ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, December 5, 2009

ဒီဇင်ဘာလအတွင်း နိုင်ငံတကာ ထူးခြားသတင်းများ…

> *** အင်ဒိုနီးရှားနှင့် တောင်ကိုရီးယား သံမဏိစက်ရုံ တည်ဆောက်မည်***
(ဂျကာတာ၊ ဒီဇင်ဘာလ ၃-ရက်)
အင်ဒိုနီးရှားရှိ ပီတီကရာကာတောသံမဏိကုမ္ပဏီနှင့် တောင်ကိုရီးယားရှိ ပိုစကိုကုမ္ပဏီတို့ပူးပေါင်းကာ အင်ဒိုနီးရှားနိုင်ငံ ဘန်တန်မြို့၌ ၂၀၁၀-ခုနှစ်တွင် သံမဏိပြားထုတ်လုပ်ရေးစက်ရုံတည်ဆောက်ရန် စီစဉ်ထားကြောင်း ဒေသဆိုင်ရာ သတင်းဌာနက ပြောကြားသည်။ အဆိုပါစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၅-ဘီလီယံကုန်ကျခံမည်ဖြစ်ပြီး ၂၀၁၃-ခုနှစ်တွင် စက်ရုံကို စတင်လည်ပတ်နိုင်ရန် စီစဉ်ဆောင်ရွက်ထားသည်ဟု ဆိုသည်။ စက်ရုံလည်ပတ်နိုင်ပါက ကနဦးထုတ်လုပ်မှု ပမာဏတန်ချိန် ၂ ဒသမ ၅-သန်းအထိ

နှစ်စဉ်ထုတ်လုပ်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။ ပီတီကရာကာတော သံမဏိအနေခြင့် တောင်ကိုရီးယား ပိုစကိုကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် အင်ဒိုနီးရှားနိုင်ငံ၏ သံမဏိထုတ်လုပ်မှုနည်းပညာကို မြှင့်တင်သွားရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပီတီကရာကာတော သံမဏိကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဖာဇ၀ါဘူဂျက်က ပြောကြားသည်။ (အင်တာနက်)

*** ကမ္ဘာ့ဈေးကွက်၌ ရွှေဈေးနှုန်း မြင့်တက်***
ကမ္ဘာ့ဈေးကွက်တွင် ရွှေတန်ဖိုးများ မြင့်တက်လျက်ရှိရာ တရုတ်ဈေးကွက်၌ ဒီဇင်ဘာလ ၃-ရက်နေ့က ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၂၄ ဒသမ ၁၁-ဒေါ်လာရှိခဲ့ကြောင်း တရုတ်အရာရှိများက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** ကမ္ဘာ့ဈေးကွက်၌ ဒေါ်လာဈေးနှုန်း မြင့်တက်***
ကမ္ဘာ့ဈေးကွက်တွင် အမေရိကန်ဒေါ်လာဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာ ဂျပန်ဈေးကွက်၌ ဂျပန်ယန်းငွေ ၈၇-ယန်းလျှင် ဒီဇင်ဘာလ ၃-ရက် ဈေးပိတ်ချိန်၌ အမေရိကန်တစ်ဒေါ်လာရှိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)

*** ဘရာဇီးနှင့် ယူကရိန်းပူးပေါင်းပြီး ဂြိုဟ်တု လွှတ်တင်မည်***
ဘရာဇီးနှင့် ယူကရိန် နှစ်နိုင်ငံတို့ ပူးပေါင်း၍ ၂၀၁၀-ခုနှစ်ကုန်တွင် ဆိုင်ကလုန်း-၄ အမည်ရှိ ဒုံးပျံတစ်စင်းကို လွှတ်တင်ရန် စီစဉ်ထားကြောင်း၊ ယင်းဒုံးပျံသည် ဆက်သွယ်ရေးဂြိုဟ်တုတစ်လုံးကို သယ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)

*** ၂၀၀၉-ခုနှစ်အတွင်း သေဆုံးသော သတင်းသမား ၉၀-နီးပါးရှိ***
(နယူးဒေလီ၊ ဒီဇင်ဘာလ ၃-ရက်)
ကမ္ဘာ့သတင်းစာများနှင့် သတင်းထုတ်ဝေသူများအသင်း (၀မ်အိုင်ဖရာ)၏ အစီရင်ခံစာအရ ၂၀၀၉-ခုနှစ် ယခုအချိန်ထိ အသတ်ခံခဲ့ရသော သတင်းသမားအရေအတွက်သည် အနည်းဆုံး ၈၈-ဦးရှိကြောင်း၊ အဖမ်းခံရသော သတင်းလုပ်သားအရေအတွက်သည် ရာနှင့်ချီ၍ရှိကြောင်း ဒီဇင်ဘာလ ၁-ရက်နေ့က အင်တာနက် သတင်းတွင် ဖော်ပြသည်။ အိန္ဒယနိုင်ငံ ဟိုက်ဒရာဘတ်မြို့၌ ကျင်းပသော ကမ္ဘာ့စာတည်းများ ဖိုရမ်နှင့် ကမ္ဘာ့သတင်းစာ ကွန်ဂရတ်၌ တင်သွင်းသော အစီရင်ခံစာ၌ လွန်ခဲ့သော ၁၀-နှစ်တာကာလအတွင်း ကမ္ဘာ့တစ်ဝန်း၌ အသတ်ခံရသော သတင်းသမား ၇၅၀-ကျော်ရှိကြောင်း ၀မ်အိုင်ဖရာက ရေးသားထားသည်။ လွန်ခဲ့သော ရက်သတ္တပတ်က ဖိလစ်ပိုင်နိုင်ငံ၌ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင် သေဆုံးသူ ၅၇-ဦးရှိရာ သတင်းသမား အနည်းဆုံး ၃၀-ပါဝင်ကြောင်း၊ တစ်ကြိမ်တည်းတိုက်ခိုက်ရုံမျှဖြင့် တစ်နှစ်လုံးသေဆုံးသူများ၏ သုံးပုံတစ်ပုံခန့်ပင် ရှိနေကြောင်း၊ သမိုင်းဝင်ဖြစ်စဉ်ဖြစ်ကြောင်း ၀မ်အိုင်ဖရာက ထပ်လောင်းပြောကြားသည်။ ဖိလစ်ပိုင်နိုင်ငံ၌ ယခုနှစ်အတွင်းသေဆုံးသွားကြရသော သတင်းသမားဦးရေသည် ၃၅-ဦးဖြစ်၍ သတင်းသမားများအတွက် ကမ္ဘာပေါ်တွင် အန္တရာယ်အများဆုံး ဒေသဖြစ်သည်ကို တွေ့ရသည်။ ၀မ်အိုင်ဖရာ၏ အစီရင်ခံစာ၌ ၂၀၀၉-ခုနှစ် ယခုအချိန်ထိ သတင်းသမားဦးရေ အများဆုံးသေဆုံးခဲ့သော နိုင်ငံတို့ကို ဖော်ပြထားရာ ပါကစ္စတန်၌ ၈-ဦး၊ မက္ကဆီကို၌ ၇-ဦး၊ ဆိုမာလီ၌ ၆-ဦးနှင့် ရုရှား၌ ၅-ဦးစီတို့ဖြစ်သည်။ (အင်တာနက်)

***စုစည်းဘာသာပြန်-
* မောင်ချစ်ကြည်* မောင်မောင်ဆွေ***

*** အင်ဒိုနီးရှားနှင့် တောင်ကိုရီးယား သံမဏိစက်ရုံ တည်ဆောက်မည်***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)