စည်ဘီယာ တိုက်မယ်တဲ့…´´
ကျော်ဆန်းပြောတဲ့ စကားအရ
တကယ်များ ၀အောင်တိုက်နိုင်ပါ့မလားကွာ
တို့ပြည်ပနဲ့ ပြည်တွင်းက မီဒီယာသမားတွေက
ယမကာ အကြိုက်သားလားကွ…။
*** ကျော်ဆန်းရေ…
မင်းကလေ စည်ဘီယာလောက်ပဲ တိုက်မှာမို့လို့
ဒလတ၀ိုက်က `ဘားမားဘီယာ´သမားတွေအဖို့
`ငါရို့ကိုရော စည်ဘီယာ မတိုက်ဘူးလား´လို့
မေးချင်မေးငြား ပြင်ဆင်ထားရဲ့လားကွာ…။
*** တို့မီဒီယာသမားတွေက
စည်ဘီယာရော၊ ဘားမားဘီယာ(ထန်းရည်ခါး)ရော
ကားလ်ဘတ်၊ ဟန်နီကင်၊ စတောက်
ဘယ်လောက်ပဲ လာပါစေလေ
ရီဝေေ၀ ယဇ်ရွှေရည်ကို
ဘ၀င်ခိုက်အောင် နှစ်ခြိုက်သူတွေထဲမှာ
ဒို့မီဒီယာသမားတွေက ထိပ်ဆုံးရဲ့ ထိပ်ကကွ…။
*** အဲဒီလို အောက်လမ်းနည်းနဲ့
စကားကြီး စကားကျယ်လုပ်ပြီး
ဖြီးဖြန်းနေတဲ့ ကျော်ဆန်းရေ
ပျင်းတောင် ပျင်းသေးတယ်လို့…။ ။
***ဆန်တာကလော့စ်(ခေတ္တ-အင်္ဂပူ)***
*** ``မီဒီယာကို
စည်ဘီယာ တိုက်မယ်တဲ့…´´
ကျော်ဆန်းပြောတဲ့ စကားအရ
တကယ်များ ၀အောင်တိုက်နိုင်ပါ့မလားကွာ
တို့ပြည်ပနဲ့ ပြည်တွင်းက မီဒီယာသမားတွေက
ယမကာ အကြိုက်သားလားကွ…။
*** ကျော်ဆန်းရေ…
မင်းကလေ စည်ဘီယာလောက်ပဲ တိုက်မှာမို့လို့
ဒလတ၀ိုက်က `ဘားမားဘီယာ´သမားတွေအဖို့
`ငါရို့ကိုရော စည်ဘီယာ မတိုက်ဘူးလား´လို့
မေးချင်မေးငြား ပြင်ဆင်ထားရဲ့လားကွာ…။
*** တို့မီဒီယာသမားတွေက
စည်ဘီယာရော၊ ဘားမားဘီယာ(ထန်းရည်ခါး)ရော
ကားလ်ဘတ်၊ ဟန်နီကင်၊ စတောက်
ဘယ်လောက်ပဲ လာပါစေလေ
ရီဝေေ၀ ယဇ်ရွှေရည်ကို
ဘ၀င်ခိုက်အောင် နှစ်ခြိုက်သူတွေထဲမှာ
ဒို့မီဒီယာသမားတွေက ထိပ်ဆုံးရဲ့ ထိပ်ကကွ…။
*** အဲဒီလို အောက်လမ်းနည်းနဲ့
စကားကြီး စကားကျယ်လုပ်ပြီး
ဖြီးဖြန်းနေတဲ့ ကျော်ဆန်းရေ
ပျင်းတောင် ပျင်းသေးတယ်လို့…။ ။
***ဆန်တာကလော့စ်(ခေတ္တ-အင်္ဂပူ)***


No comments:
Post a Comment