ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, December 21, 2009

ကမ္ဘာ့ရွေ့ ပြောင်းအလုပ်သမားနေ့ ထိုင်းနိုင်ငံတွင်ကျင်းပ

> (ဒီဇင်ဘာ ၂၁။၂၀၀၉)
ကမ္ဘာ့ရွေ့ ပြောင်းအလုပ်သမားနေ့ ကိုထိုင်းနိုင်ငံမဲဆောက်၊ဖန်ငနှင့်မြို့  တော်ဘန်ကောက်တို့ တွင်ကျင်းပခဲ့ကြသည်။ ယမန်နေ.့ ကဘန်ကောက်မြို့ ချူလာလောင်ကွန်းတက္ကသိုလ်တွင်ကျင်းပသော အခမ်းအနားတွင် ထိုင်းနိုင်ငံရွေ့ ပြောင်းအလုပ်သမားများကျမ္မာရေးဆိုင်ရာကူညီပေးရေးဘုတ်အဖွဲ့ ဝင်နှင့် တက္ကသိုလ်များဆိုင်ရာ ဘွဲ့ နှင်းရေးအဖွဲ့ဝင် ဒေါက်တာ Dr.Vichai Choke-vivat နှင့် ထိုင်းအလုပ်သမားဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ပေါင်ဆက်ပလန်ဆိုင်း တို့ က “ထိုင်းအစိုးရ သတ်မှတ်ထားတဲ့ ၂၀၁၀ ဖေဖေါ်ဝါရီလ၂၈ မှာ ယာယီပတ်စပို့ ကတော့ဘယ်လို့ မှမပြီးနိုင်ပါ ဘူး။ အချိန်တိုးပေးပါလိမ့်မယ်။ မလုပ်ရသေးတဲ့လူတွေလုပ်ကြပါ”ဟုပြောဆိုသွားခဲ့ကြသည်။ ဘန်ကောက်မြို့ လယ် ရှိ မာဘုန်းခေါင်းကုန်တိုက် ရှေ့ မှ ရာပေါင်းများစွာသော မြန်မာအလုပ်သမားများက ချူလာလောင်ကွန်းတက္ကသိုလ်သို့  ပိုစတာများ၊ကိုင်ဆောင်ပြီး ကရင်ဒုံးအကတီးလုံးကိုတ:ီကာ လမ်းလျှောက်ချီတက်ခဲ့ကြသည်။ ထိုင်းအလုပ်သမားများသမဂ္ဂမှ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးကလည်း“ထိုင်းနိုင်ငံအတွက်မရှိမဖြစ် လိုအပ်နေတဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းအာဏာပိုင်များအနေဖြင့် စဉ်းစားဆင်ခြင်ပြီးမှ ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း၊ အခက်အခဲ တို့ ကိုသေချာစွာစုံစမ်းပြီး အကောင်းဆုံးဖြစ်အောင်စီစဉ်ပေးသင့်ကြောင်းပြောဆိုသွားသည်။ ထိုင်းနိုင်ငံအတွင် ၂၀၀၉ ခုနှစ်တွင် အလုပ်သမားပေါင်း ၁၁သိန်းမှတ်ပုံတင်ခဲ့ရာတွင်ဆယ်သိန်းနီးပါးက မြန်မာအလုပ်သမားဖြစ်သော်လည်း ဇူလိုင်လမှစတင်လုပ်ကိုင်ခဲ့သော ယာယီ
ပတ်စပို့ လုပ်ငန်းတွင် လုပ်ပြီးသူ လေးထောင်ခန့် သာရှိသေးပြီး လျှောက်ထားသူ ရှစ်သောင်းခန့် သာရှိသေးသည်။မဲဆောက်အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့တာဝန်ခံ ဦးမိုးဆွေ က“ အလုပ်သမားတွေအနေနဲ့ အလွန်အကျွံမကြောက်ံ့ကြစေချင်ပါဘူး၊ဒီလိုမျိုး ၁၉၉၇တုန်းကတစ်ကြိမ်၊ ၁၉၉၉ မှာ တစ်ကြိမ်ဖြစ်ဖူးပါတယ်။ခုလုပ်ပြီးတဲ့လူက နဲနဲပဲရှိပါသေးတယ်။
လုံးဝကိုယ် ဖေါင်မဖြည့်ရသေးတဲ့လူက ၇ သိန်းကျော် ၈ သိန်းလောက်ရှိနေသေးတယ်။ ဒီလူတွေကိုဖမ်းပြီးပြန်ပို့ ဖို့ ဆိုတာ သဘာဝတော့သိပ်မကျပါဘူး။မြန်မာအလုပ်သမားတွေကလည်း ကိုယ့်အလုပ်ကိုယ်လုပ်ပြီးပိတ်ဆံကလေး ရသလောက်စုပြီးပြန်မယ်ဆိုတဲ့ သဘောမထားပဲ အနီးအနားကအဖွဲ့ အစည်းတွေကထုတ်တဲ့  စာစောင်တွေကိုဖတ်တာမျိုးတို့သတင်းအချက်အလက်တွေကိုနားစွင့်တာမျိုးတို့ လုပ်သင့်ပါတယ်။ မိမိတို့ ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို သေသေချာချာသိမ်းဆည်းထားတာမျိုး/လုံခြုံတဲ့နေရာတွေကိုပို့ ဆောင်ထားတာမျိုးတွေ ခုကတည်းကကြိုတင်စီစဉ်ထားသင့်ပါတယ်”ဟုပြောဆိုသွားသည်။ ဒီဇင်ဘာလ၁၈ ရက်နေ့ တွင်ထိုင်နိုင်ငံတောင်ပိုင်းအခြေစိုက် လူ့အခွင့်အရေးပညာပေးဌာန GHREအဖွဲ့မှပျော်ပွဲ ရွှင်ပွဲနှင့်အတူ ဟောပြောပွဲများဖြင့်စီစဉ်ကျင်းပခဲ့သည်။ ၁၉ ရက်နေ့ တွင် ဘန်ကောက်မြို့ လယ်ရှိ စင်ထရယ်ဝေါ ကုန်တိုက်ကြီးတွင် ထိုင်းအခြေစိုက်အင်ဂျီအိုအဖွဲ့အစည်းမျာ်းစုပေါင်းပြီး ကျင်းပခဲ့သည်။ ပွဲစဉ်သူတစ်ဦးအပါအ၀င်ဖြစသော World Vision ဝေါင်္ဗီးရှင်းမှ ပြောရေးဆိုခွင့်ရှိသူ ကိုစေစိုင်းနောင်ချို က“ကျနော်တို့ မြန်မာအလုပ်သမားအရေးတွေကိုဆောင်ရွက်တဲ့နေရာမှာ အစိုးရရော၊အလုပ်သမားတွေရော၊သတင်းသမားတွေရော အားလုံးဝိုင်းဝန်းလုပ်ဆောင်ကြဖို့ လို ပါတယ်။ ကျနော်လုပ်လာတဲ့သက်တမ်းတလျှောက် အားအရဆုံးလုပ်ရပ်ကိုပြောရင်
၂၀၀၇ ခုနှစ်တုန်းကထိုင်းတောင်ပိုင်းမှာ အလုံပိတ်ကားမှာ အစုလိုက်အပုံလိုက်သေခဲ့ရတဲ့ မြန်မာ အလုပ်သမားတွေလျှော်ကြေးရ အောင် ဆောင်ရွက်နိုင်ခဲ့မှုကိုပြောရမယ်ထင်တယ်။ဒါပေမယ့် အဲဒီကိစ္စ ခုထိမပြတ်သေးပါဘူး”ဟုပြောဆိုသွားသည်။ ဤပွဲတွင် စိန်ကျွန်းတက္ကသိုလ်မှ မြန်မာကျောင်းသား/သူ၅ဦးက ခုခံအားကျဆင်းမှုရောဂါအကြောင်း သီးချင်းများဖြင့်သရုပ်ဖေါ်သွားကြပြီး၊ သက်ဆိုင်ရာအဖွဲ့ တို့ က ခေါင်းဆောင်များက မိန်းခွန်းပြောကြသည်။ မြန်မာအစားအစာဖြစ်သော စမူစာနှင့်လဘက်သုတ်ကို ကျွေးမွေးသည့်အပြင် မြန်မာအလုပ်သမားများအကြောင်းကိုရိုက်ကူးထားသော ဗွီဒီယို
ဇါတ်ကားကို လည်းအနည်းငယ်ပြသခဲ့သည်။
မဲဆောက်မြို့ တွင်လည့်း ပြောင်းအလုပ်သမားအလွှာ ပေါင်းစုံကအလုပ်သမား(၃၀၀) ခန် တို့အလုပ်သမား အခွင့်အရေးများကိုလက်ကိုင်ဆိုင်းဘုတ်များတွင် ရေးပြီးလမ်းလျှောက် ချီတက်ပွဲကို စည်းကမ်းကျနစွာ ဆင်နွှဲခဲ့ကြသည်။်မဲဆောက်မြို့ရုဂျိရာဟိုတယ်ကိုအရောက်ချီတက်သွားခဲ့ပြီးထိုင်းအာဏာပိုင်အဖွဲ့အစည်း
ုဖြစ်သောထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန၊ထိုင်းအလုပ်သမားကာကွယ်ရေးရုံး(ဆာဝါဒီကန်)နှင့်
ူတာ့(ခ်)ခရိုင်စက်မှုလုပ်ငန်းရှင်ကြီးနဲ့ ကုန်သည်ကြီးများအသင်း (FTI) ၊ ထိုင်းရှေ့ နေများကောင်စီ ဥပဒေအထောက်အကူပြုဌာန (LLC)တို့ မှတာဝန်ရှိသူများက ဂုဏ်ပြု စကားပြောကြားခြင်း၊အဲဒီထိုင်းအဖွဲ့ အစည်းတွေကိုမြန်မာရွှေပြောင်းအလုပ်သမားများရဲကိုယ်စားလက်ဆောင်ပန်းချီကားချပ်များပေးအပ်ခြင်း
များကိုပြုလုပ်ခဲ့ကြသည်။ထိုင်းအစိုးရထံမြန်မာရွှေ့ ပြောင်းအလုပ်သမားများရဲ့ ကိုယ်စားအ
လုပ်သမား အခွင့်အရေးတောင်းဆိုစာတစ်စောင်ကိုလည်းဆာဝါဒီကန်ရုံးတာဝန်ခံအရာရှိထံပေးအပ်ခြင်းတို.့ ကိုအဆင့်ဆင့်ဆောင်ရွက်သွားကြသည်။ မြန်မာအလုပ်သမားများအနေဖြင့် ၂၀၁၀ ဖေဖေါ်ဝါရီလကုန်တွင် ဖမ်းဆီးပြန်ပို.့ ခံရမည်ကိုအထူး စိုးရိမ်နေကြကြောင်းသိရှိရသည်။

***သတင်း-ဦးကျော်သောင်း(ဘန်ကောက်)***

(ဒီဇင်ဘာ ၂၁။၂၀၀၉)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)