ချယ်ရီကိုးလ်က တစ်ကိုယ်တော် အခွေကိစ္စအတွက် အမေရိကန်သို့ သွားရသည်။ အိမ်တွင် ဇနီးမရှိသည်ကို အခွင့်ကောင်းယူ၍ချဲလ်ဆီးအသင်းမှ အက်ရှ်လေကိုးလ်က အမျိုးသမီးတစ်ဦးကို အိမ်သို့ခေါ်ကာ ရက်အတန်ကြာပျော်ရွှင်စွာ နေလိုက်သည်။ ဇနီးပြန်လာသည့်ရက်နီးသောအခါ အစေခံမကိုခေါ်ပြီး ဤအကြောင်း ဇနီးသည် မသိပါစေနဲ့ဟု ပြောကာ ပေါင် ၁၀၀-ပေးသည်။ သို့ရာတွင် အစေခံက…
`နည်းပါတယ်ဆရာ။ နောက်ထပ်ပေါင် ၁၀၀-ပေးပါဦး´
`မင်းဟာက ဘယ်လိုလဲဟ။ ဒီလောက်ပေးတာတောင် နည်းသေးတယ်ဟုတ်လား´
`ဟုတ်ပါတယ်ဆရာ၊ နည်းပါတယ်။ ဒီလိုကိစ္စတွေမှာ ဆရာ့မိန်းမဆို ကျမကို ပေါင် ၂၀၀-ပေးနေကျရှင့်´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
***(ရွှင်ပြုံးတခဏ-ဘောလုံးဟာသ)***

No comments:
Post a Comment