ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, December 20, 2009

ဒီဇင်ဘာလအတွင်း နိုင်ငံတကာထူးခြားသတင်းများ…

> *** ကမ္ဘာ့အရှည်ဆုံး ပင်လယ်ဖြတ်ကျော်တံတား တရုတ်နိုင်ငံ၌ စတင်တည်ဆောက်လျက်ရှိ***
(ပေကျင်း၊ ဒီဇင်ဘာလ ၁၈-ရက်)
တရုတ်နိုင်ငံတောင်ပိုင်းရှိ စီးပွားရေးအချက်အချာကျသည့် ကွမ်တုံပြည်နယ် ဟောင်ကောင်နှင့် မကာအို အထူး အုပ်ချုပ်ရေးဒေသများသို့ ပေါင်းကူးဆက်သွယ်မည့် ကမ္ဘာ့အရှည်ဆုံး ပင်လယ်ဖြတ်ကျော်တံတား စတင်တည် ဆောက်သည့် အခမ်းအနားကို ဒီဇင်ဘာလ ၁၅-ရက်နေ့က ကျင်းပရာ တရုတ်ဒုတိယ၀န်ကြီးချုပ် လီကီကျန်း တက်ရောက်သည်။ ယခုတည်ဆောက်သည့်တံတားမှာ တရုတ်နိုင်ငံသမိုင်းတွင် သမိုင်းမှတ်တိုင်အဖြစ် တည်ရှိ နေမည်ဖြစ်ကြောင်း၊ ထို့ပြင် ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း လီက ပြောကြားသည်။ တံတားအရှည်မှာ ကီလိုမီတာ ၅၀-နီးပါးရှိမည်ဖြစ်ပြီး ခြောက်လမ်းသွား

အဝေးပြေးလမ်းအဖြစ် တည်ဆောက်မည်ဖြစ်ကြောင်း၊ ထို့ပြင် ရစ်ခ်ျတာစကေး ၈-အဆင့်ရှိသည့် ငလျင်ဒဏ်ကိုလည်း ခံနိုင်ရည်ရှိစေရန် တည်ဆောက်မည်ဖြစ်ကြောင်း တံတားတည်ဆောက်မှုစီမံကိန်းတာဝန်ခံ ဇူရောင်လင်းက ပြောကြားသည်။ (ဆင်ဟွာ)

*** လွတ်လပ်သော ကုန်ကူးသန်းရောင်းဝယ်ရေး တောင်ကိုရီးယားနှင့် ဂျပန် ဆွေးနွေးမည်***
(ဆိုးလ်၊ ဒီဇင်ဘာလ ၁၈-ရက်)
တောင်ကိုရီးယားနှင့် ဂျပန် နှစ်နိုင်ငံ စတုတ္ထအကြိမ်မြောက် လွတ်လပ်သော ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုကို လာမည့်ရက်သတ္တပတ်တွင် ဆိုးလ်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း တောင်ကိုရီးယား ကုန်သွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၆-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်မည့် တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန နည်းပညာနှင့် စီးပွားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် သမ၀ါယမ၀န်ကြီးဌာနတို့ အပါအ၀င် ၀န်ကြီးဌာနများမှ ကိုယ်စားလှယ် ၂၀-ပါဝင်မည်ဖြစ်သည်။ ယခုအခါ တောင်ကိုရီးယားနိုင်ငံသည် ချီလီ၊ စင်္ကာပူ၊ ဥရောပ နိုင်ငံများနှင့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီမှုများရရှိထားပြီး အရှေ့တောင်အာရှနိုင်ငံများနှင့်လည်း သဘောတူစာချုပ်ချုပ်ဆိုထားကြောင်း သိရသည်။ (ဆင်ဟွာ)
*** နိုင်ငံတကာ သဘောတူစာချုပ်များ ပီရူးကွန်ဂရက် အတည်ပြု***
(လီမာ၊ ဒီဇင်ဘာလ ၁၈-ရက်)
နိုင်ငံတကာ သဘောတူစာချုပ် ၁၀-ခုကို ပီရူးကွန်ဂရက် နိုင်ငံခြားရေးကော်မရှင်က ဒီဇင်ဘာလ ၁၄-ရက်၌ အတည်ပြုလိုက်ကြောင်း အင်တာနက်သတင်းတွင် ဖော်ပြသည်။ အဆိုပါ သဘောတူစာချုပ်များအနက် အများစုသည် ဘရာဇီးအစိုးရနှင့် ချုပ်ဆိုသော စာချုပ်များဖြစ်သည်ဟု ဆိုသည်။ ပီရူးအစိုးရနှင့် ဘရာဇီးအစိုးရတို့အနေဖြင့် ဆင်းရဲမွဲတေမှုဆန့်ကျင်တိုက်ဖျက်ရေးဆိုရာ သတင်းအချက်အလက် အပြန်အလှန်ဖလှယ်ရေးနှင့် စပ်လျဉ်းသည့် သဘောတူစာချုပ်ခြောက်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (အင်တာနက်)
*** စကြာဝဠာ၏ အအေးဆုံးနေရာ လမ္ဘာ၌ တွေ့ရှိ***
နေစကြ၀ဠာတွင် အအေးဆုံးနေရာသတ်မှတ်နိုင်ရေးအတွက် ဆောင်ရွက်ရာ၌ ကမ္ဘာကိုလှည့်ပတ်နေသည့် လကမ္ဘာပေါ်တွင် ရေခဲမှတ်အောက် ၂၄၉-ဒီဂရီစင်တီဂရိတ်ရှိသည့် နေရာကို အာကာသယာဉ်မှနေ၍ တွေ့ရှိရကြောင်း သိရသည်။ (အင်တာနက်)
*** အမေရိကန်၌ အလုပ်အကိုင်ဖန်တီးရေး ဒေါ်လာ ၁၅၄-ဘီလီယံ သတ်မှတ်***
အမေရိကန်အောက်လွှတ်တော်အမတ်များသည် အမေရိကန်၌ အလုပ်လက်မဲ့များအား အလုပ်အကိုင်ဖန်တီးပေးရန်နှင့် ၁၉၃၀-ပြည့်လွန်နှစ်များနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှုဒဏ်ခံရမှုလျော့နည်း သက်သာစေရန်ရည်ရွယ်၍ အသုံးစရိတ် အမေရိကန်ဒေါ်လာ ၁၅၄-ဘီလီယံသတ်မှတ်သည့် အစီအစဉ်တစ်ရပ်ကို လက်ခံအတည်ပြုပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ (အင်တာနက်)
***စုစည်းဘာသာပြန်-မောင်မောင်ဆွေ***

*** ကမ္ဘာ့အရှည်ဆုံး ပင်လယ်ဖြတ်ကျော်တံတား တရုတ်နိုင်ငံ၌ စတင်တည်ဆောက်လျက်ရှိ***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)