(မော်စကို၊ ဒီဇင်ဘာလ ၄-ရက်)
နိုင်ငံတကာ အာကာသစခန်း(အိုင်အက်စ်အက်စ်)သို့ ၂၂-ကြိမ်မြောက်လိုက်ပါသွားမည့် အာကာသယာဉ်မှူးများ၏ နောက်ဆုံးအမည်စာရင်းကို ဒီဇင်ဘာလ ၃-ရက်နေ့က ရုရှားအထူးကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။ ရုရှား၊ အမေရိကန်၊ ဂျပန်နိုင်ငံသားများဖြစ်သော အာကာသယာဉ်မှူး ၃-ဦးစလုံးသည် ပြီးခဲ့သော ရက်သတ္တပတ်က နောက်ဆုံးစမ်းသပ်မှုတွင် အမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့ကြသည်ဟု ရုရှားနိုင်ငံ၏ အာကာယာဉ်မှူးများ လေ့ကျင့်သင်ကြားရေးဌာနက ပြောကြားသည်။ ဆိုယုဇ်
တီအမ်အေ ၁၆-အာကာသယာဉ်ဖြင့် ၄င်းတို့ ၃-ဦးသည် ဒီဇင်ဘာလ ၂၁-ရက်နေ့တွင် နိုင်ငံတကာ အာကာသစခန်းသို့ သွားရောက်ရန် စီစဉ်ထားသည်။ (အင်တာနက်)
*** အယ်လ်ဂျီးရီးယား၌ A(H1N1)ရောဂါဖြင့် ၃-ဦးထပ်မံ သေဆုံး***
(အယ်လ်ဂျီးယာ့စ်၊ ဒီဇင်ဘာလ ၄-ရက်)
အာဖရိကတိုက်အယ်လ်ဂျီးရီးယားနိုင်ငံ၌ A(H1N1) ရောဂါဖြင့် ၃-ဦးထပ်မံသေဆုံးခဲ့သည်ဟု ဒီဇင်ဘာလ ၂-ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြု ပြောကြားသည်။ အယ်လ်ဂျီရီးယားနိုင်ငံအတွင်း ယင်းရောဂါဖြင့် သေဆုံးမှုမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး ၃-ဦး အပါအ၀င် ၇-ဦးရှိသွားပြီဖြစ်ကြောင်း ထပ်လောင်းပြောကြားသည်။ ၄င်းနိုင်ငံတစ်ဝန်း A(H1N1) ရောဂါဖြစ်ပွားသူ စုစုပေါင်းဦးရေမှာ ၃၃၈-ဦးရှိပြီဟုလည်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (အင်တာနက်)
*** ဘင်္ဂလားဒေ့ရှ် ဘိုလီမြစ်၌ ကူးတို့ရေယာဉ်နစ်မြုပ်***
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကက်ရှိဂန်ခရိုင်ရှိ ဘိုလီမြစ်အတွင်း၌ ဒီဇင်ဘာလ ၄-ရက်နေ့က ခရီးသည် ၂၀၀-ခန့်တင်ဆောင်လာသော ကူးတို့ရေယာဉ်တစ်စင်းနစ်မြုပ်ခဲ့ ၁၆-ဦးသဆုံးပြီး ခရီးသည် ၁၀၀-ခန့်ပျေက်ဆုံးလျက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် အရာရှိများက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** တရုတ်နိုင်ငံ နန်ဘိုကမ်းလွန်၌ သင်္ဘောနှစ်စင်းတိုက်မိ***
တရုတ်နိုင်ငံအရှေ့ပိုင်း ကျီကျင်းပြည်နယ် နန်ဘိုမြို့ကမ်းလွန်တွင် ဒီဇင်ဘာလ ၄-ရက်နေ့ နံနက်က အီရန်ကုန်တင်သင်္ဘောနှင့် တရုတ်ငါးဖမ်းသင်္ဘောတစ်စင်းတို့တိုက်မိရာ သင်္ဘောသား ၇-ဦး ပျောက်ဆုံးလျက်ရှိကြောင်း၊ ရေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ရှာဖွေလျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** အင်ဒိုနီးရှား၌ ခရီးသည်တင်လေယာဉ် အရေးပေါ်ဆင်းသက်မှု ပြုလုပ်ရ***
(ဂျကာတာ၊ ဒီဇင်ဘာလ ၄-ရက်)
အင်ဒိုနီးရှားလေကြောင်းလိုင်း မာပါတီနူဆန်တာရာပိုင် လေယာဉ်တစ်စင်းသည် လေယာဉ်ဘီးအုံတစ်ခု၌ ချွတ်ယွင်းမှုဖြစ်ပွားပြီးနောက် အနောက် မူဆန်တန့်ဂါရာပြည်နယ်မြို့တော် ကူပန့်ရှိ အဲလ်တာရီလေဆိပ်၌ အရေးပေါ် ဆင်းသက်လိုက်ရကြောင်း ကြာသပတေးနေ့တွင် ပြည်တွင်းရုပ်မြင်သံကြားက ဖော်ပြသည်။ လေယာဉ်အရေးပေါ် ဆင်းသက်မှုမပြုမီ မာပါတီလေကြောင်းလိုင်း၏ ဖော်ကာ-၁၀၀ လေယာဉ်သည် ခြောက်ကြိမ်ထက်မနည်း ဆင်းသက်ရန် ကြိုးပမ်းခဲ့သည်။ လေယာဉ်သည် ယင်း၏ လောင်စာဆီများကုန်အောင် လေထဲတွင် ၀ဲပျံပြီးနောက် အရေးပေါ်ဆင်းသက်မှုပြုလုပ်ခဲ့သည်။ လေယာဉ်၌ လိုက်ပါလာသော ခရီးသည် ၈၈-ဦးနှင့် လေယာဉ်အမှုထမ်း ၆-ဦးတို့ ထိခိုက်ဒဏ်ရာမရရှိကြောင်း၊ လေယာဉ်သည်လည်း ဆိုးရွားစွာပျက်စီးမှု မရှိကြောင်း သိရသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်- မောင်မောင်ဆွေ** မောင်ချစ်ကြည်***
*** နိုင်ငံတကာ အာကာသစခန်းသို့ သွားမည့်အာကာသယာဉ်မှူးများ အမည်စာရင်းထုတ်ပြန်ကြေညာ***

No comments:
Post a Comment