ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, December 17, 2009

ယာယီပတ်စပိုလုပ့်ပြီးခါစ အလုပ်သမားတစ်ဦး၏ပြောပြချက်များ

>
(ဒီဇင်ဘာ ၁၇။၂၀၀၉)
ဟုတ်ကဲ့ ကျနော်ရန်ကုန်သား ပါ။ကိုရန်ကုန်ပဲဆိုပါစို့ ။ကျနော်ယာယီပတ်စပို့ လုပ်ပြီးတာ ၂ ရက်ပဲရှိပါသေးတယ်။ လုပ်ငန်းစဉ်တွေကို အလုပ်သမားတွေသိစေချင်လို့ ပါ။ဘန်ကောက်မြို့ ဖက်ကဆင်လမ်းမကြီးမှာရှိတဲ့ ဖူးချား ကုန်တိုက်မှာ သွားပြီးတော့ မြန်မာနိုင်ငံသားဖြစ်ကြောင်း အစိမ်းရောင်ကဒ်ပြားသွားလုပ်ရပါတယ်။ဘတ်ငွေ ၂၅၀ ကုန်ကျပါတယ်။အဲဒီလို လျှောက်လွှာတင်ထားပြီးတော့ ၃လ စောင့်၇ပါတယ်။ လိုအပ်တဲ့စာရွက်စာ တမ်းတွေ

ကတော့အရပ်တိုင်းပြီးကွန်ပျူတာနဲ့ရိုက်ထားတဲ့ ထော်ရော ၃၈/၁စာရွက်နှင့်အလုပ်အကိုင်ရှာဖွေရေးရုံးတွင်
ဘတ်၁၉၀၀ ပေးသွင်းကြောင်းပေးထားတဲ့ ငွေပြေစာနဲ့ အတူ လုပ်ငန်းရှင်သူဌေး၇ဲ့ (ဘိုင်ကိုတ )လို့ ခေါ်တဲ့ မှတ်ပုံ တင်နဲ့ လုပ်ငန်းရှိကြောင်းအထောက်အထားစာရွက်မိတ္တူရလို့ ရှိရင်သူဌေးလိုက်စရာမ လိုဘူး။ ကိုယ့်ဟာ ကိုယ် သွား လုပ်လို့ ရပါတယ်။ရုံးကပြောပါတယ်။အစိုးရအသိအမှတ်ပြုစာရွက်တွေရောက်တဲ့အခါ အကြောင်းကြား ပေးမယ်တဲ့ ။တကယ့်တကယ်တန်းကျတော့အကြောင်းမကြားဘူး။ကျနော်တို့ သွားရောက်စုံစမ်းတဲ့ အခါကျ
တော့ ကျလာပြီိးဆိုတာသိတယ်။သိပြီးဆိုတာနဲ့ ကုန်တိုက်မှာ ဘတ်၃၁၀၀ ပေးရတယ်။ပြီးတော့ကားလက်မှတ် ရက်ချိန်းကိုယူခဲ့ရပါတယ်။လမ်းခရီးစရိတ်လို့ ပြောပါတယ်။ ဖေါင်ဖြည့်တဲ့အခါ မိဘနေ၇ပ်လိပ်စာ အပြည့်အစုံ အပြင် မိမိတို့ မိသားစုဝင်တွေ၊အလုပ်အကိုင်တွေ အဘိုးအဘွားတွေ ကိုစရင်းပေးရပါတယ်။ မှတ်ပုံတင်မရှိရင်လည်းမရှိဘူး၊ရှိရင်လည်းရှိတယ်၊ ပညာအရည်အချင်း၊အားလုံးဖြည့် ပြီးတော့ ကားစီးရမယ့်နံပတ်တစ်ခု ပေးပါ တယ်။ကားကတော့ညနေ၄နာရီကျော်၅နာရ်ီလောက်မှာထွက်လေ့ရှိပါတယ်။တစ်ပတ်ကိုသုံးလေးရက်လောက်
တော့သွားပါတယ်။VIP၂ထပ်ကားနဲ့ ညနေကတည်းကကားစီးလာလိုက်တာ မနက် ၆နာရီကျော်ဆိုရင် မယ်ဆိုင်ကိုရောက်ပါတယ်။ထမင်းမကျွေးပါဘူး။ဘာမှမကျွေးပါဘူး။မယ်ဆိုင် ဘန်ကောက်အဝေးပြေးကားဂိတ်မှာရုံးရှိ ပါတယ်။အဲဒီရုံးမှာထမင်းတစ်ယောက်တစ်ထုတ်စီကျွေးပါတယ်။အဲဒီရုံးမှာဘာဆိုင်းဘုတ်မှရေးထားတာမရှိပေ
မယ့် လူတွေကတော့ မြန်မာ လ၀ကနဲ့ ထိုင်းလ၀က တွေပေါင်းထားတဲ့အဖွဲ့တွေ ပါပဲ။အဲဒီမှာ တုံကင်နံပတ် တွေ ကြည့်ပြီးတော့နာမည်တွေကိုခေါ်ပါတယ်။ပြီးတော့ ဘတ်၁၅၀၀ တောင်း ပါတယ်။ဘာအတွက်လို့တော့မသိပဘူး။ ပိုက်ဆံမပေးရင် ပတ်စပို့ လုပ်မ၇ဘူးလို့ တော့ပြောပါတယ်။်ထိုင်းဘာသာစကားနဲ့ ပြောတာပါ။အဲဒီရုံးရှေ့ မှာ “မြန်မာအလုပ်သမားများကူညီလား၊ကာကွယ်လားစောင့်ရှောက်ရေးအဖွဲ့ ”ဆိုပြီးဟိုင်းလတ်ကားနောက်မှန်မှာ ရေးထားတယ်။အဲဒီနေရာမှာ ကျနော်သတိပြုမိတာတစ်ခုရှိတယ်။ အဒီကားက သူဌေးတစ်ဦးတည်း အလုပ်သ မားတွေထင်တယ်။သူဌေးက သူ့မာစီဒီးကားနဲ့ လိုက်လာတာ အဲဒီလို တစ်ယေယာက်စီ ဘတ်၁၅၀၀ စီတောင်း နေတဲ့အချိန်မှာ သူတို့ အဖွဲ့ကငယ်သား တွေ ကသွားပြောတော့ ပိုက်ဆံတောင်းတဲ့အဖွဲ့ခေါင်း ဆောင်မြန်မာ ကရပ်လိုက်တယ်။ အဲဒီသူဌေးပြန်သွားပြီးမှ သူတို့ ပိုက်ဆံပြန်တောင်းတယ်။ကျနော်ကတော့ ထိုင်းအစိုးရ အယင် သတ်မှတ်ထားသလို ဘတ်၂၀၀၀ ကို ၁၅၀၀ ပဲယူတယ် ငါးရာသက်သာတယ်ထင်နေတာ။ဘယ်ဟုတ်မလဲ ဒီအတိုင်းပေးရတာ။ဘတ်၁၅၀၀ ပေးပြီးတော့မှသူတို့လိုအပ်တာတွေကိုဖြည့်ပေးတယ်။အသက်၁၄နှစ်အရွယ်ရှိတဲ့
မိန်းကလေးကိုလည်း ၁၈နှစ်ဆိုပြီးသူတို့ ဖြည့်ပေးပါတယ်။ထိုင်းဘက်ကလုပ်ပေးလိုက်တာပါ။အသက်၁၄နှစ် ဆိုတော့ မြန်မာ(လ၀က )လုပ်ပေးချင်မှလုပ်ပေးမှာလေ။အဲဒါကြောင့်ဖြည့်ပေး လိုက်တာ။ ပြီးတော့ မွတ်ဆလင်ကုလားတွေ၊ဂေါ်ရခါးကုလားတွေအဘိုးအဘွားနာမည်လည်းမသိဘူး။မှတ်ပုံတင်လည်းမရှိဘူး၊ဒါလည်းရတာပဲ။ အဲဒီပေါင်းထားတဲ့အဖွဲ့ ဆီမှာပိုက်ဆံ၁၅၀၀ ဘတ်ပေးဖောင်ဖြည့်ပြီးတော့ထိုင်း(လ၀က ) ၇ုံးမှာဖောင်ထပ် ဖြည့်ရ ပါတယ်။လက်မှတ်ထိုး၇တယ်။ပြီးတော့လူပြန်စုလိုက်တယ်တယ်၊ပြီးတော့ပြောတယ်။ဒီပတ်စပို့ လုပ်တာဟာ ထိုင်း/မြန်မာချစ်ကြည်ရေးအတွက်လုပ်တာပေါ့။ရွာမှာလည်းငွေမကောက်ဘူး။ဖမ်းလည်းမဖမ်းဘူး။ဗမာဘက်
ကမ်းမှာ ဘတ်၇၀၀ ပေးရတာ စရိတ်စကတွေအတွက်ပေါ့။မယ်ဆိုင်ကနေတာချီလိတ်ကိုကားခ နဲ့ အခြားကိစ္စလို့ ပြောတယ်။ဒါပေမယ့်စောစောက ကျနော်တို့ ပေးရတဲ့ ဘတ်၁၅၀၀ ကိစ္စကို သူတို့ ဘာမှမပြောဘူး။ မြန်မာဘက် မှာဘတ် ဘတ်၇၀၀ ယူတာကိုတော့ ဓါတ်ပုံခ ဘယ်လောက်၊။စာအုပ်ဖို့ ဘယ်လောက်အဲဒါမျိုးပြောပါတယ်။ စာရေးထားတာတော့ မြန်မာကျပ်ငွေသုံးထောင်လို့ ရေးထားပါတယ်။ပြီးတော့ကျနော်တို့ ကိုစုပြီးမှာပါတယ်။ လည်ပင်းမှာကဒ်မဆွဲထားတဲ့ သူတို့ လူမေးတာကိုသာဖြေပြီးတော့ကဒ်မဆွဲထားတဲ့လူလာမေးရင်ဘာမှပြောဖို့ မဖြေဖို့ လာမေးရင် သူတို့ ကိုလာပြောဖို့ ပြောထားပါ တယ်။တိုက်တိုက်ဆိုင်ဆိုင် ကျနော့်ကိုလူတစ်ယောက် လာမေးပါတယ်။လ၀ကရုံးရှေ့ မှာကွမ်းစားရင်းထိုင် နေတဲ့အခါမှာပေါ့၊ ၀တ်စားထားတာစုတ်စုတ်ပြတ်ပြတ်ပါပဲ။ ညီလေးဒီပတ်စပိုလုပ်တာဘယ်လောက်ကုန်လဲတဲ့။လယ်လိုလူမှန်းလည်းမသိ ကြောက်တာပေါ့နှော်။ မကုန်ဘူးပဲပြောလိုက်တာပေါ့။အဲဒီတစ်ခွန်းပဲမေးပြီးပြန်သွားတယ်။ ပတ်စပို့ ရပြီးထိုင်းဘက်ကိုပြန်လာ။ပြီးတော့ ထိုင်းလ၀ကရုံးကိုပြန်ဝင်ရတယ်။တုံးထုရတယ်။ဘတ်ငွေ ၅၀၀ ပေးရတယ်။ဘောက်ချာပေးတယ်။ ကျန်တဲ့ နေရာ တွေမှာတော့ဘာဘောက်ချာမှမရှိဘူး။ကျနော်တို့ လုပ်တဲ့နေ့ က မြန်မာအလုပ်သမား ၁၀၀ လောက်ရှိတယ်။ မနက် ကတည်းကလုပ်လိုက်တာ ညနေ ၆နာရီကျော်မှာအားလုံးပြီးတယ်။အားလုံးပေါင်း ဘတ်၇၀၀၀နီးပါး ကုန်ကျခဲ့ပါတယ်။အရစ်မရှည်ပဲချောချောမောမောရလာလို့ တော့ကျေနပ်မိတယ်လေ။၂နှစ် သက်တမ်း အတွက် လို့ တော့ပြောပါတယ်။နောက်တခုက ဘန်ကောက်ကို ရောက်ရောက်ချင်း တစ်ပတ်အတွင်း ဆေးရုံမှာ သွေးသွား စစ်ရင်ဘတ်၆၀၀ မပေးရဘူး။၇ ရက်လွန်သွားရင်တော့ဘတ်၆၀၀ ပေးရပါမယ်။ဆိုတော့ အလုပ်လုပ်ကိုင်ခွင့် ပါမစ် အတွက် နောက်ထပ် ဘတ်၁၉၀၀ ၊ကျန်းမာရေးစောင့်ရှောက်ခ ဘတ်၁၉၀၀ ကုန်ကျအုံးမှာဖြစ်ပါတယ်။
မြန်မာပြည်ကိုပြန်မယ်ဆိုရင် နယ်စပ်သုံးနေရာက မြန်မာ(လ၀က)၇ုံးမှာ ပတ်စပို့ ကိုသိမ်းချင်လည်း သိမ်းထား မယ်။ ထောက်ခံစာပေးလိုက်မယ်။အဲဒီအတွက် ကျပ်တစ်ထောင်ယူမယ်ပြောတယ်။ တစ်လခွဲအချိန်ပေး တယ် ပြော တယ်။ပြန်လာရင်စာအုပ်ပြန်ယူလာပြီတော့ဘန်ကောက်ပြန်တက်ပေါ့။အခွန်က မြန်မာဘက်ကတော့ မယူဘူးလို့ ပြောတယ်။ထိုင်းဘက်ကကြေညာတဲ့စာရွက်တွေမှာ ၇ % ယူမယ်လို့ ပြောတယ်။အဲဒီမှာ သူဌေးက တ၀က်အလုပ်သမားက တ၀က် လို့ ရေးထားတယ်။ဒီအထဲမှာ အိမ်ဖေါ်တွေ ငါးဖမ်းအလုပ်သမားတွေမပါဘူးလို့ပြောတယ်။

သတင်း.....ကိုကျော်သောင်း(ဘန်ကောက်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)