ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, December 2, 2009

ဦးတင်မောင်ဝင်း၏ကိုယ်ရေးအကျဉ်း

> ***10th. Years Anniversary of U Tin Maung Win -founder of Khit Pyaing-***

အဘ သတိုးမဟာသရေစည်သူ ဦးဝင်းနှင့် အမိ ဒေါ်မြမြ၀င်းတို့မှ ၁၉၃၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်၊ စနေနေ့တွင် ရန်ကုန်မြို့၌ မွေးဖွားသည်။ မွေးချင်း (၄) ယောက်အနက် ဒုတိယမြောက်သားဖြစ်သည်။ ၁၉၆၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာ(ပညာရေး) ဘွဲ့ရခဲ့သည်။
၁၉၆၂ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းချိန်မှစ၍ နိုင်ငံရေးနယ်ထဲသို့ ၀င်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ လျှို့ဝှက်ကျောင်းသားများအဖွဲ့တွင် ခေါင်းဆောင်တဦး ဖြစ်ခဲ့သည်။
၁၉၆၅ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသည်။ ၁၉၆၉ ခုနှစ်တွင် ဖခင်နှင့်အတူ ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ရာ လမ်းခရီး၌ ဖခင်ဦးဝင်း သေဆုံးခဲ့သည်။
၁၉၇၀ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ၀န်ကြီးချုပ် (ဟောင်း) ဦးနုခေါင်းဆောင်သော ပါလီမန်ဒီမိုကရေစီပါတီတွင် ဗဟိုကော်မတီဝင်အဖြစ် လည်းကောင်း၊ ပြည်ချစ်လွတ်မြောက်ရေးတပ်မတော် အထူးတပ်ရင်း (၁) ၏ တပ်ရင်းမှူး (စစ်ရေးနှင့် နိုင်ငံရေးတာဝန်ခံ) အဖြစ်လည်းကောင်း၊ ပြည်ချစ်လူငယ်တပ်ပေါင်းစု၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဗဟိုစိတ်ဓာတ်စစ်ဆင်ရေးဌာန၊ ပြည်ချစ်လူငယ်တပ်ပေါင်းစု အသံလွှင့်ဌာန၏ တာဝန်ခံအဖြစ်လည်းကောင်း ထမ်းဆောင်ခဲ့သည်။

၁၉၇၆ ခုနှစ်တွင် ထိုင်းနိုင်ငံမှ နှင်ထုတ်ခဲ့သဖြင့် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ကာ နိုင်ငံရေးခိုလှုံခွင့်ရခဲ့သည်။ အမေရိကန်ပြည်တွင် မြန်မာပြည်ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေး ဦးစီးကော်မတီ (စီ-အာ-ဒီ-ဘီ) ကို ဖွဲ့စည်းခဲ့ရာ နိုင်ငံတကာဥက္ကဋ္ဌအဖြစ် (၁၉၈၇ မှ ၁၉၉၇) အထိ ဆောင်ရွက်ခဲ့သည်။ ၁၉၈၈ ခုနှစ်၊ မြန်မာပြည်တွင် ဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်ပေါ်လာရာ ထိုင်းနိုင်ငံသို့ ပြန်လာခဲ့သည်။ ထို့နောက် မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (မ-ဒ-မ-ခ) ၏ အထွေထွေအတွင်းရေးမှူး၊ သဘာပတိအဖွဲ့ဝင်၊ ဒု-ဥက္ကဋ္ဌ စသဖြင့်လည်းကောင်း၊ ၁၉၉၇ ခုနှစ်မှစ၍ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ၏ သဘာပတိအဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။
ခေတ်ပြိုင်ဂျာနယ်အား ၁၉၉၃ ခုနှစ်တွင် စတင်ထူထောင်ထုတ်ဝေခဲ့သည်။ ခေတ်ပြိုင်ဂျာနယ်နှင့် တော်လှန်ရေးစာစောင်အချို့တို့တွင် တင်မောင်ဝင်း၊ ခေတ်ပြိုင်မိုးကြိုး၊ လှထွဋ်၊ မင်းထွဋ်၊ ၀ရဇိန် စသည့်ကလောင်အမည်များဖြင့် ဆောင်းပါးများ ရေးသားခဲ့သည်။ အခက်အခဲများကြားမှပင် ဒီမိုကရေစီမြန်မာ့အလင်း သတင်းစာကိုလည်း ပူးတွဲထုတ်ဝေခဲ့သည်။ လွတ်လပ်သောကလောင်ရှင်များအသင်း (မြန်မာနိုင်ငံ) တွင်လည်း နာယကအဖြစ် ဆောင်ရွက်ခဲ့သည်။
မကွယ်လွန်မီအချိန်တွင် သူ၏ဖြတ်သန်းခဲ့ရသော နိုင်ငံရေးအတွေ့အကြုံများကို သမိုင်းမှတ်တမ်းအဖြစ် “နိုင်ငံရေးသမားနှင့်နိုင်ငံရေး” စာအုပ်ကို ရေးသားပြုစုလျက် ထုတ်ဝေရန်စီစဉ်နေစဉ် ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်၊ ဗုဒ္ဓဟူးနေ့၊ မွန်းလွဲ (၃း၁၅) နာရီတွင် နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန်ခဲ့သည်။
ဒီမိုကရေစီရေးနှင့် စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် ဇွဲစိတ်ပြင်းပြင်းဖြင့် တိုက်ပွဲဝင်ရင်း လမ်းခုလတ်တွင် ကျဆုံးသွားခဲ့ရသည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်မျိုးအေး၊ သမီးများဖြစ်ကြသော မသူဇာဝင်းနှင့် မသီတာဝင်းတို့ ကျန်ရစ်ခဲ့သည်။

***10th. Years Anniversary of U Tin Maung Win -founder of Khit Pyaing-***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)