နိုင်ငံတော်အကြီးအကဲတစ်ယောက် နောက်ဆုံး အသက်ထွက်ခါနီးတွင် သူ၏ နေရာဆက်ခံမည့် လူကို မေးလေသည်။
‘ငါ့လူ ငါလဲသေတော့မယ် ။မင်းတိုင်းပြည်ကို ဆက်လက်ပြီးဘယ်လိုအုပ်စိုးမလဲ’
ထိုအခါ နိုင်ငံတော် အကြီးအကဲနေရာ ဆက်ခံမည့်သူက…
‘ကျွန်တော့်နောက်ကို သူတို့လိုက်အောင် လုပ်မှာပေါ့’
နိုင်ငံတော်အကြီးအကဲက ထပ်မေးသည်။
‘မင်းနောက်ကို မလိုက်ရင် ဘယ်လိုလုပ်မလဲ’
နိုင်ငံတော်အကြီးအကဲနေရာ ဆက်ခံမည့်သူက….
‘ကျွန်တော့်နောက် မလိုက်ရင် ခေါင်းဆောင်ကြီးနောက် လိုက်အောင် လုပ်မှာပေါ့’
****သံလွင်အိမ်မက် မှကူးယူဖော်ပြပါသည်....
***(ဟာဒယနှလုံး- တခဏပြုံး)***

No comments:
Post a Comment