(မိုဂါဒစ်ရှူး၊ ဒီဇင်ဘာလ ၅-ရက်)
အာဖရိကတိုက် ဆိုမာလီနိုင်ငံမြို့တော် မိုဂါဒစ်ရှူးတောင်ပိုင်းရှိ ဟိုတယ်တစ်ခု၌ ဒီဇင်ဘာလ ၃-ရက်နေ့က အသေခံဗုံးဖောက်ခွဲမှု ပြင်းထန်စွာဖြစ်ပွားခြင်းကြောင်း ဆိုမာလီအစိုးရအဖွဲ့ဝင် ၀န်ကြီး ၃-ဦးအပါအ၀င် ၅၇-ဦးသေဆုံးခဲ့ပြီး ၂၀၀-ကျော် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အစ္စလာမ္မစ်သောင်းကျန်းသူအဖွဲ့များသည် ဆိုမာလီအစိုးရအဖွဲ့ဝင်၊ တာဝန်ရှိသူများနှင့် အစိုးရတပ်ဖွဲ့ဝင်များအား အသေခံတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။ ယင်းအဖွဲ့များသည် ဆိုမာလီနိုင်ငံတွင်
အစ္စလာမ္မစ်ဒေသတစ်ခုတည်ထောင်ရန် ရာစုနှစ်စုနီးပါးအကြာ ဆန့်ကျင်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ (အင်တာနက်)
*** ပင်လယ်ဓားပြများကို ဒတ်ခ်ျစစ်သင်္ဘောဖမ်းဆီး***
(မိုဂါဒစ်ရှူး၊ ဒီဇင်ဘာလ ၅-ရက်)
အိုမန်နိုင်ငံ၏ တောင်ဘက်ရေပြင်တွင် ကုန်သင်္ဘောတစ်စင်းအား ဓားပြတိုက်ရန် ကြိုးစားခဲ့သော ပင်လယ်ဓားပြ ၁၃-ဦးကို ဒတ်ခ်ျ(နယ်သာလန်)ရေတပ်ဖွဲ့က ကြာသပေးနေ့တွင် ဖမ်းဆီးလိုက်ကြောင်း အင်တာနက်သတင်းတွင် ဖော်ပြထားသည် အမ်ဗွီဘီဘီစီတိုဂိုဟု အမည်ရှိသော ကုန်သင်္ဘောအမြန်မောင်းမော်တော်ဘုတ် နှစ်စင်းဖြင့် တိုက်ခိုက်လာခြင်းကို ပြန်လည်တွန်းလှန်ခဲ့သည်ဟုဥရောပ သမဂ္ဂ ပင်လယ်ဓားပြဆန့်ကျင်တိုက်ခိုက်ရေး အထူးတပ်ဖွဲ့က ပြောကြားခဲ့သည်။ ထို့နောက် ဒတ်ခ်ျ(နယ်သာလန်)စစ်သင်္ဘောအဲဗတ်ဆင်းက အမြန်မောင်းမော်တော်ဘုတ်နှစ်စင်းကို ချည်နှောင်ထားသော သင်္ဘောတစ်စင်းကို တွေ့ရှိခဲ့သည်။ (အင်တာနက်)
*** ရုရှားညကလပ် မီးလောင်ပေါက်ကွဲမှုကြောင့် ၁၀၉-ဦးသေဆုံး***
(မော်စကို၊ ဒီဇင်ဘာလ ၅-ရက်)
ရုရှားနိုင်ငံ မော်စကိုမြို့အရှေ့ဘက်ရှိ မြို့ငယ်တစ်မြို့၌ ညကလပ်တစ်ခု မီးလောင်ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၁၀၉-ဦးသေဆုံးခဲ့ရပြီး ၁၄-ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒီဇင်ဘာလ ၅-ရက်နေ့သတင်းများတွင် ဖော်ပြသည်။ ညကလပ်အတွင်း မီးရှူးမီးပန်းများပစ်ဖောက်ရာမှ စတင်၍ မီးလောင်ကျွမ်းပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း သက်ဆိုင်ရာက ထုတ်ဖော်ပြောကြားသည်။ အခင်းဖြစ်ပွားချိန်တွင် ညကလပ်ဖွင့်လှစ်သည့် ရှစ်နှစ်ပည့် အထိမ်းအမှတ်ပွဲကို ဆင်နွဲနေကြောင်း သိရသည်။ သေဆုံးသူအများစုသည် မီးခိုးငွေ့များရှူရှိုက်မိ၍လည်းကောင်း၊ မီးလောင်ကျွမ်းမှုမှ လွတ်ကင်းရန် ထွက်ပေါက်၌ အလုအယက် စုပြုံတိုဝှေ့ကြခြင်းကြောင်းလည်းကောင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။(အင်တာနက်)
*** ဟာရှယ် အာကာသလေ့လာရေးဂြိုဟ်တု နက္ခတ္တဗေဒ ရွှေခေတ်ကို အစပျိုးပေးနိုင်***
(ဟိုဂွန်ဘို၊ ဒီဇင်ဘာလ ၅-ရက်)
ကမ္ဘာမှ အလွန်ဝေးကွာသော အာကာသဟင်းလင်းပြင်ရှိ ကြယ်စုများနှင့် ပတ်သက်နေသည့် မှတ်တမ်းမှတ်ရာများကို ဟာရှယ် အာကာသလေ့လာရေးဂြိုဟ်တုက စတင်ပေးပို့နိုင်ခြင်းမှာ နက္ခတ္တဗေဒသမိုင်းကြောင်းတွင် ရွှေခေတ် တစ်ခေတ်ကို အစပျိုးပေးခြင်းဖြစ်ကြောင်း သုတေသီများက ယနေ့တွင် ပြောကြားသည်။ ယင်းဂြိုဟ်တုကို ၂၀၀၉-ခုနှစ် မေ ၁၄-ရက်နေ့က အာရီယန် ၅ ဒုံးပျံယာဉ်ဖြင့် လွှတ်တင်ခဲ့သည်။ ဟာရှယ်ဂြိုဟ်တုကို လေးနှစ်ခန့် အသုံးပြုနိုင်မည်ဟု သိပ္ပံပညာရှင်များက မျှော်လင်သည်။ (အင်တာနက်)
***စုစည်းဘာသာပြန်-မောင်မောင်ဆွေ***
*** မိုဂါဒစ်ရှူးမြို့ဟိုတယ် ဗုံးပေါက်ကွဲမှုကြောင့် ၀န်ကြီး ၃-ဦးအပါအ၀င် ၅၇-ဦးထိ တိုးလာ***

No comments:
Post a Comment