ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းရှိ မာယွန်းမီးတောင်ပေါက်ကွဲမှု ဒီဇင်ဘာလ ၁၅-ရက်နေ့က ဖြစ်ပွားရာ အနီးပတ်ဝန်းကျင်ရှိ ပြည်သူ ၅၀၀၀၀-ခန့် ဘေးကင်းရာသို့ ထွက်ပြေးကြရကြောင်း အမ်အင်န်အေရိုက်တာ သတင်းတွင် ဖော်ပြသည်။ (အင်တာနက်)
***အစာအိမ်အတွင်း ၀ှက်ယူလာသည့် ကိုကင်းဆေးတောင့်များ တူရကီ၌ သိမ်းဆည်းရမိ***
(အင်ကာရာ၊ ဒီဇင်ဘာလ ၁၅-ရက်)
တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ လေဆိပ်တွင် ၀မ်းဗိုက်အတွင်းဝှက်၍ ယူဆောင်လာသော ကိုကင်းဆေးတောင့်များကို တူရကီရဲတပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့ကြောင်း တူရကီမီဒီယာများက ဒီဇင်ဘာလ ၁၄-ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ လေဆိပ်ရှိ အကောက်ခွန်စစ်ဆေးရေးဂိတ်တွင် အိတ်စ်ရေးဓာတ်ရောင်ခြည်ဖြင့် စစ်ဆေးစဉ် အီကွေဒေါနိုင်ငံသားတစ်ဦး၏ အစာအိမ်အတွင်းမှ ကိုကင်းဆေးတောင့်များကို ရှာဖွာတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၄င်းအား ဆေးရုံတွင်နှစ်ရက်ကြာဆေးကုသမှုပေးခဲ့ပြီး စုစုပေါင်း ဂရမ် ၇၀၀-ရှိသည့် ကိုကင်းဆေးတောင့် ၆၆-တောင့်ကို ထုတ်ယူခဲ့ကြောင်း ယင်းသတင်း၌ ပါရှိသည်။ (ဆင်ဟွာ)
*** ဒုံးကျည်အချို့ စမ်းသပ်မည်ဟု အီရန်ကာကွယ်ရေးဝန်ကြီး ထုတ်ဖော်ပြောကြား***
(တီဟီရန်၊ ဒီဇင်ဘာလ ၁၅-ရက်)
အီရန်နိုင်ငံအနေဖြင့် မကြာမီကာလအတွင်း ဒုံးကျည်အချို့ကို စမ်းသပ်တော့မည်ဖြစ်ကြောင်း အီရန်ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် အာမက်ဗာဟီဒီက ဒီဇင်ဘာလ ၁၃-ရက်နေ့၌ ပြောကြားသည်ဟု ဖားစ်သတင်းဌာနက ကြေညာသည်။ ပြီးခဲ့သည့်နှစ်များအတွင်း အီရန်နိုင်ငံအနေဖြင့် ပြည်တွင်းလုပ်ဒုံးကျည်ထုတ်လုပ်မှုမှာ သိသိသာသာတိုးတက်ခဲ့သည်။ အီရန်စီဂျီလ်ဒုံးကျည်များမှာ ကီလိုမီတာ ၂၀၀၀-အကွာအဝေးအထိ ပစ်လွှတ်နိုင်ပြီး ရှာဟတ် ၃-ဒုံးကျည်များမှာ ကီလိုမီတာ ၁၃၀၀-မှ ၂၀၀၀-အကြားသို့ ပစ်လွှတိုင်သည်။ အမေရိကန်နှင့် အနောက်အင်အားကြီးနိုင်ငံများက အီရန်၏ ညူကလီးယားအစီအစဉ်မှ လက်နက်များထုတ်လုပ်မည်ကို စိုးရိမ်နေကြသည်။ သို့သော် အီရန်နိုင်ငံကမူ ငြိမ်းချမ်းရေးအတွက်သာဖြစ်ကြောင်း အခိုင်အမာပြောကြားလျက်ရှိသည်။ (ဆင်ဟွာ)
*** ဆက်သွယ်ရေး ဂြိုဟ်တု ၃-လုံး ရုရှားလွှတ်တင်***
ရုရှားနိုင်ငံက ဘိုင်ကိုနောအာကာသယာဉ် လွှတ်တင်ရေးစခန်းမှ ဆက်သွယ်ရေးဂြိုဟ်တု ၃-လုံးကို သယ်ဆောင်သွားသည့် ပရိုတွန်- အမ်အမည်ရှိ ဒုံးပျံကို ဒီဇင်ဘာလ ၁၅-ရက်နေ့က အောင်မြင်စွာ လွှတ်တင်လိုက်ကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** အိန္ဒိယရေယာဉ် ဆိုမာလီယာနိုင်ငံ ကမ်းလွန်၌ ပြန်ပေးဆွဲခံရ***
ဆိုမာလီယာနိုင်ငံ မြောက်ပိုင်း ကမ်းလွန်တွင် ဒီဇင်ဘာလ ၁၅-ရက်နေ့က အိန္ဒိယနိုင်ငံမှ ရေယာဉ်တစ်စင်းကို ဆိုမာလီဓားပြများက အပိုင်စီးသွားခဲ့ကြောင်း အိန္ဒိယအရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** စင်္ကာပူ၌ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးမည်***
စင်္ကာပူနိုင်ငံ၏ အချို့သောဒေသများတွင် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ ကျင့်သုံးတော့မည်ဖြစ်ကြောင်း စင်္ကာပူကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၅-ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ (အင်တာနက်)
ု*** စုစည်းဘာသာပြန်- မောင်ချစ်ကြည်***
*** ဖိလစ်ပိုင်၌ မီးတောင်ပေါက်ကွဲ လူထောင်ပေါင်းများစွာ ထွက်ပြေးကြရ***

No comments:
Post a Comment