ထိုင်းဘုရင်၏မွေးနေ့ မင်္ဂလာအား အေးချမ်းစွာကျင်းပနိုင်ရေးအတွက် ဘန်ကောက်မြို့ တော်အတွင်း ရှိနိုင်ငံခြားသားများအားစီမံချက်ချဖမ်းဆီးလိုက်ရာယမန်နေတစ်နေ့တည်းလူတစ်ထောင်ကျော်ဖမ်းဆီးလိုက်
ကြောင်း ထိုင်းနိုင်ငံရဲဗိုလ်ချုပ်ကြီး စထာချိုင်ယနွန် ကပြောဆိုလိုက်ကြောင်းထိုင်းဘာသာဖြင့်ထုတ်ဝေသော ထိုင်းရတ်သတင်းစာတွင်ဖေါ်ပြထားသည်။
“ဘုရင်ကြီးရဲ့ သက်တော် ၈၂ ပြည့်မွေးနေ့ ကိုအေးချမ်းစွာနဲ့ ကျင်းပနိုင်ဖို့ ၇ည်ရွယ်ပြီးတော့နိုင်ငံခြား
သားတွေကိုရှာဖွေဖမ်းဆီးလိုက်တာပါ၊ လုယက်မှုတို့၊လူသတ်မှုတို့ ခိုးမှုတို့ မပေါ်ပေါက်အောင်လို့ 
ဘန်ကောက်မြို့ နေရာအနှံ့ကိုလိုက်ဖမ်းလိုက်တာ။နိုင်ငံခြားသားပေါင်း ၁၀၈၂ ယောက်ဖမ်းဆီးလိုက်
ပါတယ်။မွေးနေ့ ပြီးရင်ဒီလူတွေကို သက်ဆိုင်ရာနယ်စပ်တွေကိုပြန်ပို့ မှာဖြစ်ပါတယ်”ဟု ရဲဗိုလ်ချုပ်
ကြီးကထိုင်းနိုင်ငံရဲဌာနချုပ်တည်ရှိရာ ဖရာထိုင်းရုံးချုပ်တွင်ပြောဆိုလိုက်သည်။
ဖမ်းဆီးခံရသူများမှာ မြန်မာ ၄၃၁ဦး ၊ကမ္ဘောဒီယား ၃၄၁၊လော၂၄၃ဦး၊အိန္ဒိယ ၄၁ဦး ၊ဗီယင်နာမ်၅
ဦး၊တရုတ်၁ဦးနှင့်နိုင်ငံအတည်တကျမရှိသောနိုင်ငံခြားသား ၂၀ဦးခန့် ရှိကြောင်း ရဲဗိုလ်ချုပ်ကြီးကဆက်လက်ပြောဆိုသွားသည်။
ဖမ်းဆီးသောနေရာများမှာ ၊ကုမ္ပဏီအစောင့်များမှာအများစုဖြစ်ပြီး၊ဈေးများ၊ကုန်တိုက်များ၊စား
သောက်ဆိုင်များ များမှ အစုလိုက်အပုံလိုက်ဖမ်းဆီးခြင်းဖြစ်သည်။ထိုင်းနိုင်ငံအတွင်းနေထိုင်အလုပ်
လုပ်ကိုင်ခွင့်လက်မှတ်(ဘတ်)ရှိသည့်မြန်မာအလုပ်သမားများရာချီ၍ပါဝင်သည်။မိသားစုများက ရွေးထုတ်ရန်ကြိုးစားသောအခါ ဘတ်လုပ်ပေးသည့်  လုပ်ငန်းရှင်(သူဌေး)ကိုယ်တိုင်လာရောက်ထုတ်ယူမှ လွှတ်ပေးမည်ဖြစ်ကြောင်းဗဟိုအချုပ်ကြီး (အိုင်ဒီစီ )တာဝန်ရှိသူများကပြောသည်။
ထိုင်းနိုင်ငံနေရာတိုင်းလိုလိုတွင်ထိုင်းရဲများလိုက်လံဖမ်းဆီးနေသဖြင့် မြန်မာအလုပ်သမားအများစု
မှာကျီလန်စာစားစိတ်မချမ်းမြေ့ဖြစ်နေကြကြောင်းနေရာစုံမှကြားသိနေရသည်။နက်ဖြန်ဒီဇင်ဘာာလ၅ရက်
နေ့တွင်ထိုင်းဘုရင်ကြီးဘူမိဘောအဒူရာဒက်ဂ်ျ၏သက်တော်၈၂ နှစ် မွေးနေ့မင်္ဂလာအဖြစ် ထိုင်းနစ်နိုင်ငံလုံး
တွင်ခြိမ့်ခြိမ့်သဲကျင်းပကြမည်ဖြစ်သည်။ထိုင်းဘုရင်ကို ထိုင်းလူမျိုးတို့က ဘုရားနှင့်တတန်းတည်းထား
ပြီးရိုသေကိုင်းညွတ်၊ကိုးကွယ်ကြသည်။
***ကိုကျော်သောင်း(ဘန်ကောက်)***
(ဒီဇင်ဘာ ၄။၂၀၀၉)

No comments:
Post a Comment