ဟုတ်ကဲ့ပါ ခင်ဗျာ....။
ထိုင်း - မြန်မာနယ်စပ် ၊ မဲဆောက်မြို့ မှာ ဒီကနေ့ နံနက်(၈း၅၀)နာရီကစပြီး မြန်မာရွှေ့ ပြောင်းအလုပ်သမားအလွှာ
ပေါင်းစုံကအလုပ်သမား(၃၀၀)ခန့် ဟာ မိမိတို့ ရဲ့ အလုပ်သမားအခွင့်အရေးတွေကိုလက်ကိုင်ဆိုင်းဘုတ်တွေမှာရေး
ပြီးလမ်းလျှောက်ချီတက်ပွဲကိုစည်းကမ်းကျနစွာဆင်နွှဲခဲ့ကြပါတယ်။အဲဒီနောက်မဲဆောက်မြို့ ရုဂျိရာဟိုတယ်ကိုအ
ရောက်ချီတက်သွားခဲ့ပြီး ထိုင်းအာဏာပိုင်အဖွဲ့ အစည်းတခုဖြစ်တဲ့ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန၊ထိုင်းအလုပ်
သမားကာကွယ်ရေးရုံး(ဆာဝါဒီကန်)နဲ့ အတူတာ့(ခ်)ခရိုင်စက်မှုလုပ်ငန်းရှင်ကြီးနဲ့ ကုန်သည်ကြီးများအသင်း
(FTI) ၊ ထိုင်းရှေ့ နေများကောင်စီ ဥပဒေအထောက်အကူပြုဌာန (LLC)စတာတွေက တာဝန်ရှိသူတွေက ဂုဏ်ပြု
စကားပြောကြားခြင်း၊အဲဒီထိုင်းအဖွဲ့ အစည်းတွေကိုမြန်မာရွှေ့ ပြောင်းအလုပ်သမားများရဲ့ ကိုယ်စားလက်ဆောင်
ပန်းချီကားချပ်များပေးအပ်ခြင်းအပြင်ထိုင်းအစိုးရထံမြန်မာရွှေ့ ပြောင်းအလုပ်သမားများရဲ့ ကိုယ်စားအလုပ်သမား
အခွင့်အရေးတောင်းဆိုစာတစောင်ကိုလည်းဆာဝါဒီကန်ရုံးတာဝန်ခံအရာရှိထံပေးအပ်ခြင်းတို့ ကိုအဆင့်ဆင့်
ဆောင်ရွက်သွားကြပါတယ်။ အဲဒီနောက် ဥာဏ်စမ်းပဟေဠိမေးခွန်းအမေးအဖြေ၊ရွှေ့ ပြောင်းအလုပ်သမားမိသား
စုဝင်ရင်သွေးများရဲ့ အကအလှသဘာဝစတာတွေကိုပျော်ပျော်ရွှင်ရွှင်တင်ဆက်သွားကြတာတွေရပါတယ်။မွန်းလွဲ
၁၂း ၃၀ နာရီမှာ နိုင်ငံတကာရွှေ့ ပြောင်းအလုပ်သမားနေ့ အခမ်းအနားကိုအောင်မြင်စွာပြီးဆုံးသွားပါတယ်။
(သတင်း-မြန်မာပြည်သား)

No comments:
Post a Comment