(မက္ကဆီကိုစီးတီး၊ ဒီဇင်ဘာလ ၁-ရက်)
မက္ကဆီကိုနိုင်ငံ မြောက်ပိုင်းတွင် အစိုးရ၏ နှိမ်နင်းမှု လျော့ပါးသွားရန် မူးယစ်ဆေးဝါးဂိုဏ်းများက အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လူ ၁၇-ဦးထက်မနည်း သေဆုံးခဲ့သည်။ မက္ကဆီကိုနိုင်ငံတွင် ရာဇ၀တ်ဂိုဏ်းများကို ဖြိုခွင်းနေသော်လည်း မူးယစ်ဆေးဝါးမှုနှင့် ဆက်နွယ်သော အကြမ်းဖက်မှုများ ပိုမို ဖြစ်ပွားလာသည်။ မက္ကဆီကို နိုင်ငံ စီယူဒက်ဂျူရက်ဇ်မြို့နှင့် အမေရိကန်နယ်စပ်တစ်လျှောက် ချီဟူယာဟူယာပြည်နယ် မြောက်ပိုင်းဒေသများ တွင် လွန်ခဲ့သော ရက်သတ္တပတ်က အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သေဆုံးသူများရှိခဲ့သည်။
ထိုဒေသများသည် မက္ကဆီကိုနိုင်ငံတွင် နိုင်ငံတကာ မူးယစ်ဂိုဏ်းအဖွဲ့၏ ခြေကုပ်ဒေသများဖြစ်မည်ဟု ယူဆရသည်။ မက္ကဆက်ပြည်နယ် အဲလ်ပါဆိုမြို့တစ်ဖက်တစ်ချက်ရှိ နယ်စပ်မြို့တစ်မြို့တွင် လူ့အခွင့်အရေးလှုပ်ရှားသူများ အပါအ၀င် လူ ၁၀-ဦးအစုအပြုံလိုက် အသတ်ခံခဲ့ရပြီး ကျန်ခုနှစ်ဦးမှာ ထိုပြည်နယ်၏ တခြားမြို့တစ်မြို့တွင်ဖြစ်သော တိုက်ပွဲကြောင့် သေဆုံးခဲ့သည်။ ရဲတပ်ဖွဲ့က အဂတိလိုက်စားခြင်းသည် မက္ကဆီကိုနိုင်ငံတွင်း၌ မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သော အကြမ်းဖက်မှုများဖြစ်ရသည့် အဓိက အချက်ဖြစ်သည်ဟု မက္ကဆီကိုအစိုးရက ပြစ်တင်ပြောကြားသည်။ (အင်တာနက်)
***တရုတ်နိုင်ငံ စီချွမ်ပြည်နယ်၌ မှိုအဆိပ်သင့် ၄-ဦးသေဆုံး…
တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ဟွန်ယာမြို့၌ ဒီဇင်ဘာလ ၁-ရက်နေ့က အစာအဆိပ်သင့်ပြီး ၄-ဦးဆုံးခဲ့ကြောင်း ယင်းတို့သည် မှိုများစားသုံးခဲ့၍ ဖြစ်ကြောင်း ကျန်းမာရေးအရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** ကမ္ဘာ့ဈေးကွက်၌ ရွှေဈေးအနည်းငယ် မြင့်တက်…
ကမ္ဘာ့ဈေးကွက်၌ ရွှေဈေးများ အနည်းငယ်မြင့်တက်လျက်ရှိရာ တရုတ်ဈေးကွက်၌ ဒီဇင်ဘာလ ၁-ရက်နေ့က ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၁၇၉-ဒေါ်လာအထိ ရှိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** ပါကစ္စတန်၌ A(H1N1) ရောဂါဖြင့် တစ်ဦးသေဆုံး…
ပါကစ္စတန်နိုင်ငံ၌ အစ္စလမ္မာဘတ်မြို့၌ ဒီဇင်ဘာလ ၁-ရက်နေ့က A(H1N1) ရောဂါဖြင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန်ကျန်းမာရေးအရှာရှိများက ပြောကြားသည်။ (အင်တာနက်)
***စုစည်းဘာသာပြန်-မောင်ချစ်ကြည်***
*** မူးယစ်ဆေးဝါးဆိုင်ရာ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် မက္ကဆီကိုနိုင်ငံ၌ လူ ၁၇-ဦးသေဆုံး…

No comments:
Post a Comment