(ဒီဇင်ဘာ ၂၃၊၂၀၀၉)
မြန်မာနိုင်ငံပြည်သူလူထုများမှာ အထူးကုဆရာဝန်ကြီးများနှင့်အခြားကျန်းမာရေးဝန်ထမ်းများ၏အစမ်းသပ်ခံဘ၀ တွင်ကျရောက်နေကြောင်း မိခင်အားဆေးဝါးကုသပေးရန်သွားရောက်ခဲ့သူ ဘန်ကောက် တွင်နေထိုင်အလုပ်လုပ်ကိုင်သူ မြန်မာအင်ဂျင်နီယာတစ်ယောက်ကပြောသည်။ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့ တွင် နာမကျန်းဖြစ် နေ သော အသက် ခြောက်ဆယ်ကျော်အရွယ်မိခင်ကြီးအားသွားရောက်တွေ့  ဆုံခဲ့သူ မြန်မာအင်ဂျင်နီယာက“
ကျနော်အမေ တစ်နေ့ ကို ဆေးခန်းသွားပြတာ ကျပ်(၄၀၀၀၀)ကျော်ကုန်ပါတယ်။ ပထမတော့ ဒူးခေါင်း နာတယ်။်ဆိုပြီးဆေးထိုးတာပေါ့ နှော်၊အထူးကုတွေက ဒီဆေးလူကြီးနဲ့ တည့်လားမတည့်လားမသိဘူး၊ ၃လ လောက်ဆက် တိုက်ထိုးလိုက်တာ။ဆေးကို အသက်ကြီးတဲ့လူဆိုတော့ မချေနိုင်ဘူး။အထဲမှာသွားခဲနေတယ်။တင်ပါးမှာ ပြည်တည် လာတဲအတွက် ခွဲလိုက်ရတယ်” “အိန္ဒိယတို့ ၊တရုတ်တို့၊ကအပေါစားဆေးကုမ္ပဏီတွေက ထိုးဆေး တွေ /စားဆေးတွေ ကိုကြေငြာပေးတာဖြစ်တယ်။ ဆရာဝန်တို့  ဆေးခန်းပိုင်ရှင်တို့ က အဲဒီဆေးတွေကို ကုမ္ပဏီ တွေ က အခမဲ့ရတာဖြစ်တယ်။ရောဂါကောင်း/မကောင်းလူနာတွေနဲ့  စမ်းသပ်တယ်။ရောဂါပျောက်ရင် အခြားလူတွေ
ကိုညွှန်ပြတယ်။အဲဒီဆေး နာမည်ရသွားရင် ဆရာဝန်တွေနဲ့ ဆေးခန်းပိုင်ရှင်တွေ ကို ကုမ္ပဏီတွေကပိုက်ဆံပေး တယ်၊ ရောဂါတခြား ဆေးတခြား ဖြစ်တဲ့လူကတော့သေတာပေါ့ဗျာသူတို့ အကျိုးအမြတ် ကိုပဲကြည့်ကြတယ်၊ လူ့အသက်တစ်ချောင်းတန်ဘိုးထားရကောင်းမှန်းမသိကြတော့ဘူး”ဟုပြောသည်။ရန်ကုန်၊ မန္တလေးနှင့်အခြားမြို့ ကြီးတိုင်းတွင် အထူးကုဆေးခန်း၊ဆေးရုံများ မြန်မာတစ်နိုင်ငံလုံးတွင်ဖွင့်လှစ်ထားသော်လည်း ကျွမ်းကျင်သော ဆရာဝန်နှင့် အစွမ်းထက်သည့်ဆေးဝါးများအထူးနည်းပါးကြောင်း လူနာရှင်များကပြောပြကြသည်။ ကျန်းမာရေး၊ ပညာရေးဗဟုသုတ နည်းပါးလွန်းသောမြန်မာလူမျိုးတို့ မှာ ဆရာဝန်ပြောသမျှယုံ၊ ဆရာဝန်ပေးတာစား၊ အနေ အထားဖြင့်သာရှိနေသဖြင့် လူနာအချို့ မှာ ရောဂါများကျွမ်းခဲ့ကြရသည်။ အထူးကုဆရာဝန်ကြီးတစ်ဦး၏ ဆုံးဖြတ်ချက်ချ မှားခြင်းကြောင့် ၂၀၀၄ ခုနှစ်ဝန်းကျင်က ရခိုင်ပြည်နယ်၊ကျောက်ဖြူခရိုင်စီမံကိန်းဦးစီးမှူးတစ်ဦး သေဆုံး ခဲ့ရခြင်းကို ထိုင်းနိုင်ငံဘန်ကောက်မြို့ တွင်အလုပ်လုပ်နေသော ကိုဝဏ္ဏကပြောပြသည်။“ခရိုင်စီမံကိန်းဦးစီး မှူး နာမည်က ဦးစံရွှေဦး ပါ၊ အရက်လည်းမသောက်/ဆေးလိပ်လည်းမသောက် တတ်ဘူး။ ပညာတော်လည်းတော်၊ တတ်လည်းတတ်တယ်၊အသက် သုံးဆယ်ကျော်ကတည်းက ခရိုင်အဆင့်အရာရှိဖြစ်တာ။အဲဒါဗျာနေမကောင်းလို့  ရန်ကုန်မှာ ပုဂ္ဂလိကအထူးကုဆေးရုံက အထူးကု ပါရဂူဆီမှာပြတာ။အသဲခြောက်တဲ့ရောဂါ ဆိုပြီး ဈေးကြီးတဲ့ အဆင့်မြင့်ဆေးတွေကို ၀ယ်သောက်ရတာ၊ဓါတ်မှန်ရိုက်၊အယ်စထရာဆောင်းရိုက်၊ အစုံပဲ တစ်လတစ်ကြိမ် ရန်ကုန်သွားပြရတယ်။ ၁နှစ်ကျော်လောက်ကုသလာပြီးတော့ ရောဂါကျွမ်းလာပြီ။အဲဒီတော့မှ အဲဒီအထူးကု ဆရာ ၀န်ကြီးက ကျောက်ကပ်ဆရာဝန်ကြီးဆီကိုပြောင်းပေးတယ်။ ကျောက်ကပ်အထူးကုလက်ထဲရောက်တော့ ကျောက်ကပ်တစ်ဖက်ကလုံးဝမကောင်းတော့ပဲသေခဲ့ရတယ်ဗျာ”ဟု နီနီကပ်ကပ်နေထိုင်ဖူးသူ ကိုဝဏ္ဏ ကပြော ပြ သည်။ ပြီးခဲ့သောအောက်တိုဘာ ၂၇ ရက်နေ့ က အသက် (၁၅) နှစ်အရွယ် (၉) တန်းကျောင်းသူ မခိုင်ရွှန်း လဲ့ရည်၊ ရန်ကုန်မြို့  ရွှေဂုံတိုင် SSCအထူးကုဆေးခန်းတွင်ဆေးကုသရင်းသေဆုံးခဲ့ရပြီးနောက်ပိုင်းမြန်မာပြည်မြို့ ကြီးများတွင် ဆေးရုံဆေးခန်းတို့ က လူနားများကိုတော်ရုံနှင့်လက်မခံသကဲ့သို့ လူနာရှင်များ ကလည်း တော်ရုံ ဆရာဝန်တို့ အား မယုံကြည်ဝံ့ဖြစ်နေကြကြောင်း လူနာရှင်မိသားစုဝင်များကပြောကြသည်။ရောဂါကျွမ်း လု ကျွမ်းခင်အဆင်ရှိသောလူနာများကို လက်ခံကုသရန်ငြင်းဆန်နေကြသည်။ အထူးကုဆေးရုံနှင့် ဆေးခန်းတို့ တွင် လူနာတစ်ဦးလာရောက်ကုသမည်ဆိုပါက သတ်မှတ်ထားသော စရံငွေကို ကြိုတင်ပေးသွင်းထားမှ လက်ခံကု
သကြကြောင်း မြန်မာအင်ဂျီနီယာက ပြောပြသည်။ အနီးစပ်ဆုံးထိုင်းနိုင်ငံ နှင့်ယှဉ်ပြပြောဆိုရာ တွင်“ဗမာပြည် မှာ ငွေကိုပြမှကုပေးတာငွေကိုမပြနိုင်ရင်သေသွားပစေဆေးကုမပေးဘူး၊ထိုင်းမှာတော့ လူ့ အသက်တစ်ချောင်း ကလူမျိုးဘာသာမ ရွေးမရ၊အရလုပြီးကုပေးတာ။သန့်ရှင်းမှုအပိုင်းမှာလည်းမိုးနဲ့ မြေလောက်ကိုကွာတယ်။ ထိုင်းကဆေးရုံတွေမှာဆေးနံ့မနံဘူး၊အိမ်သာအနံ့ အသက်လည်းမနံဘူး၊ဗမာပြည်မှာရှိတဲ့ဆေးရုံတွေ ကိုသွား
ြ ကည့် ဆေးနံ့ ၊သေးနံ့  ကွမ်းတံတွေး အပုပ်န့ံစုံနေတာပဲ၊ ဆေးရုံဘယ်နားမှာလည်းမေးစရာမလိုဘူး ခပ်ဝေးဝေး ကတည်းက အနံ့ပေါင်းစုံနံနေတာပဲ၊အိမ်သာလည်းစနစ်တကျမရှိ၊အိမ်သာထဲမှာအမှိုက်ပုံလည်းမရှိတော့ မိန်းမတွေအသုံးပြုတဲ့ ပစ္စည်းတွေ အိမ်သာထဲမှာဒီအတိုင်းပစ်ခဲ့တာပေါ့။ လက်ဆေးခန်းဆိုတာလည်းမရှိတူး။ မြန်မာနိုင်ငံကဆေးရုံတွေဆေးခန်းတွေ ထိုင်းမြန်မာနယ်စပ်က မယ်တော်ဆေးခန်းကိုမှီဖို့ နှစ်ဆယ်ချီပြီး လိုက်ရပါ လိမ်ဦးမယ်” ဟုမြန်မာအင်ဂျင်နီယာကပြောသည်။
သတင်း.....ကိုကျော်သောင်း(ဘန်ကောက်)

No comments:
Post a Comment