သားငယ် ရိုမီယိုကျောင်းသွားခါနီးတွင် အဆိုကျော်- ဗစ်တိုးရီးယားက နွားနို့တိုက်သည်။ သို့ရာတွင် ဘယ်လိုတိုက်တိုက် ရိုမီယိုက မသောက်။ ဗစ်တိုးရီးယားက လက်လျော့ရမလိုပင်ဖြစ်လာသည်။ ဤတွင် ဘောလုံးစတား ဘက်ခမ်းရောက်လာပြီး ရိုမီယို၏ နားနားသို့ ကပ်၍ တစ်စုံတစ်ခုပြောလိုက်ရာ သားငယ် ရိုမီယိုက ချက်ချင်းပင် နွားနို့ကို အကုန်သောက်ပြီး ကျောင်းသွားသည်။ ရိုမီယိုအပြင်သို့ရောက်သောအခါ ဗစ်တိုးရီးယားက ဘက်ခမ်းကို မေးသည်။
`ရှင် ကလေးကို ဘာပြောလိုက်တာလဲ။ မကြိုက်တဲ့နွားနို့ကိုတောင် အကုန်သောက်သွားတယ်တဲ့ အံ့ပါရဲ့´
`အော်… သားအနေနဲ့ နွားနို့ကို မသောက်ရင် သားရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကြီးထွားလာမှာမဟုတ်ဘူးလို့ ပြောလိုက်တာပါ´
ထိုစကားကြားသော် ဗစ်တိုးရီးယားက ဘက်ခမ်းခေါင်းကို လက်ထဲမှဇွန်းဖြင့် ခေါက်လိုက်သည်။ `ဟ… ဘာဖြစ်လို့ ခေါက်ရတာလဲဟ´
`ရှင်ငယ်ငယ်က နွားနို့မှန်မှန် မသောက်ခဲ့လို့´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
***(ရွှင်ပြုံးတခဏ-ဘောလုံးဟာသ)***

No comments:
Post a Comment