မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးစဉ်၊ ဥပုသ်သည် တစ်ဦးသည် မိန်းမ၏ ဖောက်ပြန်မှုကိုသိ၍ ဒေါသထွက်နေသဖြင့် ကျောင်းသို့ခုနှစ်ရက်၊ ရှစ်ရက် မလာရောက်သည်ကို မေးတော်မူရာမှ မိန်းမတို့အတွက် အနှောင့်အယှက်(အနဘိရတိ)မဖြစ်စေရန် ဟောကြားတော်မူသည်။
***အတိတ်ဇာတ်**
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းစိုးစံစဉ်- ဘုရားလောင်းသည် မယားအပြစ်ကိုမြင်၍ စိတ်အနှောင့်အယှက်ဖြစ်ပြီး ဆရာကြီးထံ မရောက်လာခြင်းကို အကြောင်းပြု၍ ဆရာကြီးထံ ဆုံးမသော ဂါထာကား…
မြစ်ဆိပ်သည် သူခပ်သိမ်းတို့အား ဆက်ဆံသကဲ့သို့ ခရီးလမ်းသည် သူခပ်သိမ်းတို့အား ဆက်ဆံသကဲ့သို့ သေဆင်းကုပ်သည် သူခပ်သိမ်းတို့အား ဆက်ဆံသကဲ့သို့ ဇရပ်သည် သူခပ်သိမ်းတို့အား ဆက်ဆံသကဲ့သို့ ရေအိုးစင်သည် သူခပ်သိမ်းတို့အား
ဆက်ဆံသကဲ့သို့ ထို့အတူပင် လောက၌ မိန်းမတို့မည်သည် အလုံးစုံသော သူတို့နှင့် ဆက်ဆံကုန်၏။ ထိုမိန်းမတို့အား ပညာရှင်တို့သည် အမျက်ထွက်ကြကုန်၏။ လမ်းအဆုံ သစ်ရိပ်၊ ရေဆိပ်အလား၊ တံတားသဖွယ်၊ ဈေးလယ်မဏ္ဍပ်၊ ဇရပ်မဆောက်၊ သေသောက်အိမ်လူ၊ ယောင်္ကျားဟူလျှင်၊ အနူမရွေး၊ (မဃဒေ၀ ၃၀၅)
ဆရာကြီး၏ စကားကိုကြား၍ တပည့်သည် မိန်းမ၏ အပြုအမူပေါ်တွင် စိတ်အနှောင့်အယှက် မဖြစ်တော့ဘဲ လျစ်လျူရှုနိုင်လေ၏။ ထိုအခါ မိန်းမသည် ဆရာသိလေပြီဟု ရိပ်မိ၍ မကောင်းမှုကို မပြုတော့ပေ။
**ဇာတ်ပေါင်းသော်**
ထိုအခါ လင်မယားသည်- ယခု လင်မယား၊
ဒိသာပါမောက္ခသည်- ငါဘုရားဖြစ်လာ၏ဟု ဇာတ်တော်ကို ပေါင်း၏။
*** ဦးလှခင်- ဆန်းညွန့်ဦး***
***(ဧကနိပါတ် ၆၅၊ အနဘိရတိဇာတ်)***

No comments:
Post a Comment