(မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးစဉ်၊ အကျွမ်းဝင်သူပေးသော အစားအသောက်ကို ပစ္စဝေ က္ခဏာ မဆင်ခြင်ဘဲ သုံးဆောင်မှုကို အကြောင်းပြု၍ ဟောတော်မူသည်။)
***အတိတ်ဇာတ်***ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းစိုးစံစဉ်၊ ဘုရားလောင်းသည် သူဌေးဖြစ်၏။ သူဌေး၏ နွားကျောင်းသား တစ် ယောက်သည် မြက်ရှားသဖြင့် တော၌ နွားခြံလုပ်ပြီး နွားကျောင်း၏။ သူဌေးထံ မကြာခဏ နွားနို့၊ ဒိန်ခဲ၊ ထောပတ်၊ နို့ချဉ်စသည်ဖြင့် ပို့လေ့ရှိ၏။
နွားကျောင်းသား၏ နွားခြံအနီးတွင် ခြင်္သေ့တစ်ကောင် နေ၏။ နွားမတို့ကြောက်၍ နို့ထွက်နည်း၏။ တစ်နေ့တွင် ထောပတ်နည်း၍ သူဌေးကမေးရာမှ ခြင်္သေ့ကိုကြောက်၍ နွားမများ နို့ထွက်နည်းသည့်အကြောင်းပြောသဖြင့် သူ ဌေးက `ထိုခြင်္သေ့သည် သတ္တ၀ါတစ်ကောင်ကောင်၌ စွဲလမ်းတပ်မက်ခြင်းရှိသလား´ဟုမေး၏။ `ပြောင်မ တစ်ကောင်နှင့်အတူ ပေါင်းဖက်ခြင်းရှိပါသည်´ဟု ဆို၏။ သဌေးက `ထိုပြောင်မကိုဖမ်း၊ နဖူးမှစ၍ တစ်ကိုယ် လုံးရှိ အမွှေးတို့ကို အဆိပ်ဖြင့် အဖန်တလဲလဲ လိမ်းကျံ၍ ခြောက်အောင်ထားကာ

နှစ်ရက်၊ သုံးရက်ကြာမှ လွှတ်လော´ဟု ဆို၏။ နွားကျောင်းသားသည် ပြောင်မကို ဖမ်း၍ ဘုရားလောင်းမှာသည့်အတိုင်းလုပ်၏။
ခြသေ့င်္သည် ပြောင်မကိုမြင်လျှင် နှစ်ရက်၊ သုံးရက်မမြင်ရခြင်းကြောင့် ချစ်ခြင်းစိတ်ဖြင့် ပြောင်မ၏ ကိုယ်ကို လျက်နေ၏။ အဆိပ်မိ၍ သေဆုံးလေ၏။ နွားကျောင်းသားသည် ခြင်္သေ့၏ အရေတို့ကိုယူ၍ ဘုရားလောင်းထံသွား၏။ ထိုအခါ ဘုရားလောင်းက သူတစ်ပါးအပေါ်၌ စွဲလမ်းချစ်ခင်ခြင်း မပြုအပ်၊ သားတကာတို့၏ မင်းဖြစ်သော ခြသေ့င်္ပင်လျှင် အဆိပ်မိ၍ သေရသည်။ ဤသို့ ဘုရားလောင်းသည် တရားဟော၏။
ဇာတ်ပေါင်းသော်
ဗာရာဏသီသူဌေးသည်… ငါဘုရားဟု ဇာတ်တော်ကို ပေါင်း၏။
*** ဦးလှခင်- ဆန်းညွန့်ဦး***
***(ဧကနိပါတ် ၉၃- ၀ိသဘောဇနဇာတ်) ပစ္စုပ္ပန်ဝတ္ထု***

No comments:
Post a Comment