ရေး အရာရှိ ၂ ဦး ပူးတွဲရောက်ရှိလာပြီး သူတို့ အလုပ်ရှင်ကို ဖိအားပေးသည်။ အလုပ်သမားများကို ယခု နိုင်ငံသား စိစစ်ရေးနှင့် ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားရန် ပြောဆိုသည်ဟု ကြားသောအခါ မူလက သူတို့အားတက်ပျော်ရွှင် နေခဲ့ကြသည်ဟု ထို အမျိုးသမီးက ပြောပြသည်။

စက်ရုံပိုင်ရှင်က မြန်မာအလုပ်သမားများ အနေနှင့် လက်မှတ်ရရှိရန် တဦးလျှင် ဘတ် ၅၀၀၀ (ကျပ် ၁ သိန်းခွဲခန့်) ဖြင့် ဈေးနှုန်းချိုသာစွာ လုပ်ပေးမည်ဟု ကြေညာကြောင်း၊ ယာယီနိုင်ငံကူးလက်မှတ် ရလိုပါက ယခုအချိန်သည် လျှောက်ထားကြရန် အကောင်းဆုံးအချိန်ဖြစ်ကြောင်း ထိုသူတို့က ပြောဆိုခဲ့သည်ဟု ဆိုသည်။

အလုပ်သမား အများစုက နိုင်ငံသားစိစစ်ရေးကိစ္စအတွက် စတင် လျှောက်ထားခဲ့ကြသော်လည်း ၁၀ ရက်အကြာတွင် လုပ်ခဈေးနှုန်းက ဘတ် ၇၅၀၀ (ကျပ် ၂၃၀၀၀၀ ခန့်) အထိ ဈေးတက်သွားပြီဟု ကြေညာခဲ့သည်။

“လူတွေက ဘယ်ဈေးနှုန်းရှိတယ်၊ ဘယ်လောက် ကုန်ကျမယ်ဆိုတာ ဘယ်သိမှာလဲ၊ အခုလို ဈေးနှုန်းတွေ ဘယ်လို မြင့်ကုန်သလဲဆိုတာ ကျမ နားမလည်နိုင်ဘူး။ အခုတော့ အပိုအကုန်အကျခံ ပြီး လုပ်ကြရတော့မယ်။ အခုလို မရိုးမသား လုပ်တာကိုလည်း သံသယဖြစ်နေတယ်။ ဒါပေမယ့် အဲဒီ ဈေးနှုန်းတွေကို တရားဝင် ပွင့်ပွင့်လင်းလင်း ကြေညာသင့်တယ်” ဟု အဆိုပါ အလုပ်သမက ပြောသည်။

ပွဲစားကုမ္ပဏီ ၃ ခုက ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ခဲ့ကာ ရွှေ့ပြောင်းအလုပ်သမားများကို ပုံစံများ ဖြည့်သွင်းရန် မြန်မာနယ်စပ်ရှိ နိုင်ငံသားစိစစ်ရေး ဌာနများသို့ ခရီးသွားလာရေးအတွက် ကူညီပေးမည်ဟု ကမ်းလှမ်းခဲ့ကြသည်ဟု သိရသည်။ ထိုအတွက် ကုန်ကျစားရိတ် ပိုသွားခြင်းဖြစ်သည်။

အလုပ်သမားအဖွဲ့အစည်း များကမူ လုပ်ခနည်းနည်းသာ ရရှိနေသော မြန်မာအလုပ် သမားများအတွက် လက်မှတ်လုပ်ခ ဈေးနှုန်းမြင့်မားနေသည်ဟု ဝေဖန်ကြသည်။ ဤသို့အကုန်အကျမခံနိုင်သည့်အတွက်ကြောင့် လက်မှတ် လျှောက်ထားမှုကို ဟန့်တားသကဲ့သို့ ဖြစ်စေသည်ဟု ဆိုသည်။

တချိန်တည်း၌ပင် တရားမ၀င် ပွဲစားများကလည်း လှုပ်ရှားနေကြသည်။ တချို့သတင်းများအရ လူလိမ်ပွဲစားများကို နိုင်ငံ ကူးလက်မှတ် အမြန်ရစေရန် ဘတ် ၁ သောင်းခန့် (ကျပ် ၃ သိန်းကျော်) ပေးကြရပြီး နောက်တကြိမ် ပြန်မတွေ့ ကြရဘဲ အလိမ်ခံနေကြရသည်ဟု သိရသည်။

ထိုင်းနိုင်ငံ၏ နိုင်ငံပိုင် လုပ်ငန်းများ အလုပ်သမား ဆက်ဆံရေး အဖွဲ့ (Thailand’s State Enterprise Workers Relations Confederation) ၏ အထွေထွေ အတွင်းရေးမှူးကမူ ယခုလုပ်ငန်းစဉ်သည် ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် စတင် ခဲ့သည်ဟု ယုံကြည်ကြောင်း ပြောသည်။ သို့သော်လည်း ပါဝင်ပတ်သက်နေကြသည့် အဖွဲ့အစည်းများက သူတို့၏ ချွတ်ယွင်းချက် အမှားများကို လက်ခံ၍ အောင်မြင်အောင် ဆောင်ရွက်သင့်သည်ဟု ဆိုသည်။

“အခုအစီအစဉ် အလုပ်ဖြစ်နိုင်ဖို့ ထိုင်းအစိုးရက သူ့ဘက်မှာ လာဘ်စားမှုတွေ ရှိနေတယ် ဆိုတာကို လက်ခံဖို့ လိုတယ်။ ဒါကြောင့် ဒီလုပ်ငန်းစဉ်တွေက ငွေကုန်ကြေးကျပိုများပြီး လုပ်ငန်း မတွင်ကျယ် ဖြစ်နေရတာ။ မြန်မာအစိုးရအနေနဲ့ တချို့တိုင်းရင်းသား လူမျိုးတွေလည်း မြန်မာနိုင်ငံသားပဲ ဆိုတာကို အသိအမှတ်ပြုဖို့ လိုတယ်။ သူတို့လည်း ဗမာတွေလိုပဲ နိုင်ငံသားအဖြစ် စိစစ်ပြီး လက်မှတ်ရဖို့ အခွင့်အရေးရှိသင့်တယ်” ဟု သူက ဆက်ပြောသည်။

ယာယီ နိုင်ငံကူးလက်မှတ် လျှောက်ထားကြသူ ဗမာမဟုတ်သော တချို့ တိုင်းရင်းသားများမှာ ပို၍ အခက်အခဲများ ကြုံတွေ့ ကြရသည်ဟုလည်း သတင်းများက ဆိုကြသည်။

တာ့ခရိုင် မဲဆောက် နိုင်ငံသားစိစစ်ရေးဌာနမှ အရာရှိတဦး၏ အဆိုအရ မြန်မာ - မွတ်လင်များ၏ နိုင်ငံသား စိစစ်ရေးနှင့် နိုင်ငံကူးလက်မှတ် ရရှိရေး လျှောက်ထားမှုတိုင်းကို ပိုမိုငြင်းပယ် ခံရသည်ဟု သိရသည်။

“ကျနော်တို့ လျှောက်ထားတဲ့သူ ၁၀၀၀ ကျော်ကို စိစစ်ပေးနေပါတယ်၊ အခု အချိန်အထိတော့ ငြင်းပယ်ခံရတဲ့ မြန်မာ မွတ်စလင်တွေကလွဲရင် တခြား ကျန်တဲ့သူတွေအတွက် ပြဿနာ မရှိပါဘူး” ဟု သူက ပြောပြသည်။

ရိုဟင်ဂျာများကိုမူ မြန်မာစစ်အစိုးရက နိုင်ငံသားမဟုတ်ဟု ငြင်းပယ်ထားခဲ့ပြီး သူတို့ကို ပြည်ပသို့ နှင်ထုတ်နေကြသည်။ ၎င်းရိုဟင်ဂျာများက ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ယာယီ ခိုလှုံရေးစခန်းများတွင် ထွက်ပြေးနေထိုင် နေကြရသည်။ ဤသို့ ငြင်းပယ်ခံရမည် သေချာနေခြင်းကြောင့်လည်း ထိုသူများအဖို့ ပို၍နစ်နာဖွယ်၊ ပို၍ အခွင့်အရေး ချိုးနှိမ်ခံရ၊ ဒုက္ခကြုံတွေ့ရဖွယ် အခြေအနေ ရှိနေသည်။

“ရိုဟင်ဂျာဆိုတာ မြန်မာလူမျိုးတမျိုးလို့ အစိုးရက လက်ခံတာ မဟုတ်ဘူး။ ဒါကြောင့် ဒီလူတွေတော့ သူတို့က နိုင်ငံသား အဖြစ် စိစစ်အသိအမှတ်ပြု ခံရဖို့ဆိုတာ မျှော်လင့်ချက် မရှိဘူး” ဟု ထိုင်းနိုင်ငံရှိ မြန်မာ ရိုဟင်ဂျာအသင်း အဖွဲ့ဝင် Enayet Ullah က ပြောသည်။

“ရိုဟင်ဂျာတဦးအဖို့ နိုင်ငံကူး လက်မှတ်ရဖို့ထက်စာရင် အဖမ်းခံရဖို့က ပိုများတယ်” ဟု သူက ဖြည့်စွက်ပြောသည်။

၂၀၁၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလ နောက်ဆုံးသတ်မှတ်ရက်သို့ နီးကပ်လာနေချိန်တွင် ကုလသမဂ္ဂ အရာရှိ David Feingold ကလည်း လူအများအနေနှင့် ယခု ယာယီ နိုင်ငံကူး လက်မှတ် ရရှိနိုင်မည့်အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးကြရလိမ့်မည် ဟု ယုံကြည်နေကြောင်း၊ ထိုသူများအနေနှင့် လူကုန်ကူး ရောင်းစားခံရမှု အန္တရာယ် တိုး၍ ကြုံရနိုင်ကြောင်း ပြောသည်။

“အပေါ်ယံကြည့်ရတာတော့ အကုန်လုံး အဆင်ချောနေပြီး လာဘ်စားမှုတွေ ကင်းတယ် ဆိုဦးတော့၊ ၂၀၁၀ မှာ လူအများကြီး လာပြီး မှတ်ပုံတင်ကြမယ့် အနေအထား မတွေ့ရဘူး။ တကယ်လို့ နောက်ဆုံးသတ်မှတ်ရက်ကို ရက်ထပ်မတိုးဘူး ဆိုရင်တော့ လူအများစုမှာ နိုင်ငံကူးလက်မှတ် မရှိတဲ့ အတွက် သူတို့ ပိုပြီးနစ်နာမယ်၊ အန္တရာယ်ကြုံရဖို့ ပို ဖြစ်နိုင်တယ်” ဟု David Feingold က ဆိုသည်။

ရိုဟင်ဂျာများကဲ့သို့ပင် ချင်းမိုင်မြို့ အနီးတ၀ိုက်တွင် အလုပ်လုပ်ကိုင်နေကြသူ ရှမ်းတိုင်းရင်းသား များသည်လည်း တိုင်းရင်းသား ဖြစ်နေသည့်အတွက်ကြောင့် ၎င်းတို့ကို ညှိုး၍ဖိနှိပ်မည်ကို စိုးရိမ်နေကြသည်။

ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းမြန်မာများ၏ အခွင့်အရေးကိစ္စ ဆောင်ရွက်နေသည့် MAP foundation မှ ကိုယ်စားလှယ်တဦးက ၎င်းတို့သိရသော သတင်းများအရ ပြောပြရာတွင် ရှမ်းတိုင်းရင်းသား အလုပ်သမား ၇ ဦး လျှောက်လွှာတင်သွင်းခဲ့ရာ ၃ ဦး၏ လျှောက်လွှာများမှာ ငြင်းပယ်ခံခဲ့ရပြီး မြန်မာအာဏာပိုင်များက မည်သို့မျှ ရှင်းပြခြင်းမရှိဘဲ သူတို့၏ စာရွက်စာတမ်းများကို ပြန်မပေးဘဲ သိမ်းထားခဲ့ကြသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလုပ်သမားများ သွေးစည်းညီညွတ်ရေးအဖွဲ့က စုစည်း ကျင်းပသော အစည်းအဝေးတခုတွင် လည်း ရှမ်းတိုင်းရင်းသားများက သူတို့၏ အလားတူ စိုးရိမ်ချက်များကို ဖော်ထုတ်တင်ပြခဲ့ကြသည်။ ချင်းမိုင်ဒေသနေ အလုပ်သမား ၂၀၀၀ ကျော်က ယခုစီမံချက်ကို ငြင်းပယ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ထိုင်းအစိုးရထံသို့ ယခင် ဆောင်ရွက်နေသော အလုပ်သမား မှတ်ပုံတင်ပေးရေး အစီအစဉ်အတိုင်းသာ ပြန်လည်ဆောင်ရွက်ပါရန် တောင်းဆို ခဲ့ကြသည်။

လူအများစုက မြန်မာပြည်ရှိ ၎င်းတို့၏ မိသားစုဝင်များအပေါ် ဒုက္ခပေးမည်ကို စိုးရိမ်နေကြသည်။ နယ်စပ်တွင် အစုလိုက် အပြုံလိုက် ဖမ်းဆီးနေသည်။ စစ်သားများက အလုပ်သမားလက်မှတ် လျှောက်ထားသူများ၏ မိသားစုများထံမှ ထိုင်းနိုင်ငံတွင် တရားမ၀င် အလုပ်လုပ်နေကြသည့်အတွက် အတင်းအကျပ် ပိုက်ဆံလုယက် တောင်းယူ နေကြသည် ဟူသော ကောလာဟလ သတင်းများလည်း ပျံ့နှံ့ဖြစ်ပေါ်လျက်ရှိသည်။

ကိုမိုးဆွေက ဘန်ကောက်အနီး မဟာချိုင်ဒေသရှိ ငါးလုပ်ငန်းစက်ရုံတခုတွင် အလုပ် လုပ်နေသည့် မြန်မာ အမျိုးသမီးတဦးနှင့် စကားပြောဆိုခဲ့ပုံကို ဧရာဝတီမဂ္ဂဇင်းအား ပြန်လည် ပြောပြသည်။

အဆိုပါ အမျိုးသမီးက နိုင်ငံသားစိစစ်ရေးအတွက် လျှောက်လွှာတင်ပြီး ၂ လခန့် အကြာတွင် သူ၏ မိခင်ထံမှ ဖုန်းခေါ်လာသည်ဟု ပြောသည်။ စစ်သားများက သူ့မိခင် နေထိုင်ရာ အိမ်သို့ ရောက်လာကြောင်း၊ သမီးဖြစ်သူ ထိုင်းနိုင်ငံတွင် တရားမ၀င် အလုပ်သွားလုပ်နေသည့်အတွက်ကြောင့် တလလျှင် ကျပ် ၃ သောင်းခန့် အခွန်ပေးရန် လာရောက်တောင်းခံကြကြောင်း သူ့ကို ပြန်ပြောပြခဲ့သည်ဟု သိရသည်။

ယခု စီမံချက်နှင့် ပတ်သက်၍ အများစုသော မြန်မာရွှေ့ပြောင်း လူထုအတွက် စိုးရိမ်ပူပန်မှုမှာ ငွေကြေးဆုံးရှုံးရမည့် ကိစ္စ ပင် ဖြစ်သည်။ မြန်မာစစ်အစိုးရက အနာဂတ်တွင် သူတို့ထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်မည်ကို စိုးရိမ်နေကြပြီး ဤအချက် ကြောင့် လျှောက်လွှာတင်ရန် တွန့်ဆုတ်နေကြရသည်။

နောက်နောင်တွင် အခွန်ပေးဆောင်ရမည်ကို သိလိုက်ရသောအခါ ကိုသော်တာ၏ အပျော်များလည်း ပြိုကွဲခဲ့ရသည်။

“ကျနော် အစိုးရိမ်ဆုံးက မြန်မာအစိုးရက လာမယ့်အနာဂတ်မှာ ကျနော်တို့ဆီက အခွန်ကောက်မယ့် ကိစ္စပဲ၊ ကျနော်တို့ ဒီလောက် ဆင်းရဲပြီး လုပ်ခ နည်းနည်းပဲ ရနေတာတောင် ကျနော်တို့ နိုင်ငံခြားမှာ ရှိနေတော့ သူတို့ကြံဖန် အခွန် ကောက်ကြမှာပဲ” ဟု ကိုသော်တာက ဆိုသည်။

ပါဝင်ပတ်သက်နေကြသည့် ဌာန၊ အဖွဲ့အစည်းအသီးသီးက မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေနှင့် ယခု နိုင်ငံသား စိစစ်ရေးကိစ္စတွင် စိုးရိမ်မှု အများအပြား ရှိနေကြကြောင်း သဘောတူညီကြသည်။ ဤအတွက်ကြောင့် စီမံချက်အောင်မြင် ရေးအပေါ်တွင်လည်း ပူပန်နေကြရသည်။

ယခု လုပ်ငန်းစဉ်ကို ပြောင်းလဲရန် လိုအပ်နေသည်ကတော့ အမှန် ဖြစ်သည်။ ထိုင်းအစိုးရနှင့် မြန်မာအစိုးရအကြား ပို၍ ပူးပေါင်းလုပ်ဆောင်မှုများ လိုအပ်နေကြောင်းလည်း လူအများက အသိအမှတ်ပြုထားကြသည်။ ယခုလုပ်ငန်းစဉ်က ပို၍ ပွင့်လင်းမြင်သာရန် လိုအပ်နေပြီး၊ ယာယီနိုင်ငံကူးလက်မှတ် ရရှိနိုင်ရန် လျှောက်ထားကြရာ၌ သူတို့အတွက် လုံခြုံသည် ဟု ခံစားရစေရန်လည်း လိုအပ်နေသည်။ ထိုမျှမက သူတို့တတ်နိုင်သည့် နှုန်းထားဖြစ်ရန်လည်း လိုအပ်လျက်ရှိပါသည်။

ALEX ELLGEE ရေးသားသည့် Passport Unpopular with Burmese Migrants ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=2125:2009-11-12-11-45-54&catid=2:articles&Itemid=30

ဒုက္ခသည်များသတင်း

လက်နက်မှောင်ခိုမှုနဲ့ အိန္ဒိယမှာ နှစ်ရှည် ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား သူပုန်တွေကို UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဒုက္ခသည်အဖြစ် အသိအမှတ် ပြုလိုက်ပါတယ်။ သူတို့ဟာ အိန္ဒိယ ကာလကတ္တား အကျဉ်းထောင်ထဲကနေ အမှုရင်ဆိုင်နေရတာ ဖြစ်ပြီး အကယ်၍ တရားသေ လွတ်မြောက်လာခဲ့မယ် ဆိုရင်တော့ မြန်မာနိုင်ငံကို ပြန်ပို့ခံရနိုင်တဲ့ အနေအထား မရှိတော့ပါဘူး။ အကြောင်းစုံကို မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
လက်နက်မှောင်ခိုမှုနဲ့ စွပ်စွဲခံထားရပြီး အိန္ဒိယ အကျဉ်းထောင်တွေမှာ ၁၀ နှစ်ကျော်ကြာ ဖမ်းဆီးခံထားရတဲ့ ရခိုင်နဲ့ ကရင်သူပုန် ၃၄ ဦးကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည်တွေအဖြစ် အသိအမှတ် ပြုလိုက်ပါတယ်။ ဒီသူပုန် ၃၄ ဦးကတော့ ရခိုင်ပြည် အမျိုးသားညီညွတ်ရေးပါတီ (NUPA) က ၂၃ ဦးနဲ့ KNU ကရင်အမျိုးသား အစည်းအရုံးက ၁၁ ဦး ဖြစ်ပါတယ်။
NUPA ဥက္ကဋ္ဌ ဒေါက်တာခင်မောင်က အခုလို အသိအမှတ်ပြုမှုကို ကြိုဆိုလိုက်ပါတယ်။
“ဒါက ကျနော်တို့ အင်မတန်မှ ၀မ်းသာတယ်၊ ဂုဏ်ယူတယ်၊ ကျေးဇူးတင်တယ်ဆိုတာ မပြောတတ်တော့ဘူး။ ဒီလိုဖြစ်လာတာလည်းပဲ ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေ၊ ကျနော်တို့ အတိုက်ခံတွေက Signature Campaign လုပ်ပြီးတော့ ဒီရဲဘော်တွေအတွက် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေတဲ့ Freedom Fighter တွေ ဖြစ်တယ်ဆိုတဲ့ တောင်းဆိုခဲ့မှုအပေါ်မှာ၊ နောက်ပြီး လူ့အခွင့်အရေးဆိုင်ရာ ရှုထောင့်ကနေပြီးတော့ UNHCR က လက်ခံလိုက်တာကို ကျနော်တို့ အများကြီး ၀မ်းသာပါတယ်ခင်ဗျ။”
စောစောပိုင်းကတော့ NUPA ပါတီဟာ သူတို့ရဲ့ ရဲဘော်တွေ ဖမ်းဆီးသတ်ဖြတ်ခံရမှုကို အိန္ဒိယ စစ်ထောက်လှမ်းရေး ဗိုလ်မှူးကြီး ဂရ၀ါနဲ့ မိတ်ဆွေတချို့ရဲ့ လက်ချက်လို့ စွပ်စွဲထုတ်ပြန်မှုတွေ ရှိပေမဲ့ အိန္ဒိယစစ်ဘက်က တစုံတရာ တုံ့ပြန်ပြောဆိုမှု မရှိခဲ့ပါဘူး။
KNU ဒု-ဥက္ကဋ္ဌ ဒေးဗစ် သာကပေါကလည်း အခုလို အသိအမှတ်ပြုမှုဟာ အလားအလာ ကောင်းတယ်လို့ ပြောပါတယ်။
“ဟုတ်ကဲ့၊ အလားအလာ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သူတို့အနေနဲ့က အိန္ဒိယနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ဘာတွေ ချိုးဖောက်တာလည်းမရှိ၊ သူတို့အနေနဲ့ တဘက်လှည့် အလိမ်ခံရတယ်လို့ပဲ ပြောရမှာပေါ့။ သူတို့ကလည်း ရခိုင်ဘက်ကို သွားတဲ့အခါမှာ အလိမ်ခံရပြီး ခေါင်းဆောင်တွေလည်း အသတ်ခံရ၊ နောက်ပြီး ထောင်ထဲမှာလည်း နှစ်ပေါင်းကြာနေပြီ၊ အဲဒီအခြေအနေမှာ ရှိပါတယ်။”
ဒီသူပုန်တွေဟာ ၁၉၉၈ ခုနှစ်ဆန်းပိုင်း ကတည်းက အိန္ဒိယပိုင် ဂရိတ် နီကိုဘာကျွန်းစုထဲက လန်းဖောကျွန်းမှာ ဖမ်းဆီးခံခဲ့ရတာပါ။ သူတို့ဟာ အိန္ဒိယ စစ်ထောက်လှမ်းရေး ဗိုလ်မှူးကြီး ဂရ၀ါနဲ့ သဘောတူညီချက်အရ လမ်းဖောကျွန်းမှာ အခြေချစခန်း တည်ဆောက်ဖို့ ရောက်လာကြတာ ဖြစ်တယ်လို့ NUPA က ပြောပါတယ်။ လမ်းဖောကျွန်းကို ရောက်ပြီး နောက်တနေ့မှာပဲ ဗိုလ်ခိုင်ရာဇာ၊ ဖဒိုမူးရယ် အပါအ၀င် ခေါင်းဆောင် ၆ ဦး သတ်ဖြတ်ခံလိုက်ရပါတယ်။ ကျန်တဲ့သူပုန်တွေကတော့ ဂရိတ် နီကိုဘာ ကျွန်းစုထဲက ပို့ဘလဲယားကျွန်းမှာ အမှုရင်ဆိုင်ခဲ့ရပြီး ၂၀၀၆ ခုမှာ ကာလကတ္တား အကျဉ်းထောင်ကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
သူပုန်တွေအတွက် ကူညီပေးနေသူတွေကတော့ အိန္ဒိယအစိုးရ အနေနဲ့ တရားဥပဒေ လမ်းကြောင်းအရ မှန်မှန်ကန်ကန် ဆုံးဖြတ်ဖို့နဲ့ အကယ်၍ လွတ်မြောက်လာရင်လည်း လုံခြုံဘေးကင်းတဲ့ နိုင်ငံတခုခုမှာ နိုင်ငံရေး ခိုလှုံခွင့်ရဖို့ ပြင်ဆင်နေကြပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတော့ အရှေ့တီမောနဲ့ ချက်သမ္မတ နိုင်ငံတို့က သူတို့ကို နိုင်ငံရေးခိုလှုံခွင့် ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။
http://www.voanews.com/burmese/2009-11-12-voa4.cfm

+++From Thet Khaing Email+++

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)