ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, December 21, 2009

21 Dec, 09// ဒီဇင်ဘာလအတွင်း နိုင်ငံတကာထူးခြားသတင်းများ

> ***အီရတ်မြောက်ပိုင်း နယ်စပ်ရေနံမြေအတွင်း အီရန်တပ်ဖွဲ့ ခေတ္တကျူးကျော်ခဲ့ဟုဆို***
(ဘဂ္ဂဒတ်၊ ဒီဇင်ဘာလ ၁၉-ရက်)
အီရန်တပ်ဖွဲ့များသည် သောကြာနေ့က အီရတ်နိုင်ငံမြောက်ပိုင်းရှိ အီရတ်ပိုင်နက်နယ်မြေအတွင်းသို့ ခေတ္တမျှကျူးကျော်ဝင်ရောက်လာကြပြီး ရေနံတွင်းတစ်တွင်းကို ထိန်းချုပ်ခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။ ယင်းရေနံတွင်းရှိရာ နယ်မြေသည် စွန့်ပစ်ထားသော နယ်မြေဖြစ်ပြီး နှစ်နိုင်ငံအငြင်းပွာလျက်ရှိသော နယ်စပ်တွင်ရှိသည်။ အဆိုပါဖြစ်ရပ်ကို အီရတ်တာဝန်ရှိသူတစ်ဦးက အရေးမကြီးသယောင် ပြောကြားခဲ့သည်။ အီရန်တပ်ဖွဲ့ဝင် ၁၁-ဦးသည် နယ်စပ်ကို ဖြတ်ကျော်ဝင်ရောကလာပြီး အီရန်အလံကို ဖတ်ကတ်ခ်ျရေနံမြေတွင် စိုက်ထူခဲ့ကြောင်း အမေရိကန်စစ်ဘက် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။ ၄င်းတို့သည် နာရီအတန်ကြာနေခဲ့ပြီးနောက်

နယ်စပ်ကိုဖြတ်၍ ပြန်လည်ဆုတ်ခွာသွားကြသည်ဟုဆိုသည်။ ယင်းသတင်းသည် မမှန်ကန်ကြောင်း ဒုတိယပြည်ထဲရေးဝန်ကြီးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ (အင်တာနက်)

*** ဂရိကုန်တင်သင်္ဘောကို ပင်လယ်ဓားပြများပြန်လွှတ်***
(နိုင်ရိုဘီ၊ ဒီဇင်ဘာလ ၁၉-ရက်)
ရက်သတ္တခြောက်ပတ်ကြာ ဖမ်းဆီးခံခဲ့ရသော ဂရိကုန်တင်သင်္ဘောကို ဆိုမာလီပင်လယ်ဓားပြများက ပြန်လွှတ်ပေးခဲ့ကြောင်း သောကြာနေ့တွင် ဒေသဆိုင်ရာ ရေကြောင်းဌာနက အတည်ပြုပြောကြားသည်။ လွန်ခဲ့သော နိုဝင်ဘာလ ၅-ရက်နေ့က ပင်လယ်ဓားပြများ ပြန်ပေးဆွဲခဲ့သော အမ်ဗီဒဲလ်ဗီနာသင်္ဘောကို ဒီဇင်ဘာလ ၁၇-ရက်နေ့တွင် ပင်လယ်ဓားပြများက လွှတ်ပေးခဲ့သည်ဟု အရှေ့အာဖရိကဆိုင်ရာ သင်္ဘောသားများ အထောက်အကူပြု အစီအစဉ်(အက်စ်အေပီ)၏ ညှိနှိုင်းရေးမှူး အင်ဒရူးမ၀မ်ဂူရာက ပြောကြားသည်။ အဆိုပါကုန်တင်သင်္ဘောသည် အိန္ဒိယ သမုဒ္ဒရာရှိ ကိုမိုရိုစ်ကျွန်းအရှေ့မြောက်ပိုင်းတွင် ပြန်ပေးဆွဲခံရခြင်းဖြစ်သည်။ ယင်းသင်္ဘောသည် ယူကရိန်းမှ ကင်ညာနိုင်ငံ မွမ်ဘာဆာမြို့သို့ မောင်းနှင်လာခြင်းဖြစ်သည်။ ကုမ္ပဏီက သင်္ဘောသားများနှင့် ပတ်သက်၍ အသေးစိတ်အကြောင်းအရာကို ပြောကြားခြင်း မရှိသော်လည်းယင်းဒေသရှိ ဥရောပသမဂ္ဂ၏ ရေတပ်ဖွဲ့က အဆိုပါသင်္ဘော၌ ဖိလစ်ပိုင်သင်္ဘောသား ၁၄-ဦးနှင့် ယူကရိန်းသင်္ဘောသား ၇-ဦးပါရှိသည်ဟု ဆိုသည်။ (အင်တာနက်) ***စုစည်းဘာသာပြန်-သတင်းလုလင်***
*** နိုင်ငံတကာလေကြောင်းလိုင်းများ ၂၀၁၀-ခုနှစ်၌ အရှုံးပေါ်နိုင်***
(မွန်ထရီယယ်၊ ဒီဇင်ဘာလ ၁၉-ရက်)
လာမည့် ၂၀၁၀-ခုနှစ်တွင် နိုင်ငံတကာလေကြောင်းလိုင်းများအနေဖြင့် အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံ အရှုံးပေါ်နိုင်သည်ဟု နိုင်ငံတကာ လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ (အိုင်အေတီအေ)က ကြိုတင်ခန့်မှန်းကြောင်း ဒီဇင်ဘာလ ၁၆-ရက်၌ သတင်းထုတ်ပြန်သည်။ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းများကြောင့် လေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများအနေဖြင့် ယခင်ကခန့်မှန်းသည့်အရှုံးမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈-ဘီလီယံထက် ယခုခန့်မှန်းမှု ပိုမိုများပြားကြောင်းတွေ့ရသည်ဟု ဆိုသည်။ သို့ဖြစ်ရာ လုပ်ငန်းများပြန်လည်ဦးမော့လာရေးအတွက် လေကြောင်းလိုင်းများအနေဖြင့် ကြိုတင်ပြင်ဆင်ထားကြရန် (အိုင်အေတီအေ)က သတိပေးထားသည်။ နိုင်ငံတကာလေကြောင်းလိုင်းများမှာ ၂၀၀၀-ပြည့်နှစ်မှ ၄၉ ဒသမ ၁-ဘီလီယံ အရှုံးပေါ်ခဲ့ကြောင်း၊ ယင်းကာလ၌ ပျမ်းမျှအားဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ငါးဘီလီယံ ဆုံးရှုံးမှုပင်ဖြစ်ကြောင်း အိုင်အေတီအေ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ (အင်တာနက်)
*** အီရန်နိုင်ငံ၏ ဆီဂျီးလ် ၂-ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု ပြင်သစ် စိုးရိမ်ပူပန်***
(ပါရီ၊ ဒီဇင်ဘာလ ၁၉-ရက်)
ပြင်သစ်နိုင်ငံသည် အီရန်နိုင်ငံ၏ နောက်ထပ်ဒုံးကျည် စမ်းသပ်မှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုဖြစ်ရကြောင်း၊ ယင်းဒုံးကျည်စမ်းသပ်မှုသည် အလွန်ဆိုးရွားသည့် လက္ခဏာဖြစ်သည်ဟု ပြင်သစ်နိုင်ငံကယူဆကြောင်းဖြင့် ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီးဌာနက ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ကြေညာသည်။ အီရန်နိုင်ငံက ဆီဂျီးလ်၂ အမည်ရှိ တာလတ်ပစ်ဒုံးကျည်ကို ထပ်မံစမ်းသပ်လိုက်သည်ဟု ကြေညာခြင်းသည် စိုးရိမ်ပူပန်ဖွယ်ရာအလွန်ကောင်းကြောင်း၊ ယင်းစမ်းသပ်ပစ်လွှတ်မှုသည် နိုင်ငံတကာ၏ စိုးရိမ်ကြောင့်ကြမှုကို ပိုမိုအားဖြည့်ပေးရာရောက်ကြောင်းဖြင့်လည်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။ အီရန်နိုင်ငံက စမ်းသပ်ပစ်လွှတ်လိုက်သည့် ဆီဂျီးလ်- ၂ ဒုံးကျည်သည် အစ္စရေးနိုင်ငံနှင့် အရှေ့တောင်ပိုင်းရှိ အမေရိကန်အခြေစိုက်စခန်းများကို ထိမှန်နိုင်စွမ်းရှိကြောင်း၊ ကီလိုမီတာ ၂၀၀၀-အထိရှိသည့်အကွာအဝေးကို ပစ်ခတ်နိုင်ကြောင်း သိရသည်။ (အင်တာနက်)
*** စစ်ဘက်လေ့လာရေးဂြိုဟ်တု ပြင်သစ်လွှတ်တင်***
လွှတ်တင်ရန်ကြန့်ကြာနေခဲ့သော စစ်ဘက်သုံး ဟီလီယို ၂-ဘီ အမည်ရှိ ပြင်သစ်လေ့လာရေးဂြိုဟ်တုကို အမေရိကန်တောင်ပိုင်း ပြင်သစ်ဂိုင်ယာနာရှိ ကူရူဂြိုဟ်တုလွှတ်တင်ရေးစခန်း အာရင်းအာကာသဌာနမှနေ၍ အာရင်း ၅-ဒုံးပျံဖြင့် လွှတ်တင်လိုက်နိုင်ပြီဖြစ်ကြောင်း ရုပ်မြင်သံကြားအစီအစဉ်မှ ဒီဇင်ဘာလ ၁၉-ရက်နေ့တွင် ထုတ်လွှင့်ပြသသည်။ (အင်တာနက်)
*** အဆင့်မြင့် အရပ်ဘက်သုံး မြေတိုင်းဂြိုဟ်တု ၂၀၁၁-ခုနှစ်တွင် တရုတ်လွှတ်တင်မည်***
တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ကြည်လင်ပြတ်သားစွာ ရိုက်ကူးပေးနိုင်သည့် အရပ်ဘက်သုံးမြေတိုင်းဂြိုဟ်တုကို ၂၀၁၁-ခုနှစ်တွင် အာကာသသို့ လွှတ်တင်သွားမည်ဖြစ်ကြောင်း၊ ယင်းဂြိုဟ်တုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ပထမဦးဆုံးထုတ်လုပ်သည့် အမျိုးအစားဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြေတိုင်းတာရေးနှင့် မြေပုံထုတ်ရေးဗျူရို(အက်စ်ဘီအက်စ်အမ်)က ကြေညာသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်မောင်ဆွေ***

***အီရတ်မြောက်ပိုင်း နယ်စပ်ရေနံမြေအတွင်း အီရန်တပ်ဖွဲ့ ခေတ္တကျူးကျော်ခဲ့ဟုဆို***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)