မနက် ၆-နာရီမှ အိမ်သို့ကောလင်း ပြန်လာခဲ့သည်။ ထိုအခါ မန်ယူအသင်းမှ တိုက်စစ်မှူး ရူနီက ဤအချိန် ရောက်မှ ပြန်လာရကောင်းမလားဆိုပြီး မိန်းမဖြစ်သူကောလင်းကို ပူညံ ပူညံလုပ်သည်။ သို့ရာတွင် ကောလင်း က သူမမှာတစ်ညလုံးချဲလ်ဆီးအသင်းမှအက်ရှ်လေကိုး၏ဇနီးဖြစ်သူ ချယ်ရီကိုးလ်ထံ၌ ရှိနေကြောင်း၊ နိုက်က လပ်နှင့် အပျော်အပါးကြောင့် အိမ်ပြန်နောက်ကျခြင်း မဟုတ်ကြောင်းရှင်းသည်။ ထို့ကြောင့် ရူနီက ဒေါသတကြီး ဖြင့် ချယ်ရီကိုးလ်ထံ ဖုန်းဆက်ပြီးမေးမြန်းသည်။
`ဟယ်လို… ချယ်ရီလား၊ ရူနီပါ။ ညတုန်းက ငါ့မိန်းမကောလင်း မင်းဆီလာသေးလား´
`ဟာ… လာတာပေါ့ရှင့်။ တစ်ညလုံး ကျမနဲ့ စကားတွေပြောတယ်။ အခုတောင် အိပ်နေသေးတယ်။ နိုးလာရင်လွှတ်လိုက်မယ်လေ´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
***(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)***

No comments:
Post a Comment