(တီဟီရန်၊ ဒီဇင်ဘာလ ၂-ရက်)
အီရန်၏ ဖော်ဒိုယူရေနီယံသန့်စက်ရုံ တည်ဆောက်မှုရပ်ဆိုင်းရန် အိုင်အေအီးအေက အီရန်အစိုးရအား တိုက် တွန်းပြီး တာဝန်ပေးလိုက်သည်။ အီရန်၏ လုပ်ရပ်သည် အီရန်နိုင်ငံအနေဖြင့် ယင်း၏ တာဝန်ကို ထပ်မံချိုး ဖောက်လိုက်ခြင်းဖြစ်သည်ဟု အမေရိကန် သမ္မတအိမ်ဖြူတော်က ပြောကြားသည်။ ဗြိတိန်နိုင်ငံကလည်း ထိုသ တင်းသည် စိုးရိမ်စရာတရပ်ဖြစ်ပြီး ကုလသမဂ္ဂဆုံးဖြတ်ချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားသည်။ အီရန်သည် နျူးကလီးယားလက်နက် ထုတ်လုပ်ရန်
ကြိုးပမ်းနေသည်ဟု အနောက်အုပ်စု အင်အားကြီးနိုင်ငံများက ပြောကြားပြီး အီရန်ကမူ ယင်း၏နျူးကလီးယား အစီအစဉ်မှာ ငြိမ်းချမ်းစွာ အသုံးပြုရေးအတွက် ဖြစ်သည်ဟု ဆိုသည်။ (အင်တာနက်)
*** အာဂျင်တီးနား မယ်ဟောင်း ဆိုလန်မက်နာနို အလှပြင်ခွဲစိတ်ကုသမှုကြောင့် ကွယ်လွန်***
အာဂျင်တီးနားမယ်ဘွဲ့ရခဲ့သူ အသက် ၃၈-နှစ်ရှိ ဆိုလန်မက်နာနိုမှာ ဆွဲဆောင်မှုရှိအောင် တင်ပါးခွဲစိတ်ပြုပြင်ပြီးနောက် ဆင့်ပွားရောဂါများဖြင့် နိုဝင်ဘာလ ၃၀-ရက်နေ့က ကွယ်လွန်ခဲ့ကြောင်း ကျန်းမာရေးအရာရှိများက ပြောကြားသည်။ အလှပြင်ခွဲစိတ်ကုသရာတွင် ဆေးထိုးသွင်းမှုများပါဝင်ကြောင်း၊ ဆေးရည်က အဆုတ်နှင့် ဦးနှောက်ထဲသို့ ၀င်ရောက်သွားခြင်းဖြစ်ကြောင်း နီးစပ်သည့်မိတ်ဆွေတစ်ဦးက ပြောကြားသည်။ ခွဲစိတ်ကုသမှုခံပြီး သုံးရက်ကြာတွင် အသက်ရှူကျပ်ပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု သတင်း၌ ဖော်ပြသည်။ (အင်တာနက်)
*** အပိုင်စီးခံရသော နိုင်ဂျီးရီးယားရေနံတင် သင်္ဘော ဂါနာရေတပ်က ပြန်လည်လွှဲပြောင်းပေး***
နိုင်ဂျီးရီးယားနိုင်ငံ လေ့ဂို့စ်မြို့အနီး ကမ်းလွန်၌ အပိုင်းစီးခံခဲ့ရသော နိုင်ဂျီးရီးယား ရေနံတင်သင်္ဘောတစ်စင်းကို ဂါနာရေတပ်သင်္ဘောတစ်စင်းက ဓားပြများအားတိုက်ခိုက်ပြီး နိုင်ဂျီးရီးယားနိုင်ငံသို့ ဒီဇင်ဘာလ ၂-ရက်နေ့က ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** အိုပက်အဖွဲ့ ရေနံပိုမို ထုတ်လုပ်ရမည်***
၂၀၀၉-ခုနှစ် နောက်ဆုံးသုံးလပတ်အတွင်း ကမ္ဘာ့ရေနံအသုံးပြုမှုသည် တစ်နေ့လျှင် ရေနံစည် ၂၉ ဒသမ ၃-သန်းကျော် ရှိနေရာ ရေနံရောင်းနိုင်ငံများအဖွဲ့ (အိုပက်)အနေဖြင့် ရေနံပိုမိုထုတ်လုပ်ရမည်ဖြစ်ကြောင်း အီရန်က ဒီဇင်ဘာလ ၂-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** ၂၀၁၀-ခုနှစ် ကမ္ဘာ့စီးပွားရေး ၂-ရာခိုင်နှုန်း မြင့်တက်ဖွယ်ရှိ***
(တိုကျို၊ ဒီဇင်ဘာလ ၂-ရက်)
၂၀၁၀-ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး အခြေအနေမှာ နှစ်ရာခိုင်နှုန်းမြင့်တက်လာဖွယ်ရှိသည်ဟု ဂျပန်အစိုးရအဖွဲ့ရုံးက ခန့်မှန်းသည်။ တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးအခြေအနေ ဆက်လက်ကောင်းမွန်နေဦးမည်ဖြစ်ပြီး ပြည်တွင်းဝယ်လိုအားက နိုင်ငံ၏ စီးပွားရေးအောင်မြင်မှုကို အထောက်အကူပြုလျက်ရှိသည်ဟု ဂျပန်အစိုးရအဖွဲ့ရုံး၏ ကမ္ဘာ့စီးပွာရေးရာ အစီရင်ခံစာတွင် ဖော်ပြသည်။ ဥရောပနိုင်ငံများ၌ ၂၀၁၀-ခုနှစ်တွင် ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး ၁-ရာခိုင်နှုန်းထက်မနည်း မြင့်တက်လာမည်ဟု ယူဆရကြောင်း အဆိုပါအစီရင်ခံစာ၌ ဖော်ပြသည်။ (အင်တာနက်)
***စုစည်းဘာသာပြန်-မောင်ချစ်ကြည်***
*** ယူရေနီယံစက်ရုံ တည်ဆောက်မှုရပ်ဆိုင်းရန် အိုင်အေအီးအေတိုက်တွန်း***

No comments:
Post a Comment