ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, December 23, 2009

ဒီဇင်ဘာလအတွင်းနိုင်ငံတကာထူးခြားသတင်းများ…

> *** ညူလက်နက်လျှော့ချရေးစာချုပ်သစ် ထပ်မံချုပ်ဆိုနိုင်ဖွယ်မရှိသေး***
(မော်စကို၊ ဒီဇင်ဘာလ ၂၁-ရက်)
ရုရှားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ဇန်န၀ါရီလကုန်ပိုင်းတွင် နောက်ထပ် ညူကလီးယားလက်နက်လျှော့ချရေးဆိုင်ရာ သဘောတူစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ဖွယ်မရှိသေးကြောင်း ဒီဇင်ဘာလ ၁၉-ရက်နေ့ထုတ် ကွန်မာဆန့်အမည်ရှိ ရုရှား သတင်းစာ၌ ဖော်ပြပါရှိသည်။ ရုရှားသမ္မတ ဒီမီထရီမက်ဗီဒက်ဗ်နှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့သည် ဒီဇင်ဘာလ ၅-ရက်နေ့တွင် သက်တမ်းကုန်ဆုံးခဲ့သည့် မဟာဗျူဟာလက်နက် လျှော့ချရေးသဘောတူ စာချုပ် (စတတ်-၁)ကို အစားထိုးရန် ကြိုးပမ်းသည့်အနေဖြင့် ကိုပင်ဟေဂင်မြို့၌ ဒီဇင်ဘာလ ၁၈-ရက် တွေ့ဆုံဆွေးနွေးကြသည်။ သမ္မတနှစ်ဦးတို့သည် ညူကလီးယားလက်နက်ဖျက်သိမ်းရေး ဆွေးနွေးပွဲတိုးတက်မှုကို မြင့်မြင့်မားမား တန်ဖိုးထားကြသည်။ သို့ရာတွင် လာမည့်နှစ်

ဇန်န၀ါရီလကုန်အထိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုနိုင်ဖွယ်မရှိသေးကြောင်း ကွန်မာဆန့်သတင်းစာက ဒီဇင်ဘာလ ၁၈-ရက်နေ့ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အမည်မဖော်လိုသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကားဖော်ပြသည်။ (အင်တာနက်)

*** သြစတြီးယားနိုင်ငံတွင် အအေးလွန်ကဲ၊ ၃-ဦးသေဆုံး***
ဥရောပတိုက်၊ သြစတြီးယားနိုင်ငံရှိ စတီယာမတ်နှင့် ဆာလ်ဇ်ဘတ်ပြည်နယ်နှစ်ခုတို့တွင် ဒေသခံနိုင်ငံသား ၃-ဦးတို့သည် အဖျော်ယမာကာစားသောက်ဆိုင်များမှ နေအိမ်သို့အပြန်လမ်း၌ သွေး ခဲ ပြီးသေဆုံးသွားကြောင်း၊ သြစတြီးယားနိုင်ငံတွင် ယခုနှစ်ဆောင်းရာသီအတွင်း ပထမဦးဆုံး အအေးလွန်ပြီး သေဆုံးရခြင်းဖြစ်ကြောင်း သြစတြီးယားသတင်းဌာန (အေပီအေ)က သတင်းထုတ်ပြန်သည်။ (အင်တာနက်)

*** တတိယအကြီးဆုံး ရေနံသိုက်ကြီး တရုတ်ထုတ်ယူနိုင်ဖွယ်***
(စီယန်း၊ ဒီဇင်ဘာလ ၂၁-ရက်)
တရုတ်နိုင်ငံ၏ ယခုနှစ်အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ပမာဏ၏ ၂၄-ရာခိုင်နှုန်းကို တတိယအကြီးဆုံး ရေနံသိုက်ဖြစ်သော ချန်ကင်းရေနံမြေမှထုတ်လုပ်ပေးနိုင်မည်ဟု ယူဆရကြောင်း ချန်ကင်းရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီက ထုတ်ဖော်ပြောကြားသည်။ ချန်ကင်းရေနံသိုက်သည် တရုတ်နိုင်ငံမြောက်ပိုင်း အော်တို့စ်ဘေဆင်ဒေသတွင် တည်ရှိပြီး စတုရန်းကီလိုမီတာ ၃၇၀၀၀၀-ကျယ်ဝန်းကာ အဆိုပါရေနံသိုက်အတွင်း၌ ရေနံတန်ချိန် ၈ ဒသမ ၅ ဘီလီယံနှင့် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၀ ဒသမ ၇ ထရီလီယံအထိ ရှိသည်ဟုဆိုသည်။ ချန်ကင်းရေနံသိုက်သည် တရုတ်နိုင်ငံ၌ တာကင်းနှင့် ရှင်ဂလီရေနံသိုက်ကြီးနှစ်ခုပြီးလျှင် တတိယအကြိးဆုံးရေနံသိုက်ဖြစ်သည်။ (ဆင်ဟွာ)

*** ကျူးဘားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ခန့်မှန်းထားသည်ထက် ကျဆင်းနေ***
(ဟာဗားနား၊ ဒီဇင်ဘာလ ၂၁-ရက်)
ယခုနှစ်အတွင်း ကျူးဘားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ၁ ဒသမ ၄-ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ကျူးဘားအစိုးရ၏ ယခုနှစ်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ခန့်မှန်းခြေမှာ ၆-ရာခိုင်နှုန်းရှိရာ ခန့်မှန်းထားသည်ထက် ကျဆင်းနေသေးသည်ဟု ကျူးဘားစီးပွားရေးနှင့် စီမံခန့်ခွဲရေးဝန်ကြီးဌာန၀န်ကြီး မာရီနိုမူရီလိုက ဒီဇင်ဘာလ ၂၁-ရက်နေ့တွင် ပြောကြားသည်။ ကမ္ဘာ့စီးပွားရေးအကျပ်အတည်း ပြဿနာများနှင့် အမေရိကန်တို့၏ ကုန်သွယ်ရေးပိတ်ပင်မှုကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ သတ်မှတ်ထားသည်ထက် ကျဆင်းနေခြင်းဖြစ်သည်ဟု လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အမျိုးသားညီလာခံတွင် ၄င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုနှစ်အတွင်း ပြည်ပငွေကြေး စီးဝင်လာမှု အလွန်နည်းသွားခဲ့ပြီး ပြည်တွင်းရင်းနှီးမြှုပ်နှံမှုမှာ ၁၉-ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ကမ္ဘာ့စီးပွားရေးကျဆင်းမှုကြောင့် ကျူးဘားနိုင်ငံ၏ ဈေးနှုန်းသက်သာသည့် နီကယ်နှင့် ဆေးရွက်ကြီးကဲ့သို့သော ပို့ကုန်အချို့၏ ၀ယ်လိုအားကိုပင် ထိခိုက်မှုရှိကြောင်း မှုရီလိုက ပြောကြားသည်။ (ဆင်ဟွာ)

*** ဖိလစ်ပိုင်မီးတောင်ရှင် ရက်ပိုင်းအတွင်း ပေါက်ကွဲဖွယ်ရှိ***
ဖိလစ်ပိုင်နိုင်ငံရှိ အင်အားအကြီးဆုံး မီးတောင်ရှင်သည် ရက်ပိုင်းအတွင်း အန္တရာယ်များသည့် ပေါက်ကွဲမှုဖြစ်လာလိမ့်မည်ဟု မျှော်လင့်ရကြောင်း ဖိလစ်ပိုင်အစိုးရပိုင် မီးတောင်နှင့် မြေငလျင်ရေးရာဌာန (ပီဗို့စ်)က ဒီဇင်ဘာလ ၂၀-ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ (အင်တာနက်)

***သဘာဝဘေးအန္တရာယ် ကျရောက်ချိန် ဆက်သွယ်နိုင်မည့် စနစ်တီထွင်***
(၀ါရှင်တန်၊ ဒီဇင်ဘာလ ၂၁-ရက်)
သဘာဝဘေးဆိုက်ရောက်ချိန်ကဲ့သို့ အရေးပေါ်ကာလမျိုးတွင် အင်တာနက်နှင့် တယ်လီဖုန်းတို့ကို စဉ်ဆက်မပြတ် ဆက်လက်အသုံးပြုနိုင်စေရန် အထောက်အကူပေးမည့် စနစ်တစ်မျိုးပေါ်ထွက်လာတော့မည်ဖြစ်ကြောင်း လိုက်ဗ်ဆိုင်းယင့်စ် သိပ္ပံဂျာနယ်တွင် ရေးသားဖော်ပြသည်။ ဥရောပနိုင်ငံများမှ သုတေသီများပါဝင်သော အဖွဲ့တစ်ဖွဲ့သည် သဘာဝဘေးအန္တရာယ်ကြောင့် ဆက်သွယ်ရေးလုပ်ငန်းများပြတ်တောက်သွားချိန်တွင် အင်တာနက်နှင့် တယ်လီဖုန်းတို့ ဆက်လက်အသုံးပြုနိုင်စေမည့် နည်းပညာတစ်ရပ်ကို ရှာဖွေဖော်ထုတ်လျက်ရှိသည်။ ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင်ရှိနေသော မော်တော်ယာဉ်ပေါ်တွင် အင်တာနက်နှင့် တယ်လီဖုန်းကိုဆက်သွယ်နိုင်မည့်ဖြစ်ပြီး ဂျီပီအက်စ်(ကမ္ဘာ့တည်နေရာပြ ဒီဂျစ်တယ်မြေပုံစနစ်)ဖြင့် လုပ်ကိုင်နိုင်မည်ဖြစ်သည်။ အဆိုပါ မော်တော်ယာဉ်ကို ကယ်ဆယ်ရေးလုပ်ငန်းတွင် ရွှေ့ပြောင်းနိုင်သော ဆက်သွယ်ရေးကွန်ရက်တစ်ခုအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။ (အင်တာနက်)

*** စုစည်းဘာသာပြန်-ဧရာမောင်***
မောင်မောင်ဆွေ***

*** ညူလက်နက်လျှော့ချရေးစာချုပ်သစ် ထပ်မံချုပ်ဆိုနိုင်ဖွယ်မရှိသေး***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)