ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, December 21, 2009

မဲဆောက်မြို့ပိုင်နှင့် ရဲမှူးကြီးကိုယ်တိုင် ကွင်းဆင်းပြီး ပွဲသိမ်းပေးလိုက်သည့် မဲဆောက်စက်ရုံဆန္ဒပြပွဲ…

>

ဟုတ်ကဲ့ပါခင်ဗျာ…။ ဒီကနေ့ မွန်းလွဲ (၁၂း၃၀)နာရီမှာ မဲဆောက်မြို့ပိုင်နဲ့ မဲဆောက်မြို့နယ် ရဲမှူးကြီးတို့ ကိုယ်တိုင် တော့(ပ်)ဖောင်းဇာဘော်လီ ချုပ်စက်ရုံက အလုပ်သမား (၃၀၀၀)ခန့် စုရုံးဆန္ဒပြနေကြရာ တာ့(မ်) အန် ဘုန်း တော်ကြီးကျောင်းဆီကိုလာရောက်ပြီး- `ဆန္ဒပြအလုပ်သမားတွေကို တစုံတရာ အရေးမယူဘူး။ ဆန္ဒပြအလုပ် သမားတွေ အလုပ်ပျက်ထားတဲ့ ပျက်ရက်တွေအတွက် လုပ်အားခကို မဖြတ်တောက်ဘူး။ ဆန္ဒပြ အလုပ်သမားတွေ ဒီဇင်ဘာလ ၁၈-ရက်နေ့ညပိုင်းက (အလုပ်သမား နှစ်ဦးသေသွားတယ်)ဆိုတဲ့ သတင်းမှား အရ ရိုက်ချိုးဖျက် ဆီးပစ်ထားတာတွေကိုလည်း အရေးမယူသလို လျော်ကြေးလည်း မတောင်းဆိုဘူး။ တနင်္ဂနွေနေ့ အလုပ်ပိတ် ရက်မှာ အလုပ်မခိုင်းဘူး။

စတဲ့နူတ်ကတိတွေကို ပေးသွားတဲ့အခါမှာ လက်ခုပ်သြဘာသံတွေ သံပြိုင်ထွက်လာပြီး `ကျေနပ်ပါတယ်´စသဖြင့် အော်ဟစ်ကြပါတယ်။ အဲသလို တော့ပ်ဖောင်း အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမ ၃၀၀၀-ကျော်နဲ့ မြန်မာအလုပ်သမား ၃၀၀-ခန့်တို့ရဲ့ စိတ်ကျေနပ်မှုတွေကို ထိုင်းအာဏာပိုင်နှစ်ဦးဖြစ်တဲ့ မဲဆောက်မြို့၊ မြို့ပိုင်နဲ့ မဲဆောက်ရဲစခန်း- စခန်းမှူးတို့က ဖြည့်စွမ်းပေးခဲ့တာဖြစ်သလို မဲဆောက်မြို့အခြေစိုက် တာ့(ခ်)ခရိုင် အလုပ်သမားကာကွယ်ရေးရုံး (ဆ၀ါဒီကန်)ရယ်၊ ထိုင်းနိုင်ငံရှေ့နေများကောင်စီ၊ ဥပဒေအထောက်အကူအပြုဌာန (LLC)နဲ့ သူရဲ့ကွန်ယက်အဖွဲ့ဝင် မြန်မာအလုပ်သမားအကျိုးဆောင်ကော်မတီတွေရယ်၊ ကာယကံရှင် တော့ပ်ဖောင်းအလုပ်သမားတွေရယ်ဟာ ကျေးဇူးတင်စရာ ဖြစ်ပါတယ်။ အလုပ်သဘောအရ ဥပဒေဘောင်ထဲက လုပ်ကြတယ်ဆိုပေမယ့် စေတနာပါပါနဲ့ ရှုပ်ထွေးနေတဲ့ ဟောဒီအလုပ်သမားပြဿနာထဲမှာက လူမသေပဲနဲ့ သေတယ်လို့ `ဖွ´တဲ့ ရာဇ၀တ်မှုဇာတ်လမ်း တစ်ပုဒ်ဟာ `ပုံပြင်အဖြစ် မင်းကိုထားခဲ့မယ်´လို့ ပြောလို့ရပါပြီ။ အလုပ်သမားအခွင့်အရေးလိုင်းတက်လာမှသာလျှင် တော့ပ်ဖောင်းအလုပ်သမားတွေ တကယ်ခံစားခွင့်ရှိမယ့် တောင်းဆိုချက် (၈)ချက်ဖြစ်တဲ့.......
(၁) တနင်္ဂနွေနေ့၊ အချိန်ပို(အိုတီ)မဆင်းရရန်၊ ဆင်းရပါက အိုတီကြေး (၂)ဆ ပေးရန်။
(၂) အစိုးရရဲ့ တရားဝင် ရုံးပိတ်ရက်များအား အလုပ်ပိတ်ပေးရန်။ ထိုနေ့ အလုပ်ခိုင်းပါက လုပ်အားခ (၃)ဆ ပေးရန်။
(၃) အလုပ်သမားများအား ညှင်းပန်း နှိပ်စက်ခြင်းမပြုရန်။
(၄) အလုပ်သမားများအား အိုတီချိန် ခေါ်ပါက သတ်မှတ်ထားသော အိုတီချိန်ထက် ပိုဆင်းမခိုင်းရန်။
(၅) အလုပ်သမားများကို တောမောကဒ် အစစ်ပေးကိုင်ရန်။
(၆) ပျက်စီးဆုံးရှုံးမှုများကို အရေးမယူရန်။
(၇) အလုပ်သမားများသုံးစွဲသော (ရေ၊ မီး၊ မွေ့ယာ၊ ကုတင်)လုံလောင်စွာ ရရှိရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန်၊ နားခွင့်ပေးရန်။
(၈) ငွေကြေးဖြတ်တောက်မှုများကို လျှော့ချပေးပြီး လစာတိုးမြှင့်ရေးရန်… စတာတွေဖြစ်ပါတယ်။ ဒီကနေဲ့
မဲဆောက်မြို့ပိုင်နဲ့ မဲဆောက်ရဲမှူးကြီးတို့က လာရောက်ကွင်းဆင်း ဖြေရှင်းပေးရာမှာ အရေးကြီးတဲ့ တောင်းဆိုချက်တွေကို နူတ်ကတိနဲ့ လိုက်လျောသွားတာတွေ့ရပါတယ်။ သူတို့အလုပ်ရှင်က ထိုင်းနိုင်ငံမှာ အနေကြာတဲ့၊ ထိုင်းပါးဝနေတဲ့ `အမေရိကန်´နိုင်ငံသားဖြစ်လေတော့ အာဏာပိုင်တွေက လိုက်လျောစေချင်တာတွေကို သူက အကောင်အထည်ဖော်ပါ့မလား သံသယတော့ရှိစရာပါပဲ။ ဒါပေမယ့် အဲဒီစဉ်းစားချက်ကို ဖြည့်စွက်ပေးတာက ဒီကနေ့ အလုပ်သမားပြဿနာကို ကွင်းဆင်းဖြေရှင်းပေးသူဟာ မဲဆောက်မြို့ပိုင်နဲ့ မဲဆောက်ရဲမှူးကြီးဖြစ်တဲ့အတွက် အဲဒီသံသယဟာ ပြေရာ၊ ဖြေရာ ဖြစ်စေပြန်ပါတယ်။
ဟုတ်ကဲ့… ဟောဒီ `တော့ပ်ဖောင်း´အမည်ရှိ အမျိုးသမီးအ၀တ်အထည်ချုပ်စက်ရုံဟာ မဲဆောက်မြို့မှာ ဘဏ်ကဒ်စနစ်နဲ့ လစာထုတ်ပေးတယ်။ တူညီယူနီဖောင်းရှိတယ်။ အနေအထိုင်၊ အကျွေးအမွေး စနစ်ကျပြီး သန့်ပြန့်တယ်။ လုပ်အားခက နေ့စဉ် (၁၅၁)ဘတ်ရတယ်။ (နေ့စဉ် ၁၅၁-ဘတ်ပေးတယ်ပြောပြီး နေ့စဉ် ၅၁-ဘတ် ဖြတ်တာကလွဲလို့) စသဖြင့်… စသဖြင့် စက်ရုံအလုပ်ရုံ လုပ်ငန်းခွင်တွေထဲမှာ အင်မတန် အဆင့်အတန်းမြင့်တယ်လို့ ရည်ညွှန်းကြရပါတယ်။ ကဲ… တော့ပ်ဖောင်း(ခေါ်)မြန်မာတို့ ဆိုနေကြတဲ့ တပ်မဟာအထည်ချုပ်ရုံဟာ မဲဆောက်မြို့ အနောက်ပိုင်း ၀မ်စကင်းကျေးရွာ၊ တာ့(မ်)အန်ရပ်ကွက်မှာရှိတဲ့ (မဲဆောက်မြို့ကနေ ၉-ကီလိုမီတာအကွာ အဝေးလောက်မှာ ရှိတဲ့)သောင်ရင်းဖြစ်ကမ်းနဖူးကို မေးတင်ပြီး ဆောက်လုပ်ထားတဲ့ စက်ရုံတစ်ခုရယ်ပါ။ မနေ့တစ်နေ့က ပါးစပ်ပြော ပုံပြင်အရဆိုရင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈-ရက်နေ့ည (၁၁း၀၀)နာရီလောကမှာ မြတ်သက်စိုးနဲ့ သက်ပိုင်စိုး ဆိုတဲ့ ဒီစက်ရုံက မဟုတ်တဲ့ အလုပ်သမားနှစ်ဦးရယ်၊ စက်ရုံက လုံခြုံရေး ၀န်ထမ်းတွေရယ် ရိုက်ပွဲနှက်ပွဲဖြစ်ကြ၊ အဲဒီနှစ်ယောက်က ထွက်ပြေးကြ၊ စက်ရုံအတွင်းမှာက `အသတ်ခံရတယ်၊ သောင်ရင်းမြစ်ထဲေ
ျာပြီး အလောင်းဖျောက်လိုက်တယ်´လို့ မဟုတ်မမှန် သတင်းတွေ ထွက်ပေါ်ကြ၊ ရာဇ၀တ်မှုလမ်းကြောင်းနောက်ကိုပဲ အလုပ်သမားတွေက တောင်းဆိုခဲ့ကြ၊ (ဟော) မနေ့က အမှန်အတိုင်းပြန်သိကြတာမို့ အလုပ်သမားအခွင့်အရေး လမ်းကြောင်းကို တောင်းဆိုကြ၊ (ကိုင်း)ဒီကနေ့တော့… ရပါပြီလား….။ အလုပ်သမားအခွင့်အရေးဆိုတဲ့ ငွေရောင်ပိတ်ကားကြီးပေါ်မှာ ဆက်လက်ရှုစားကြပါစို့လား...။

သတင်းမှတ်တမ်း- သောင်ရင်းနဂါး (မြန်မာပြည်သား)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)