နာမည်ကြီး ဘောလုံးလူဆိုး ဘာတန်၏ မိန်းမက သားငယ်ကိုဆူပူနေသည်။
`ဟင်… ဘယ်လောက်ရှက်စရာကောင်းလိုက်သလဲ။ အတန်းထဲမှာ စကားနားမထောင်ဆုံးက မင်းပဲ။ အရမ်းလည်းဆိုးတယ်လို့ ဆရာမကအမေ့ကို တိုင်တယ်။ သားအနေနဲ့ ကိုယ့်အဖေဆီက နမူနာယူဖို့ကောင်းတယ်´
`ဟင်း… အဖေက ဆိုးလို့ထောင်ကျနေတာမဟုတ်ဘူးလား´
`ဟဲ့… အခုထောင်ထဲမှာ လိမ်လိမ်မာမာနေလို့ လျော့ရက်နဲ့ မကြာခင် လွတ်တော့မှာ´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်ဆိုသည်။
***(ရွှင်ပြုံ:တခဏ- ဘောလုံးဟာသ)***

No comments:
Post a Comment