(မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးစဉ် သူတစ်ပါးကို အမြဲတမ်းဆုံးမလေ့ရှိပြီး မိမိမကျင့်သော ရဟန်းမိန်းမကို အကြောင်းပြု၍ ဟောတော်မူသည်။)
သာဝတ္ထိပြည်သူတစ်ဦးသည် ရဟန်းပြုသော ကာလမှစ၍ သူတစ်ပါးကို အလွန်သြဇာပေးတတ်၏။ ရဟန်းတရား ကို အားမထုတ်၊ လာဘ်လာဘ ရရာရကြောင်းကိုသာ အားထုတ်၏။အစားအသောက်ကောင်းများလှူဒါန်းသည့်
ရပ်ကွက်များသို့ အခြားရဟန်းများကို မသွားရန် ဆုံးမတားမြစ်ပြီး သူတစ်ယောက်တည်းသာ တိတ်တဆိတ်သွား ရောက် အလှူခံတတ်၏။တစ်နေ့တွင် သူကမသွားနှင့်ဟု တားမြစ်ထားသည့်အရပ်သို့ သူပင် ပျားယီးပျာယာ သွားပြီးအလှူခံစဉ် မျက်စိနောက်သော ဆိတ်ကဝှေ့ခတ်၍ ပေါင်ရိုးကျိုးလေတော့၏။ကျပ်စည်း၍ ကပ်ဖြင့် ယူလာပေးပို့ကြသောအခါ အခြားရဟန်းမမိန်းမတို့က ပြက်ရယ်ပြုကြ၏။ ကဲ့ရဲ့ကြ၏။ဤသည်ကို အကြောင်းပြု၍ မြတ်စွာဘုရားသည် တရားသဘင်၌ အတိတ်ဇာတ်ကို ဟောကြားတော်မူသည်။
အတိတ်ဇာတ်
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းစိုးစံစဉ် ဘုရားလောင်းသည် ငှက်မင်းဖြစ်၍ ဟိမ၀န္တာ၌နေ၏။ စရိုက်ကြမ်း သော ငှက်မတစ်ကောင်သည် လှည်းလမ်းခရီးသို့သွား၍ လှည်းတို့မှကျသော စပါးစေ့၊ ပဲစေ့တို့ကိုရ၏။ ဤနေရာသို့ အခြားငှက်များ မသွားစေလို၍ ဘေးအန္တရာယ်ရှိကြောင်းပြောကြား တားမြစ်လေ့ရှိ၏။ သို့သော် သူသည် တစ်ဦး တည်းပင် ငှက်အုပ်မှခွဲထွက်၍ လမ်းမပေါ်မှာ ကျနေသော ပဲနှင့် စပါးများကို ကောက်ယူစားသောက်နေစဉ်ပင် အရှိန်ပြင်းစွာ မောင်းနှင်လာသော မြင်းရထားတစ်စီးက ၀င်ရောက်ကြိတ်လိုက်ရာ ငှက်မ၏ ကိုယ်သည် နှစ်ပိုင်း ပြတ်၍ ကျန်ခဲ့တော့သည်။ ဘုရားလောင်းသည် အနုသာသိက ငှက်မကို ငှက်အုပ်တွင်မမြင်ရ၍ ငှက်များကို လိုက် လံရှာဖွေစေရာ လမ်းပေါ်တွင် ကိုယ်နှစ်ပိုင်းပြတ်လျက် သေဆုံးနေသော အနုသာသိကငှက်မကို တွေ့ကြတော့သ တည်း။
ဇာတ်ပေါင်းသော်
ငှက်မသည် ပေါင်ကျိုးသော ရဟန်းမ
ငှက်မင်းသည် - ငါဘုရား ဟု ဇာတ်တော်ကိုပေါင်း၏။
***ဦးလှခင်-ဆန်းညွန့်ဦး***
(ဓကနိပါတ် ၁၁၅-အနုသာသိကဇာတ်) ပစ္စုပ္ပန်ဝတ္ထု

No comments:
Post a Comment