အာဆင်နယ်ကလပ်နှင့် နယ်သာလန်လက်ရွေးစင်ဖြစ်သူ ဗန်ပါစီအနေဖြင့် စားသောက်ဆိုင်အတွင်းသို့ဝင်ရောက်ပြီး အစားအသောက်များ မှာထားသော်လည်း တစ်နာရီကြာသည်အထိ မှာထားသော အစားအသောက်များရောက်မလာပေ။ ထိုအခါ ဗန်ပါစီက စားပွဲထိုးအားခေါ်ကာ ပြောသည်။
`ရော့ ဒီမှာပိုက်ဆံ။ စားပွဲထိုး အမျိုးသမီးအတွက် ပန်းတွေဝယ်ပေးလိုက်ပါ´
`ဟိုက်ရှားပါး… ပန်းတွေဝယ်ဟုတ်လား။ မဟုတ်မှလွဲရော အစ်ကိုအနေနဲ့ စားပွဲထိုးအမျိုးသမီးကို ကြိုက်သွားပြီထင်တယ်´
`ဘယ်ကလာ ကြိုက်ရမှာလဲကွာ… ငါက သူသေသွားပြီထင်လို့´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်ဆိုသည်။
***(ရွှင်ပြုံ:တခဏ- ဘောလုံးဟာသ)***

No comments:
Post a Comment