*** လက်ကိုင်ဖုန်းအသုံးပြုခြင်းနှင့် ဦးနှောက်ကင်ဆာဖြစ်ပွားမှု ဆက်စပ်ခြင်း မရှိဟုဆို***
လက်ကိုင်ဖုန်းကို အသုံးပြုခြင်းသည် ဦးနှောက်ကင်ဆာခြစ်ပွားမှုနှင့် ဆက်စပ်ခြင်းမရှိကြောင်း၊ ဒိန်းမတ်နိုင်ငံ ဆေးသိပ္ပံပညာရှင်များ၏ လက်တွေ့သုတေသနပြုချက် တစ်ရပ်၌ ဖော်ပြထားသည်။ လက်ကိုင်ဖုန်းအသုံးပြုခြင်းနှင့် ဦးနှောက်ကင်ဆာဖြစ်ပွားမှု ဆက်စပ်လျက်ရှိကြောင်း၊ လက်ကိုင်ဖုန်းမှ ထွက်ရှိလာသောလှိုင်းများကြောင့် ဦးနှောက်အတွင်း အကျိတ်များဖြစ်ပေါ်စေကြောင်း ယခင်သုတေသနပြုချက်များ၌ ဖော်ပြခဲ့ကြသည်။ ဦးနှောက်ကင်ဆာဖြစ်ပွားသူ (၆၀၀၀၀) တို့အား စနစ်တကျသုတေသနပြုခဲ့ရာ
လက်ကိုင်ဖုန်းသုံးစွဲသူ ဦးရေမှာ အနည်းငယ်သာရှိသည်ကို တွေ့ရှိရကြောင်း၊ အခြားအကြောင်းအချက်များကြောင့်သာ ဦးနှောက်ကင်ဆာဖြစ်ပွားကြကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ၄င်းတို့၏ သုတေသနပြုချက်မှာ ဖော်ပြထားသည်။ တဖန် လက်ကိုင်ဖုန်း အသုံးပြုသူများကို (၅)နှစ်ကြာ သုတေသနပြုခဲ့ရာ ဦးနှောက်ကင်ဆာဖြစ်ပွားသူ ဦးရေမှာ အနည်းငယ်သာ တွေ့ရှိရကြောင်း၊ ယင်းမှာ လက်ကိုင်ဖုန်းကြောင့် ဟူသော အချက်တစ်ချက်တည်းနှင့် ကောက်ချက်မချနိုင်ကြောင်း ဒိန်းမတ်နိုင်ငံ ဆေးသိပ္ပံပညာရှင်များက ထုတ်ဖော်ပြောကြားသည်။ (အင်တာနက်)
***(Public Health)***

No comments:
Post a Comment