မြန်မာပြည်က ဟစ်ဟော့ပ်အဆိုကျော် `စိုင်းစိုင်းခမ်းလှိုင် လာရောက်ဖျော်ဖြေမည်´လို့ မြို့သိ၊ ရွာသိ၊ လူသိ နတ်ကြား ကျေညာထားပြီးကာမှ စိုင်းစိုင်းခမ်းလှိုင်နဲ့ ခပ်ဆင်ဆင်တူသူ (ဗေလုဝ)ပင် ရောက်မလာသော စတိတ် ရှိုးပွဲတစ်ခုဟာ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ ယမန်နေ့ညက တကယ်ဖြစ်ခဲ့တာပါဗျာ။ မဲဆောက်မြို့က ဘုရင့်ဈေး(ခေါ်)ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူယာဒက်ခ်ျရဲ့ သက်တော် (၈၂)နှစ်ပြည့် မွေးနေ့ပွဲအတွက် ဂုဏ်ပြုဖျော်ဖြေပွဲတစ်ခုကို ပွဲသွင်းသူ ဒွန်ကင်းနဲ့ အဖေမတူ၊ အမေကွဲ တစ်စုက စတိတ်ရှိုးပွဲသွင်းခဲ့တာဖြစ် ပါတယ်။
မြန်မာအလုပ်သမားတွေဆိုရင် `စိုင်းစိုင်းခမ်းလှိုင်´ကို ကြည့်ချင်လွန်းလို့ ဒီဇင်ဘာလ ၅-ရက်နေ့ဆိုတာ သူတို့ရဲ့ လစာထုတ်ရက် မဟုတ်ပေမယ့် သူဌေးဆီက(သို့)မန်နေဂျာဆီက ချေးငွေ(၃၀၀၊ ၄၀၀၊ ၅၀၀)ဘတ်ထုတ်ယူကြ၊ အဝေးက လာသူတွေက အော်ဒါကားတွေ စီစဉ်ကြ၊ အနီးကလာသူတွေကလည်း လိုင်းကားတွေကို စုငှားရမ်းကြနဲ့ တော်တော်ကို အလုပ်ရှုပ်ခံပြီး ကြိုတင်ပြင်ဆင်လာကြရတာပါ။ ဟော… ဒီဇင်ဘာလ ၅-ရက်နေ့ည (ဘုရင်မွေးနေ့ည)မှာ တကယ်ကျေညာထားသလို စိုင်းစိုင်းခမ်းလှိုင်က လာပါသလား။ မျှော်လင့်စောင့်စားနေကြတဲ့ မြန်မာအလုပ်သမားလူငယ် ပရိသတ်က မြ၀တီမြို့က လာရောက်ဖျော်ဖြေကြတဲ့ စိုင်းထီးဆိုင်အတု၊ R-ဇာနည်အတု၊ ချစ်ကောင်းအတု၊ ခိုင်ထူးအတုနဲ့ (အတု- အတု- အတု)တွေရဲ့ သီချင်းတွေကို နားဆင်ခံစားရတာထက် အဆိုကျော်စစ်၊ နာမည်ကြီးစစ်စစ်တွေ လာမယ့်ဆိုလို့ ကြိုနေပါမှ တကယ်မလာကြတဲ့အခါ `စိုင်းစိုင်း´ `စိုင်းစိုင်း´လို့ အော်ဟစ်အားပေးနေတာတွေက ဘယ်လိုဖြစ်သွားမှာပါလဲ။ `မြန်မာပြည်က အဆိုတော်တွေလာကြမည်ဆိုတာက မြ၀တီမြို့က လာတာလောက်နဲ့ မြန်မာပြည်ကလာတာ ပါလို့´ ပြောရင် ရနိုင်ပါပြီလား။ ကြပ်ညပ်သပ်နေတဲ့ တိုးဝှေ့နေရတဲ့ အဝေးရောက်မြည်မာပြည်သားတွေရဲ့ တရားဝင်လက်မှတ်ဈေး (ဘတ်- ၁၀၀)၊ အောက်ဈေး (ခေါ်)မှောင်ခိုဈေး (ဘတ်-၂၀၀၊ ၃၀၀)စတာတွေဟာ `စိုင်းစိုင်းခမ်းလှိုင်ကို ကြည့်ချင်လွန်းလို့´ဆိုတာကို သိမှ သိကြပါရဲ့လား။ ဒီငွေတွေဟာ မြန်မာအလုပ်သမားတွေရဲ့ နဖူးကချွေး- ခြေမအထိကျပါမှ ရလာတာ ဆိုတာရယ်၊ သူဌေးနဲ့ မန်နေဂျာတွေ၊ ၀န်န(ခေါ်)ကြီးကြပ်ရေးမှူးတွေရဲ့ အဆူ အဆဲ၊ အမာန် အမဲနဲ့ ရင်းနှီးပြီးကာမှ၊ တချို့ဆိုရင် ဘ၀နဲ့ရင်းနှီးပြီး ကာမှ (လိင်အလုပ်သမအများအပြားလည်းလာကြည့်ကြတယ်ဗျ၊ သူတို့ ဒီနေ့ညဘက် အလုပ်မဆင်းကြဘူးတဲ့) ပရိသတ်ရဲ့ မျှော်လင့်ချက်တွေ၊ ဘ၀အမေနဲ့ သောကအပူတွေကို လစ်လျူရှု၊ ဂရုမမူတဲ့ နေရာမှာ မင်းတို့တတွေဟာ နအဖ-စစ်အုပ်စုရဲ့ လက်အောက်က လာခဲ့ကြသူတွေလို့ ကျမ်းကျိန်ပြောစရာမလိုလောက်အောင် (လူထုဆန္ဒကို လစ်လျူရှုပြီး လိမ်ညာရက်ကြပါပေ့ကွာ)
***သတင်းမှတ်တမ်း- မြန်မာပြည်သား***

No comments:
Post a Comment