(မနီလာ၊ ဒီဇင်ဘာလ ၁၄-ရက်)
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဘာစီကျွန်းပေါ်ရှိ အကျဉ်းထောင်တစ်ခုကို တနင်္ဂနွေနေ့တွင် အစ္စလာမ္မစ်စစ် သွေးကြွ များဟု ယူဆရသော လက်နက်ကိုင်အုပ်စုက အရုဏ်မတက်မီအချိန်တွင် ၀င်ရောက်တိုက်ခိုက်ရာ အကျဉ်းသား ၃၁-ဦးထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း အကျဉ်းထောင်တာဝန်ရှိသူများက ပြောကြားသည်။ ခေတ္တမျှ
တိုက် ပွဲဖြစ်ပွားရာ ထောင်အစောင့်တစ်ဦးအပါအ၀င် နှစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။ အကျဉ်းထောင်၏ ကွန်ကရစ် နံရံများကိုဖောက်ရန် လက်ကိုင်ရိုးအရှည်တပ် တူကြီးများကိုသုံးပြီး အချုပ်ခန်းသော့ခလောက်များကို ဖြတ်ရန် မူလီဖြစ်တ်ကိရိယာများကို အသုံးပြုခဲ့ကြောင်း ဘာစီလန်ကျွန်း၏ ဒုတိယအုပ်ချုပ်ရေးမှူးက ပြောကြားသည်။ ထွတ်ပြေးလွတ်မြောက်သွားသော အကျဉ်းသား ၃၁-ဦးတွင် မိုရိုအစ္စလာမ္မစ်လွတ်မြောက်ရေးတပ်ဦးမှ အဖွဲ့ဝင် များ နှင့် အဘူဆေယက်ဗ်အုပ်စုမှ အစ္စလာမ္မစ်စစ်သွေးကြွများပါဝင်ကြောင်း ယင်းဒေသမှ တပ်မှူးဗိုလ်ချုပ် ဗင်ဂျာ မင်ဒိုလော်ဖီနိုက အေပီသတင်းဌာနသို့ ပြောကြားသည်။
(အင်တာနက်) *** စုစည်းဘာသာပြန်- မောင်မောင်ဆွေ***
*** မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်သူ အာဖဂန်၌ ဖမ်းဆီးခံရ***
(ကဘူးလ်၊ ဒီဇင်ဘာလ ၁၄-ရက်)
မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ (နေတိုး)တပ်ဖွဲ့သည် အာဖဂန်နစ္စတန်တောင်ပိုင်း ဟယ်လ်မန့်ပြည်နယ်ရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော ဘာရမ်ချားမူးယစ်ဆေးဝါးမှောင်ခိုဈေး၌ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်သူ ဟာဂျီမိုဟာမက်ယူဆွတ်အား သူ၏ အစောင့်အရှောက်အချို့နှင့်အတူ ဖမ်းဆီးလိုက်ကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူးက ဒီဇင်ဘာလ ၁၂-ရက်နေ့က ပြောကြားသည်။ ဟာဂျီယူဆွတ်သည် သူ၏အစောင့်အရှောက် အချို့ နှင့်အတူ ဘာရမ်ချားမူးယစ်ဆေးဝါးမှောင်ခိုဈေး၌ ကားနှစ်စီးဖြင့် တရားမ၀င် မူးယစ်ဆေးဝါးများ မှောင်ခိုရောင်း နေစဉ် ၄င်းအား နေတိုးတပ်ဖွဲ့ဝင်များကတိုက်ခိုက်ပြီး ဖမ်းဆိးလိုက်ခြင်းဖြစ်သည်။ (အင်တာနက်)
*** မဟာဗျူဟာ လက်နက်လျှော့ချရေး အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်တော့မည်***
(၀ါရှင်တန်၊ ဒီဇင်ဘာလ ၁၄-ရက်)
အိမ်ဖြူတော်နှင့် ကရင်မလင်နန်းတော်တို့သည် ညူကလီးယားလက်နက်လျှော့ချရေး စာချုပ်သစ်ချုပ်ဆိုနိုင်ရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြားသည်။ မဟာ ဗျူဟာလက်နက်လျှော့ချရေး သဘောတူစာချုပ်(စတတ်)သစ် ချုပ်ဆိုနိုင်ရေး လမ်းခင်းပေးနိုင်ရန်အတွက် ကျန်ရှိ နေသေးသည့် ခလုတ်တံသင်းများကို ရှင်းလင်းဖို့ နှစ်ဦးနှစ်ဖက် စေ့စပ်ညှိနှိုင်းရေးမှူးများက ဆောင်ရွက်နေ ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဒီဇင်ဘာလ ၁၀-ရက်နေ့တွင် ပြောကြားသည်။ စတတ်သဘောတူစာချုပ်သစ်ကို အပြီးသတ်ချုပ်ဆိုရန် နှစ်ဦးနှစ်ဖက်စလုံးက ကတိပေးထားကြကြောင်း၊ အချိန်ပြဿနာသာ ကျန်တော့ကြောင်းဖြင့်လည်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြားသည်။ (အင်တာနက်)
*** ၂၀၁၂-ခုနှစ် ကမ္ဘာ့ရာသီဥတုဆိုင်ရာ ထိပ်သီးညီလာခံ တောင်ကိုရီးယားက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ ရန်အဆိုပြု***
၂၀၁၂-ခုနှစ်တွင် ကျင်းပမည့် ကမ္ဘာ့ရာသီဥတုဆိုင်ရာ ထိပ်သီးညီလာခံကို တောင်ကိုရီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် အဆိုပြုလိုက်ကြောင်း တောင်ကိုရီးယားအရာရှိများက ဒီဇင်ဘာလ ၁၄-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** ကမ္ဘာ့ဈေးကွက်၌ ရွှေဈေးနှုန်းများ ကျဆင်း***
ကမ္ဘာ့ဈေးကွက်၌ ရွှေဈေးနှုန်းများကျဆင်းလျက်ရှိရာ တရုတ်ဈေးကွက်တွင် ဒီဇင်ဘာလ ၁၄-ရက်နေ့က ရွှေတစ် အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၁၉-ဒေါ်လာအထိ ကျင်းဆင်းခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** အိန္ဒိယက တာတိုပ်စဒုံးကျည်အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်***
အိန္ဒိယနိုင်ငံ ဘင်္ဂလားပင်လယ်အော်ရှိ သင်္ဘောတစ်စင်းပေါ်မှ ဒီဇင်ဘာလ ၁၄-ရက်နေ့က တာတိုပစ်ဒုံးကျည် တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း အိန္ဒိယစစ်ဘက်အရာရှိများက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်- မောင်ချစ်ကြည်***
*** ဖိလစ်ပိုင်တွင် အကျဉ်းထောင်တိုက်ခိုက်ခံရ အကျဉ်းသား ၃၁-ဦး ထွက်ပြေးလွတ်မြောက်***

No comments:
Post a Comment