ချဲလ်ဆီးအသင်းမှ လမ်းပတ်နှင့် ပြတ်စဲပြီးနောက် အိမ်ပေါ်မှဆင်းလာပြီး မိဘအိမ်သို့ အီလန်ရိဒ်ပြန်လာသည်။ အိမ်အရောက်တွင် အီလန်ရိဒ်က အခြေအနေများကို ရှင်းပြပြီး နောက်ဖြစ်ရပ်တစ်ခုကို ပြောသည်။
`မေမေ… ကျမအိမ်ပေါ်က အဆင်းမှာ အိမ်ထဲက သေနတ်သံလိုလို ကြားလိုက်တယ်။ ကျမအထင် သူ့ကိုယ်သူများ သတ်သေတာဖြစ်နေမလားဟင်´
ထိုအခါ အီလန်ရိဒ်၏ မိခင်ကပြုံးပြီး အီလန်ရိဒ်၏ ကျောကိုပုတ်ကာ ပြောသည်။
`သိပ်လည်း မတွေးပါနဲ့ သမီးရယ်… မေ့မေ့အထင်တော့ သူရှန်ပိန် ပုလင်းဖွင့်တာဖြစ်ပါလိမ့်မယ်´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
***(ရွှင်ပြုံးတခဏ-ဘောလုံးဟာသ)***

No comments:
Post a Comment